Cherry

မင်းကင်းမှာ မင်္ဂလာပွဲ လေကြောင်းဗုံးကြဲခံရလို့ အရပ်သားတွေအပါအဝင် ၂၀ ကျော်သေဆုံး

“သေတာက ၂၀ ကျော်သေတယ်လို့ သတင်းရထားတယ်၊ ၂၀ တောင် မကလောက်ဘူး၊ ခုထိ လက်နက်ကြီးနဲ့ ပစ်နေလို့ အလောင်းတွေ ကောက်ဖို့ မလွယ်သေးဘူးဖြစ်နေတယ်။ အများစုက ဒဏ်ရာရထားတယ်။ မြို့နယ် ပကဖအဆင့် အမျိုးသမီးခေါင်းဆောင်တဦး မင်္ဂလာဆောင် သတင်းပေါက်တာထက် သတင်းပေး ဒလန်ရှိတာ ပေါ့။”

ကလေးခရိုင် တပ်ရင်း ၃ ရင်းပေါင်းပြီး တပ်ရင်း ၁၆ အဖြစ် ဖွဲ့စည်း

“အားလုံးစည်းလုံးညီညွတ်ပြီး တစုတစည်းတည်း စစ်အာဏာရှင်ကို တွန်းလှန်မှ ဒီတော်လှန်ရေးက အမြန်ပြီးဆုံးလိမ့်မယ်ဆိုတာ တပ်မှူးတွေနဲ့ အရာရှိပိုင်းတွေက နားလည်သဘောပေါက်ကြတဲ့အတွက် ပေါင်းစည်းခဲ့ကြတာဖြစ်တယ်။”

ပျူစောထီး စစ်ကြောင်းက စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတဦးကို ခေါင်းဖြတ်၊ ဗိုက်ဖောက်သတ်သွား

“သူက စိတ်မနှံ့တော့ ရွာထဲမှာကျန်ခဲ့တာ၊ အဲ့ဒါကို ပျူစစ်ကြောင်းက တွေ့ပြီးတော့မှ ခေါင်းဖြတ်သတ်သွားတာ၊ ဗိုက်ပါခွဲထားတာ”

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အထူးလှုပ်ရှားတပ်ရင်း ၅ က ဒုတပ်ရင်းမှူး ကျဆုံး

အပြန်အလှန်ပစ်ခတ်မှုဖြစ်ချိန်မှာ စစ်ကိုင်းတိုင်းအထူးလှုပ်ရှား တပ်ရင်း ၅ - SR 5 ဒုတပ်ရင်းမှူး ကိုဒီမို(ခ) ကိုရန်နိုင်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ၁ ဦးသေကာ ၁ ဦးခြေထောက်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြန်တွေကို ကြိုဆိုတဲ့ပွဲမှာ ပြည်သူတွေက သိန်း ၆၀ ကျော်ထောက်ပံ့(ရုပ်/သံ)

မေလ ၂၈ရက် မ‌နေ့က တိုက်ပွဲမှာ ဒဏ်ရာရလို့ ကုသမှုခံယူနေတဲ့ ရဲဘော်တွေကို သွားရောက် ခေါ်ယူချိန် ကြိုဆိုခံခဲ့ရတာဖြစ်ပြီး တိုက်ပွဲပြီးတာ ရက်ပိုင်းကြာမှ ပြည်သူတွေ ကြိုဆိုတဲ့ပွဲမျိုးဟာ ခုမှ ပထမဆုံး ကြုံရတာဖြစ်တယ်လို့ CDSOM အဖွဲ့တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

