Cherry

ရေဦးမြို့နယ်ပလဖက ဖမ်းထားတဲ့ ကျေးရွာပအဖ ၂ ဦးအပါ ၄ ဦးကို မျှမျှတတ စစ်ဆေးပေးဖို့ ရွာခံတွေတောင်းဆို

“ဦးမင်းရာက သစ်မှောင်ခိုလုပ်တာ၊ သစ်မှောင်ခိုလုပ်တော့ စကစ ဗိုလ်ကြီးတွေ ရဲတွေနဲ့ နဂိုထဲကသိမှာပေါ့၊ အဲ့တာက တကြောင်း၊ နယ်မြေခံတပ်ရင်းတခုက စစ်ကြောင်းလာမယ်ဆိုတုန်းက သူ့ ရွာနားမှာ မိုင်းတွေ သွားကာတာ၊ အဲ့မိုင်းတွေကို ဦးမင်းရာက သူ့လူတယောက်ကို ဖျက်ခိုင်းတာ၊ အဲ့တာတွေတကြောင်းကြောင့် ဒလန်လို့ ယူဆတယ် ထင်တယ်။” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာသားတဦးက ပြောပါတယ်။

ရွှေရင်ပူလို့ မောရတယ် (ဆောင်းပါး)

“မျက်ခွက်တွေ ထုခွဲပြီး သွေးထွက် သံယိုနဲ့ ဒရွတ်၊ ဒရွတ်ဆွဲပြီး ပါသွားတာပဲ။ သမီးကလည်း ငိုပြီး အဖေ အဖေ ပလေ (ပေါ့လေ)၊ ကျမကလည်း ဗိုက်ကြီးနဲ့ပါ ကလေးနဲ့ပါပြောလည်း မရဘူး၊ ယောကျ်ားက ထန်းရည်လေး သောက်ထားတော့ ဘယ်သူဘယ်ဝါမှန်းမသိလို့ ဘယ်သူတွေတုန်း ပြောမိတာပါ။ ကျုပ်ယောကျ်ားက ဒီလိုပြောတတ်တာမို့ပါ တောင်းပန်ပါတယ်နဲ့ ပြောတာပဲ ပြောမရဘူး။ ဆိုင်ကယ်တွေရော အကုန်လဲနေခဲ့တာ။ ကျမတို့ကို နာရီဝက်လောက် ခေါင်းငုံ့နေဆိုပြီး ဆွဲခေါ်သွားတာပဲ။”

ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ နေပြည်တော် PDF ၂ ဦး စစ်တောင်းမြစ်ရေနဲ့အတူမျောပါသွားပြီး ၁ ဦး ပျောက်ဆုံးနေ

“အဆင့်ဆင့် တဦးနဲ့တဦး ကြိုးနဲ့ ဖောင်နဲ့ပေါ့နော်။ ဝါးဖောင်တွေလုပ်ပြီး ကယ်ထုတ်တဲ့အနေထားမှာ ရေစီးကသန်ပြီးတော့ ကယ်ဆယ်ရေးကြိုးတွေကနေ လွတ်ထွက်သွားပြီးတော့မှ ရေစီးနောက်ပါပြီး နစ်မြုပ်သွားတာပေါ့။”

ရွာထဲကို စစ်တပ်က ရုတ်တရက်ပစ်ခတ်ဝင်လာလို့ ပြည်သူ ၂ ဦးသေဆုံးထားပြီး အချို့ပိတ်မိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နဲ့ ၂မိုင်ကျော်ကွာဝေးတဲ့ ထနောင်းဝန်းကျေးရွာထဲကို စစ်ကောင်စီတပ်တွေက ရုတ်တရက် ပစ်ခတ်ဝင်ရောက်လာတာကြောင့် ကျည်ထိမှန်သေဆုံးသူတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွာထဲကို စစ်တပ်က ရုတ်တရက်ပစ်ခတ်ဝင်လာလို့ ပြည်သူ ၂ ဦးသေဆုံးထားပြီး အချို့ပိတ်မိ

