မြို့သိမ်းတိုက်ပွဲအတွက် ကျည်အစစ်တွေသုံးကာ လေ့ကျင့်ရေးဆင်း
NUG လက်အောက်ခံ ၉၀၁ တပ်ရင်းမှာ မွမ်းမံသင်တန်းပေးတာတွေ၊ စစ်ရေးလေ့ကျင့်တာတွေကို အပြင်းထန်လုပ်နေပြီး ၂၀၂၃ ခုနှစ်ထဲမှာ မြို့သိမ်းတိုက်ပွဲတွေအတွက် အဓိကထား တိုက်ခိုက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
NUG လက်အောက်ခံ ၉၀၁ တပ်ရင်းမှာ မွမ်းမံသင်တန်းပေးတာတွေ၊ စစ်ရေးလေ့ကျင့်တာတွေကို အပြင်းထန်လုပ်နေပြီး ၂၀၂၃ ခုနှစ်ထဲမှာ မြို့သိမ်းတိုက်ပွဲတွေအတွက် အဓိကထား တိုက်ခိုက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ ကျနော်တို့ဘက်က ကင်း ၄ ကင်းလုံးစီးနိုင်ခဲ့တယ်၊ ကင်းတဲတွေကို မီးရှို့ပြီးတော့ သူတို့ဘက်က စစ်ကူချက်ချင်းရောက်လာတယ်၊ ရွာလယ်မှာ အထိုင်ချထားတဲ့စခန်းထိ ဝင်စီးနိုင်ပေမယ့် ရဲဘော်တွေထိထားလို့ နောက်ပြန်ဆုတ်ခဲ့တယ်"
"သူတို့က ဘယ်က ပြည်သူတွေလည်းတော့ အစက မသိဘူး။ အလောင်းတွေ့မှ လိုက်မေးကြည့်တော့ လယ်မှီးရွာကဆိုတာ သိရတာ။ အဲ့တာနဲ့ အဲ့ရွာကို လှမ်းချိတ်မေးတော့ စစ်ကြောင်းနဲ့ ပါသွားတဲ့သူတွေဆိုတာ သိရတာ"
“ဆေးရုံကို ဦးတည်ပြီးပစ်တာ၊ ပင်မဆောင်တို့၊ ဓာတ်ခွဲခန်းတို့ကို စပစ်တယ်။ ခွဲခန်းဝင်နေတဲ့လူနာတွေလည်း ရှိတယ်။ ခွဲခန်းဝင်နေရင်း တန်းလန်းကို လေယာဉ်နဲ့ လာပစ်တဲ့အခါကျတော့ ကသောင်းကနင်းပဲ။ ဆေးရုံထဲက ပစ္စည်းတွေလည်း ကွဲတဲ့ဟာကကွဲ၊ တိုက်လဲတာကလဲနဲ့ တော်တော်ကို မွစာတက်သွားတယ်။ ရစရာမရှိအောင်ကို ပစ်ထားတယ်”
တအိမ်ကို ပျမ်းမျှကုန်ကျစရိတ်က ၂ သိန်း ၃ သောင်းဝန်းကျင်နဲ့ အိမ်ခြေ ၂၅၀ ကို ဆောက်လုပ်ပြီးသွားပြီလို့သိရကာ အခုဆိုရင် စစ်ကောင်စီမီးရှို့လို့ အိမ်ယာမရှိတော့တဲ့ ပြည်သူတွေ လာရောက်နေထိုင်နေကြပြီလို့လည်း သိရကာ လာရောက်တိမ်းရှောင်သူအများစုမှာလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ရှိနေကြပါတယ်။