NUG ပညာရေးဝန်ကြီးဌာန ဝေဖန်ခံရပြီးနောက် စာမေးပွဲရလဒ်စစ်ဆေးခြင်းဖောင်ကို အခမဲ့ သတ်မှတ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကထုတ်ပေးတဲ့ ၂၀၂၃ အခြေခံပညာပြီး မြောက်ကြောင်း စစ်ဆေးအကဲဖြတ်စာမေးပွဲ အောင်လက်မှတ် မရသူတွေအနေနဲ့ ငွေကျပ် ၃ သောင်းပေးကာ ပြန်လည်စစ်ဆေးဖို့ ဖောင်တင်နိုင်တယ်လို့ ကနဦးထုတ်ပြန်ထားပေမယ့် အခုအခါ အဆိုပါ ငွေကျပ် ၃ သောင်းကို ပေးစရာမလိုတော့ဘဲ ဖောင်တင်နိုင်ပြီလို့ ဆိုပါတယ်။

လက်နက်နဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားတဦးကို ကျပ်သိန်း ၁၀၀ ချီးမြှင့်

“သူ့မှာက ဖုန်းမရှိတော့ သွားခေါ်ချိန် လမ်းလွဲပြီး ကြိုတဲ့သူနဲ့မတွေ့ဘဲ နောက်မှာကျန်ခဲ့တဲ့ ရဲဘော်တွေရဲ့ကားဆီကို ရောက်သွားတယ်။ အဲမှာ သေနတ်ကြီးကို မြှောက်ပြီး အလင်းဝင်ချင်လို့ပါဗျဆိုပြီး အော်ပြောတာ။”

ဆေးကုသခွင့်ခက်ခဲတဲ့ စစ်ကိုင်းတိုင်းက ကျေးရွာ ၇ ရွာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေး

“တချို့ရွာတွေဆို ဆေးပေးခန်းသွားဖို့တောင် နေ့ဝက်လောက် ဆိုင်ကယ်မောင်းမှ ရောက်တဲ့ ရွာတွေရှိပါတယ်၊ ဒီလိုရွာတွေက နာမကျန်းဖြစ်တဲ့သူတွေဆိုရင် မသွားနိုင်ကြတာ များပါတယ်၊ ဒီလိုရွာမျိုးတွေကို အဓိကထားပြီး ကျနော်တို့ သွားဖြစ်ပါတယ်။”

ပခုက္ကူမှာ ကျေးရွာကာကွယ်ရေးစခန်းတခု စီးနင်းခံရပြီး ရဲဘော် ၅ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

“ သူတို့ဆီမှာက မောင်းပြန်မရှိဘူး၊ တတောင့်ထိုးလေးတွေနဲ့ ရွာကာကွယ်ရေးထိုင်တယ်။ ရွာကာကွယ်ရေးအဖွဲ့ဝင် ၆ ယောက်လုံးကို လက်ပြန်ကြိုးတုပ် ဖမ်းထားတယ်။ ဖမ်းပြီးသွားတော့ သူတို့နေတဲ့နေရာမှာပဲ သတ်ပစ်လိုက်တယ်။ တတောင့်ထိုးတွေ လက်နက်ခဲယမ်းတွေ သိမ်းသွားတယ် ”

ရှေ့တန်းရဲဘော်တွေရဲ့ အသက်ကိုကာကွယ်ပေးမယ့် သံကွန်ချာကမ်ပိန်း (ရုပ်/သံ)

တပ်ဖွဲ့မှာ အရင်က အီကွေ့မန့်တွေ အသုံးပြုဖူးပေမယ့် အရည်အသွေးနိမ့်တဲ့အတွက် ကျည်ကာကွယ်နိုင်စွမ်းမရှိခဲ့တာကြောင့် အခုလက်ရှိပြုလုပ်နေတဲ့ သံကွန်ချာကမ်ပိန်းက ရရှိငွေတွေနဲ့ ရဲဘော်တွေအတွက် ကျည်ဒဏ်ကို သေချာကာကွယ်နိုင်တဲ့ ကျည်ကာတွေ တပ်ဆင်ပေးသွားမှာဖြစ်တယ်လို့ MDF တပ်ဖွဲ့ရဲ့ ဘဏ္ဍာရေးတာဝန်ခံ အမျိုးသမီးရဲဘော်က ပြောပါတယ်။

