Cherry

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကလေး ၁ ဦးအပါ ပြည်သူ ၃ ဦးသေဆုံး

“သားမိ ၂ ယောက်ထိတယ်။ အမေကတော့ ဆေးကုသမှုခံယူနေတယ်။ သမီးဖြစ်သူ ပွဲချင်းပြီးသေတယ်။ အမျိုးသားတဦးလည်း ပေါင်နဲ့ ဗိုက်ကိုထိတယ်။ ဆက်သွယ်ရေးရုံးကို လက်နက်ကြီးကျလို့ ထိတဲ့တယောက်က ဆေးကုသမှုနောက်ကျလို့ ခြေထောက်ဖြတ်ရမယ့်အနေထားဖြစ်နေတယ်။”

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း နိုင်ငံရေးအမှု ၁၇ ဦးအပါ အချုပ်သား ၂၀ ဦးကိုကယ်ထုတ်နိုင်

“အကျဉ်းသားတွေကို ကယ်ထုတ်ပြီး ဒဏ်ရာရတာရှိလားမေးတော့ တယောက်မှ မရဘူး၊ တိုက်ပွဲစဖြစ်တဲ့ အချိန်ကတည်းက ထမင်းမစားရတော့တာ ၃၊ ၄ ရက် ရှိပြီပြောတယ်၊ အကိုတို့ လာကယ်မယ့်အချိန်ကို စောင့်နေတာကြာပြီဆိုတဲ့ စကားသံတွေ ကြားရတယ်။”လို့ ရှေ့တန်းစစ်‌ဆင်ရေးတပ်မှူးတဦးက ပြောပါတယ်။

ငါန်းမြာကြီးရဲစခန်းကို ကာကွယ်ရေးတပ်တွေသိမ်းပိုက် စခန်းမှူးထွက်ပြေးပြီး သုံ့ပန်း ၇ ဦးဖမ်းမိ (ရုပ်/သံ)

“စခန်းမှူးကတော့ ထွက်ပြေးသွားတယ်။ တချို့က ဆုတ်ပြေးကြတယ်၊ တချို့ကလည်း ခံပစ်တယ်၊ အသေတော့ မရဘူး။ အကုန်လုံး အရှင်မိတယ်။ အရေးနိမ့်မှန်းသိတော့ လက်နက်ချ အလံဖြူထောင်တယ်။ မထွက်ရင် ပစ်သတ်မယ်ဆိုမှ ထွက်လာတဲ့ဟာတွေလည်း ပါတယ်။”

ငါန်းမြာကြီးရဲစခန်းကို ကာကွယ်ရေးတပ်တွေသိမ်းပိုက်၊ တပ်ကြပ်အပါ ၇ ဦးဖမ်းမိပြီး လက်နက် ၉ လက်ရ

“စခန်းမှူးကတော့ ထွက်ပြေးသွားတယ်။ တချို့က ဆုတ်ပြေးကြတယ်၊ တချို့ကလည်း ခံပစ်တယ်၊ အသေတော့ မရဘူး။ အကုန်လုံး အရှင်မိတယ်။ အရေးနိမ့်မှန်းသိတော့ လက်နက်ချ အလံဖြူထောင်တယ်။ မထွက်ရင် ပစ်သတ်မယ်ဆိုမှ ထွက်လာတဲ့ဟာတွေလည်း ပါတယ်။”

ဒီပဲယင်းမြို့ပေါ် စစ်ကောင်စီတပ်တွေ နေရာပြန်ယူ

“မြို့ပေါ်ကိုတော့ (စကစ)လုံးလုံးဝင်သွားပြီပေါ့နော်။ သူတို့ဝင်လာလို့ ဆုတ်ခွာပေးတာမျိုးတော့ မဟုတ်ခဲ့ဘူး။ တော်လှန်ရေးအင်အားစုတွေ နောက်ပြန်အနားယူနေချိန် စစ်ကောင်စီက ဝေဟင်နဲ့ ဆက်တိုက်ဝင်လာတာ။”

ဒီပဲယင်းကို စစ်ကောင်စီက ပြန်ထိန်းချုပ်ဖို့လုပ်နေ

“ကိုယ့်ဌာနေကိုယ် ပြန်ဆုတ်သွားတဲ့အချိန်မှာမှ သူတို့ လူတွေအများကြီးချပြီးတော့ ပြန်စီးလိုက်တဲ့သဘောပေါ့၊။ မြို့လယ်ကောင်ကနေ နေရာအနှံ့ကို ဖြန့်ချပစ်လိုက်တာ။”

နမခအနီး ဒီပဲယင်းမြို့ကို ကာကွယ်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်ရရှိ

“ Confirm ဖြစ်ပါတယ်ဗျ။ လောလောဆယ် ဒီပဲယင်းမြို့ကတော့ အလုံးစုံသိမ်းနိုင်ပြီပေါ့။ ဝေဟင်တော့ တချက်ကြောက်ရတယ်။ စစ်ကောင်စီဘက်က တချို့လည်း ထွက်ပြေးတယ်။ တချို့လည်း လက်နက်ချတယ်။”

ဒီပဲယင်းနဲ့ အင်းတော်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ ဆက်တိုက် တိုက်ခိုက်

“ရေဦးဘက်က စစ်ကြောင်းမှာ ဒုတပ်ကြပ်တဦးကျတယ်လို့ ကြားရတယ်။ ဒီပဲယင်းမှာရှိနေတဲ့ ဗိုလ်တဦး ကျတယ်လို့ ကြားရတယ်။ အခြေအနေတွေက ရုတ်ရုတ်သဲသဲနဲ့ ဝေဟင်ကလည်း ဆက်တိုက်လာနေတာ ဖြစ်တဲ့အတွက် ထိခိုက်ပျက်စီးမှု အခြေအနေ ဘာတခုမှမသိရသေးဘူး။”