“သူက ပြန်ရောက်လာချိန်ထဲက စကားတောင်ကောင်းကောင်းပြောနိုင်တော့တဲ့ အခြေနေမျိုးမဟုတ်ဘူး၊ ရိုက်နှက်ထားတဲ့ဒဏ်ရာတွေရှိတယ်၊ ခေါင်းတွေမှာပေါက်ပြဲထားတဲ့ဒဏ်ရာတွေရှိတယ် အဲ့ဒဏ်ရာတွေနဲ့ပဲဆုံးသွားတယ်။”
“ကျနော်တို့လို ပုဂံ ညောင်ဦးမြို့တွေဆိုတာက စစ်ကောင်စီဘက်က အင်အားအတော်လေးသာတယ်။ သေချာလေ့ကျင့်မသင်ဘူးဆိုရင် ရှေ့မှာလည်း ပြဿနာတွေကြုံခဲ့ရတာရှိတယ်။ အဲ့တာကြောင့်လည်း တကယ်တတ်ကျွမ်းတဲ့ ဆရာတွေခေါ်ပြီး ရဲဘော်တွေကို သင်တန်းပေးဖြစ်တာပါ။ ရေရှည်မှာဆိုရင်လည်း အမျိုးသမီးတွေကို တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါနိုင်အောင်လို့ ဘယ်လိုသင်တန်းတွေ ဘာတာဝန်တွေ ပေးမယ်ဆိုတာတော့ အထက်ပိုင်းနဲ့ တိုင်ပင်ပြီး စီစဉ်မှာပါ”
“နိုင်ငံရေးအတွေးအခေါ် ထည့်သွင်းပေးနိုင်ဖို့က စာစဉ်တွေရဲ့ တာဝန်ဖြစ်တယ်။ အင်တာနက်မရတဲ့ဒေသက ပြည်သူတွေဆီကို အင်တာနက်ရတဲ့ဒေသက သတင်းတွေ၊ ဆောင်းပါးတွေ၊ ဖျော်ဖြေစရာတွေ၊ နိုင်ငံရေးအတွေးအခေါ်တွေကို ပေးနိုင်ဖို့၊ အဲ့လိုပဲ အင်တာနက်ဖြတ်တောက်ခံဒေသက လှုပ်ရှားမှုတွေကို အင်တာနက်ပေါ်မှာရှိတဲ့ ပြည်သူတွေဆီ ပြန်ပေးနိုင်မယ့် ပေါင်းကူးတခုအနေနဲ့ ထုတ်ဝေခဲ့တာဖြစ်ပါတယ်"
"ကျတော်တို့ဆီက ယူသွားတဲ့ဟာတွေကို ဝေပေးတဲ့သဘော။ တအိမ်တယောက် လာယူရမယ် မလာရင် အရေးယူမယ်လို့ ခြိမ်းခြောက်တယ်။ ပြည်သူတွေကို ဆန်တွေဆီတွေ လှူပါတယ်ပေါ့။ ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်တယ်။ မြဝတီနဲ့ စစ်တပ်ပိုင်မီဒီယာတွေကတဆင့် ဝါဒဖြန့်ဖို့လုပ်နေတာ။ ဝေတာတောင်မှ လာယူကြပါမဟုတ်ဘူး။ မလာမနေရဆိုတော့ သူတို့ပေးတာကို လာမယူကြမှာ စိုးပုံရတယ်"
“အမြန်လုပ်ပြီးဆုတ်ခွာခဲ့ရတာမို့ အဓိကမြို့ပေါ်တဝိုက်ရယ်၊ သူတို့တပ်စွဲထားတဲ့ အဓိကနေရာတွေကို ကျနော်တို့ကျဲခဲ့တာပါ၊ ဒါနဲ့ဆို ၃ကြိမ်မြောက်ပါ၊ ဝန်ကြီးဌာနကနေ ပြည်သူ့ဘက်ကိုရပ်တည်လိုတဲ့စစ်သားတွေကို စည်းရုံးတဲ့စာတွေဖြန့်တာပါ”