CDSOM စခန်းကို ဝင်စီးနင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပြန်တိုက်ခိုက်ခံရလို့ သေဆုံးမှုများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာရှိတဲ့ CDSOM စခန်းတခုကို စစ်ကောင်စီက မေ ၂၃ရက် မနက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ပြန်လည်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က သေဆုံးမှုများတယ်လို့ သိရပါတယ်။

ရွှေဘိုမှာ လက်နက်ကိုင်အဖွဲ့က ဖမ်းသွားတဲ့ အမျိုးသားတဦး ၂ လကျော်ကြာအထိ အဆက်သွယ်ပြတ်နေ

“တိုင်ထားတာလေးရှိလို့ စစ်ဆေးမေးမြန်းရုံလေးတင်ဆိုပြီး ခေါ်သွားတာ။ အိမ်ထဲဝင်ဝင်ချင်း အဖေ့ကို နောက်ပြန် လက်ထိပ်ခတ်ပြီး မှောက်ခိုင်းထားတယ်။ အမေတို့ကိုလည်း လက်ထိပ်ခတ်လိုက်တယ်။ အိမ်ကို မွှေနှောက်ရှာ သွားတယ်။ သော့တောင်းတာ သော့မရှိတော့ ဗီရိုတွေကို ဓားမနဲ့ ကလန့်ပြီး ဖွင့်ယူသွားတာ။”

CDSOM စခန်း စီးနင်းခံရပြီး နှစ်ဘက်တိုက်ပွဲ ပြင်းထန်၊ စစ်တပ်က လေကြောင်းနဲ့ပါ ပစ်ကူ

“စခန်းကို ဝိုင်းဝင်ပြီး အနီးကပ် ထပစ်ကြတာ။ စစ်ကောင်စီဘက်က အထိများတယ်။ သူတို့ ဒရုန်းဗုံးသီးက ထန်းပင်တရပ်ကျော်လောက်ကနေ သူတို့ပေါ် ပြန်ကျတာလည်းရှိတယ်။ ‌မနေ့က ပွဲကတော့ မြောင်နယ်မှာ တော်တော်ကြီးတယ်။ လေယာဉ်လာပြီး တနာရီကျော်လောက် ပတ်ပစ်သွားတယ်။ လေကြောင်းနဲ့ မြေပြင် ၂ မျိုးပေါင်းပစ်တော့ ရဲဘော်တွေဘက်က ဘယ်လိုမှ ပြန်လှန်မရတော့ ဆုတ်ခွာခဲ့ရတယ်။”

သေနတ်ငှားပြီးတိုက်တဲ့ တိုက်ပွဲမှာ စစ်သား ၂ ဦးသေပြီး သေနတ် ၂ လက်ရ

“မီးသတ်ရုံးနဲ့ မီတာ ၆၀၀ အကွာလောက်မှာ တိုက်ပွဲဖြစ်ပွားတာပါ၊ လက်ဦးမှုကတော့ ကျနော်တို့ရတယ်။ ဒါပေမယ့် အခုသေသွားတဲ့ ၂ ယောက်ကလည်း ပြန်ပစ်တယ်၊ အပြန်အလှန်ပဲဗျ။”

ဖောင်းပြင်က ဒေသခံတွေကို သတ်ဖြတ်သွားတဲ့စစ်ကြောင်းကို PDF ကတိုက်ခိုက်၊ ခဲယမ်းအများအပြားသိမ်းဆည်းရမိ

“ သေတာတွေကတော့ အတိကျတော့ မသိနိုင်ဘူး။ ကျနော်တို့ သူတို့ရဲ့ ပိုးခြင်း ၅ ခြင်းရတယ်။ သူတို့ပစ္စည်းတွေရတာနဲ့ ခန့်မှန်းကြည့်ရင် မသေပါဘူးဆိုရင် ၁၀ ယောက် ကျော်ကတော့ အနည်းဆုံးပဲလို့ ခန့်မှန်းရတာပေါ့”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10