ကျောနယ် MOGE ရေနံမှော်က တပ်စခန်း ၂ ခုကိုသိမ်းပိုက်၊ အရာရှိ ၂ ဦးအပါ ၁၂ ဦးသေပြီး သေနတ် ၃၀ လက်ရရှိ

“မနေ့က စခန်း ၂ ခု ရတယ်။ ၁၂ နာရီ ၅ မိနစ်မှာ တခုရတယ်။ ၁ နာရီ ၃၅ မှာ တခုရတယ်။ ထွက်‌ပြေးတဲ့ စကစ တချို့က ကျောမြို့ထဲကိုဝင်သွားတယ်။ (ရဲဘော်)ကျတာကတော့ ကျနော်တို့ ပွိုင့်ဘက်မဟုတ်တော့ တိတိကျကျမသိရဘူး။”

စစ်တပ်ပစ်တဲ့လက်နက်ကြီးကျည်ထိမှန်လို့ ကိုယ်ဝန်သည်တဦး ကိုယ်ဝန်ပျက်ကျ

“အမျိုးသမီးရဲ့ ဆီးခုံအထက်ကို (လက်နက်ကြီး)အစမှန်တာ။ ကိုယ်ဝန်ဆောင်နဲ့ဆိုတော့ ဆေးရုံသွားပြတာပေါ့။ ကလေးက အနေထားလမ်းကြောင်းလွဲပြီးတော့ အဖတ်မတင်ဘူးဖြစ်သွားတာ။ လူကြီးအသက်ကိုပဲ ရအောင်ကယ်လိုက်တော့တာ။”

အင်းတော်နယ်က စစ်ရှောင်တွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး စစ်တပ်ကခြိမ်းခြောက်ပြန်ခေါ်နေ

“ပစ္စည်းတွေသယ်ပြီးတော့ ရှောင်ရင်း (စကစ)ဂိတ်မှာမိတယ်ဆိုရင် ဖမ်းပြီးတော့ မပြေးရဘူးပေါ့။ ဈေးဆိုင်ပြန်ဖွင့်ပြီး ဈေးပြန်ရောင်းခိုင်းတယ်။ ဆိုင်ပိတ်တယ်ဆို ချိပ်ပိတ်မယ်ဆိုပြီး ခြိမ်းခြောက်တာ။ စစ်တပ်ဂိတ်မှာ မိတဲ့ဟာတွေဆို ကြောက်ကြောက်လန့်လန့်နဲ့ ပြန်ဖွင့်ထားရတယ်။”

စလင်းမြို့နယ်မှာ ရိက္ခာသယ်ဖို့လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဒဏ်ရာတွေနဲ့ပြန်ဆုတ် (ရုပ်/သံ)

သြဂုတ် ၁၃ ရက် မနေ့က မနက်အစောပိုင်းမှာ ခလရ ၂၅၃၊ ၂၅၅၊ လင်းဇင်းရဲစခန်းက ရဲတွေနဲ့ ပွင့်ဖြူနယ်က ပျူစောထီးတွေပေါင်းထားတဲ့ အင်အား ၆၀ ဝန်းကျင်ရှိ စစ်ကြောင်းက ရွာကိုဝင်ကာ ၇ နာရီခွဲဝန်းကျင်မှာ အပြန်လှန်ပစ်ခတ်မှုတွေ စတင်ခဲ့ပြီး ၁၁ နာရီကျော်မှာ ပစ်ခတ်မှုတွေ ရပ်နားခဲ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း ၁ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

စလင်းမြို့နယ်မှာ ရိက္ခာသယ်ဖို့လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဒဏ်ရာတွေနဲ့ပြန်ဆုတ်

“ Battle (တိုက်ပွဲ)ဖြစ်ပြီး ကျနော်တို့က သူတို့ကို ဝိုင်းလိုက်တဲ့အနေအထားမှာ ဒဏ်ရာရတဲ့ကောင်တွေနဲ့ အလျင်မြန် ပြေးဆုတ်သွားတာ တွေ့လိုက်ရတယ်။ “

တကောင်းမြို့ကို ၂ ရက်ကြာတိုက်ခိုက်ပြီး ကာကွယ်ရေးတပ်တွေသိမ်းပိုက်

“ပထမရက်ကတော့ ထွေအုပ်ရယ်၊ ရဲစခန်းရယ်၊ ဆေးရုံရယ် အပြီးသတ်ရတာပေါ့နော်၊ အဓိကကြာတာက လေးမျက်နှာပေါ့၊ အဲ့က ကောင်တွေက လုံးဝမှကို လက်နက်မချဘူး၊ သူတို့ပဲကြာတာ။”လို့ သပိတ်ကျင်း ပကဖရဲဘော်တဦးက ပြောပါတယ်။

သပိတ်ကျင်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ တပ်ခွဲမှူးရဲ့အလောင်းကို မိခင်တပ်ရင်းကို ပြန်သယ်ပြီး နာရေးပြုလုပ်

“ကျဆုံးသွားတဲ့ချိန် စခန်းက မသိမ်းနိုင်သေးတော့ နောက်ရက် ထိုးစစ် ဆက်ဆင်ခဲ့ရတယ်။ ၁၁ ရက်နေ့မှာ စခန်းကုန်းကို သိမ်းနိုင်ခဲ့ပြီး ဆရာတေရဲ့ dead body ကိုလည်း ပြန်ကောက်နိုင်ခဲ့တယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10