“ပြည်သူတွေလည်း (ရွာ)အတွင်းထဲမှာ တော်တော်များများ ကျန်သေးတယ်။ သေတဲ့သူကတော့ ၂ယောက်ရှိသွားပြီ။"

စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်နေလို့ ပဲခူးနဲ့တောင်ငူမှာ ရေကြီးမှုအန္တရာယ်သတိပြုဖို့လိုအပ်နေ

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ နေ့လယ် ၂ နာရီခွဲအချိန် တိုင်းတာချက်အရ စစ်တောင်းမြစ်ရေက တောင်ငူမြို့မှာ စိုးရိမ်ရေအမှတ်အထက် ၁ လက်မခန့်၊ နေ့လယ် ၁၂ နာရီခွဲ တိုင်းတာချက်အရ ညောင်လေးပင် မြို့နယ်၊ မဒေါက်မြို့မှာ စိုးရိမ်ရေအမှတ်အထက် ၂ ပေခွဲခန့်ကျော်လွန်နေပြီး နောက် ၆ နာရီအတွင်း ပဲခူး၊ ရွှေကျင် စတဲ့မြို့နယ်တွေမှာ စိုးရိမ်ရေအမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ရှေ့တန်းရောက် PDF ရဲဘော်တွေရဲ့ မိသားစုတွေကို အခမဲ့ဆေးကုသမယ့်အစီအစဥ် ပြုလုပ်ထား

“ရဲဘော်တွေက အိမ်မှာကျန်ခဲ့တဲ့ ကလေးတွေ နေကောင်းလား၊ အမေတွေ အဖေတွေ နေကောင်းလားဆိုတဲ့ ဒီလိုမေးခွန်းလေးတွေကို ပြန်ကြားပြီး အဲ့ဒါဆိုရင် ဒါလေးလုပ်ပေးသင့်တယ်ဆိုပြီး အိုင်ဒီယာရသွားတာပေါ့။”

တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရွှေဘိုခရိုင် ဗျူဟာ ၅၂ က ရဲဘော် ၁၅ ဦးကျဆုံး

“ရဲဘော်တယောက် ကျသွားလို့ ရက်လည်က မပြီးသေးဘူး နောက်တယောက်က ထပ်ကျသွားပြန်ပြီ။ အဲ့လောက်ထိကို ဖြစ်တယ်ဗျ။ ရင်း ၇ တခုထဲတင် ၆ ယောက် ကျတယ်။”

စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့နယ် ၃ ခုမှာ မြို့သိမ်းတိုက်ပွဲတွေဆက်ဖြစ်နေ

စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လယ်ဘူး၊ အင်းတော်၊ ထီးချိုင့် စတဲ့မြို့နယ်တွေမှာ ဩဂုတ်လကစပြီး မြို့သိမ်းတိုက်ပွဲတွေ တပြိုင်တည်းဖြစ်နေကာ စက်တင်ဘာ ၈ ရက် ဒီကနေ့ထိ တိုက်ပွဲတွေရှိနေပြီး စစ်ကောင်စီစခန်းအများစုကိုသိမ်းထားနိုင်သလို အလင်းဝင်လာသူတွေလည်း ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အင်းတော်မှာ စစ်တပ်ကလူသားဒိုင်းအဖြစ်ပိတ်ဆို့ထားတဲ့ ပြည်သူ ၁၀၀၀ကျော်ထဲက ၂ဦးသေဆုံး

“ဘုန်းကြီးကျောင်းတွေကနေထွက်ပြေးဖို့ကြိုးစားရင် PDFနဲ့မှားယွင်းပစ်ခတ်မိနိုင်တယ်လို့ စစ်တပ်က ခြိမ်းခြောက်ပြောဆိုထားလို့ ပြည်သူတွေအနေနဲ့ မထွက်ခွာရဲကြဘူး။ ထွက်ပြေးရင်း ပြန်ဖမ်းမိသူတွေဆိုလည်း ဘုန်းကြီးကျောင်းတွေကို ပြန်ပို့တယ်” လို့ မြို့အခြေအနေသိရှိတဲ့ ပြည်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