“ကျနော်တို့က သူတို့ကိုသွားအစောင့်မှာ သူတို့လာတာနဲ့တိုးတာ။ အဲ့ဘက်ကကျသွားတော့ ဆရာ ဆရာလို့ ဝိုင်းအော်ကြတယ်၊ ဘာအဆင့်လည်းတော့ မသိရဘူး၊ ခြောက်ယောက် ပုံခနဲ လဲနေတာကိုအတည်ပြုပါတယ်။ အလောင်းတချို့က ခြေပြတ်လက်ပြတ်တွေပါ ဖြစ်နေတာ၊ ဒဏ်ရာရသူတွေကတော့ တုတ်နဲ့ထောက်သူကထောက်၊ တွဲသူကတွဲပြီး ရွာထဲ၀င်လာပါတယ်”
“နဘူးအိုင်ကနေ မှန်လုံကားသေးတစီး စစ်ကူထွက်လာတာ၊ စစ်သားတွေတပ်ကူလာမယ့်လမ်းမှာ ကြိုတင်ပြင်ဆင်ပြီး မိုင်းဆင်ထားတာပါ၊ နဘူးအိုင်နဲ့ပျူရွာ (ဆုံရွာ)က ဆိုင်ကယ်နဲ့ဆို မိနစ်၂၀လောက်ပဲဝေးတာ။ မိုင်းဆွဲခံရတဲ့ကားကတော့ နဘူးအိုင်ကို ကြိုးနဲ့ဆွဲပြီးပြန်သွားရတယ်”
“တောင်ပေါ်က KUG တွေသတ္တိရှိရင် စခန်းလာသိမ်းလှည့်လို့ သေနတ်ဖောက် လမ်းထွက်စိန်ခေါ်တယ်၊ စိန်ခေါ်တာကို လက်ခံပြီးတိုက်တဲ့ပွဲဆိုတော့ သူတို့လည်းပြင်ဆင်တယ်။ ကျနော်တို့လည်း ပြင်ဆင်တယ်။ ၂ ကြိမ်တိတိစီးနိုင်ခဲ့ပါတယ်။ နောက်ဆုံးရဲစခန်းဘက်က counter ၄ယောက်ပဲ ပြန်နိုင်တော့တာ၊ ဝင်သိမ်းခါနီး လေယာဥ်ပစ်ကူရောက်လာလို့ စခန်းမသိမ်းနိုင်ခဲ့ဘူး။ ရဲ**နဲ့စစ်**တွေကို ပြင်ဆင်ချိန်ရအောင် ဝဲပေးတဲ့သဘောမျိူးပါ၊ ပစ်တာတော့မပစ်ဘူး။”
“သူတို့က ၃ စီးအတန်းလိုက်လာတာ၊ အရှိန်ကအရမ်းများတယ်၊ များတဲ့အပေါ်မှာဆွဲလိုက်တော့ ကားရပ်သွားတာမျိုးတော့မရှိပေမယ့်၊ အစနတွေတော့ကျနေခဲ့တယ်၊ မီးခွက်တွေ၊ ဘက်မှန်တွေပေါ့၊ နောက်ဆုံးကားကနေ တရစပ်ပစ်တယ်၊ ကျနော်တို့ကလည်း ပြန်ပစ်လိုက်တော့ သူတို့ဘက်က သေနတ်ပစ်တာ တလမ်းလုံးအနေထားမှာ လုံးဝရပ်သွားတယ်။”
“ရွာထဲမှာထားထားတဲ့လူနာတွေကို ပခုက္ကူဆေးရုံပို့တာ၊ မိုင်းက ၆လုံးစီခွဲတာ၊ ကားအရပ် စစ်**တွေက ကားပေါ်ကအဆင်းမှာ နောက်ထပ် ၆လုံးထပ်ခွဲတာ၊ ထိတွေ့မှုနာရီဝက်ကြာလိုက်တယ်ဗျ၊ ၆ ဦးသေပြီး ၂ဦးကခြေပြတ်တယ်၊ အင်ပင်ရွာက စစ်** ပျူ**တွေတပ်ကူလာလို့ ရဲဘော်အားလုံးဆုတ်ခွာခဲ့တယ်။”