အသံတိတ်သပိတ်နေ့မှာ မဖွင့်ခဲ့တဲ့ ပခုက္ကူမြို့မဈေးကြီးက ဆိုင်တွေကို ခြိမ်းခြောက်ပြီး ပိတ်ခိုင်း
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြို့မဈေးကြီးထဲက ဆိုင်တွေကို ယမန်နေ့က မဖွင့်ဘဲ ဒီနေ့မှ ပြန်ဖွင့်တယ်ဆိုပြီး ခြိမ်းခြောက်ကာ ဆိုင်အတင်း ပိတ်ခိုင်းတာတွေ ရှိတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂ ရက် ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီအဖွဲ့ဟာ ကားနဲ့အရင်ပတ်ကြည့်ပြီးမှ ဈေးထဲကိုအင်အားအလုံးရင်းနဲ့ ဝင်ကာ မနေ့က ပိတ်တဲ့ဆိုင်တွေကို ခြိမ်းခြောက်ဆဲဆိုနေတာ ဖြစ်တယ်လို့ ဆိုင်ပိတ်လိုက်ရတဲ့ ဈေးသည်တဦးက ပြောပါတယ်။