မဒေါင်းလှ ပျူစောထီးရွာတိုက်ပွဲမှာ စစ်ကောင်စီစခန်းအားလုံးနီးပါး ဖျက်ဆီးခံရ

“တော်တော်ကြီးတော့ အောင်မြင်လိုက်တယ်၊ စစ်**တွေ ပြန်အထိုင်ချလို့မရအောင် အကုန်လုံးနီးပါး ဖျက်ဆီးပစ်နိုင်ခဲ့တယ်၊ ခန့်မှန်းခြေ ၄၀ ဝန်းကျင်လောက်တော့ (သေ)ရှိမှာပေါ့၊ တချို့က အလံဖြူထောင်ပြီး ထွက်လာတာရှိတယ်၊ ဖမ်းမိတဲ့သူတွေကိုတော့ ဥပဒေနဲ့အညီ ထိန်းသိမ်းထား တယ်။”

ရေကြောင်းကနေတိုက်ခိုက်ခံရလို့ သေဆုံးတဲ့ စစ်သားတွေကို ကသာမှာသင်္ဂြိုဟ်

“ဘုန်းကြီးကျောင်းက ကား ၂ စီးနဲ့ အလောင်းတွေကို တာလပတ်အုပ်ပြီး သယ်သွားတယ်၊ ဘယ်နှလောင်းလဲတော့မသိဘူး၊ များတယ်လို့ ပြောတယ်၊ အဲ့တာ ရေကြောင်းကနေပါခဲ့တဲ့ စစ်သားတွေ သေတဲ့ဟာပေါ့၊ ကသာသင်္ချိုင်းမှာ သင်္ဂြိုဟ်တယ်။” လို့ ကသာဒေသခံအမျိုးသမီးက ပြောပါတယ်။

ကျောက်ပန်းတောင်းမြို့မရဲစခန်းမှူးအပါ ရဲအရာရှိ ၃ ဦးလိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ၃ ဦးလုံး သေဆုံး (ရုပ်/သံ)

“မှတ်ပုံတင်စစ်တဲ့အချိန် အစစ်မခံဘဲ ကားကိုမောင်းပြေးတာ။ ထိပ်တိုက်တွေ့တဲ့အဖွဲ့က လိုက်ပစ်တော့ မောင်းပြေးတယ်။ ရှေ့တဖွဲ့ကထပ်ပစ်တော့ ကားမှောက်သွားတယ်။ အကုန်အသေပစ်ခတ် ဖမ်း‌ဆီး လိုက်တာပေါ့။ ထွက်ပြေးမရှိဘူး။”

ကျောက်ပန်းတောင်းမြို့မရဲစခန်းမှူးအပါ ရဲအရာရှိ ၃ ဦးလိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ၃ ဦးလုံး သေဆုံး

“မှတ်ပုံတင်စစ်တဲ့အချိန် အစစ်မခံဘဲ ကားကိုမောင်းပြေးတာ။ ထိပ်တိုက်တွေ့တဲ့အဖွဲ့က လိုက်ပစ်တော့ မောင်းပြေးတယ်။ ရှေ့တဖွဲ့ကထပ်ပစ်တော့ ကားမှောက်သွားတယ်။ အကုန်အသေပစ်ခတ် ဖမ်း‌ဆီး လိုက်တာပေါ့။ ထွက်ပြေးမရှိဘူး။”

အမြန်လမ်းက စစ်တပ်ဂိတ်စခန်းသိမ်းတိုက်ပွဲမှာ ၅ ဦးသေဆုံးပြီး ဗိုလ်ကြီးအပါ ၂ ဦးဖမ်းမိ

“စခန်းကို သိမ်းဆည်းရမိလိုက်တယ်။ စကစဘက်က ၅ ဦးသေတယ်။ အရှင်ဖမ်းမိတဲ့ထဲမှာ တပ်မ ၉၉ က ဗိုလ်ကြီး ၁ ယောက်ပါတယ်။ အဲ့စခန်းက ပုံမှန်ဂိတ်စခန်းတွေနဲ့ မတူဘူး။ တပ်မ ၉၉ နဲ့ ရေတပ်က လူတွေကို ပေါင်းပြီးထားတာများတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10