Cherry

ပျူစောထီးရွာတိုက်ခိုက်ခံနေရလို့ စစ်ကူထွက်လာတဲ့ကား မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး

“နဘူးအိုင်ကနေ မှန်လုံကားသေးတစီး စစ်ကူထွက်လာတာ၊ စစ်သားတွေတပ်ကူလာမယ့်လမ်းမှာ ကြိုတင်ပြင်ဆင်ပြီး မိုင်းဆင်ထားတာပါ၊ နဘူးအိုင်နဲ့ပျူရွာ (ဆုံရွာ)က ဆိုင်ကယ်နဲ့ဆို မိနစ်၂၀လောက်ပဲဝေးတာ။ မိုင်းဆွဲခံရတဲ့ကားကတော့ နဘူးအိုင်ကို ကြိုးနဲ့ဆွဲပြီးပြန်သွားရတယ်”

PDF နဲ့ စစ်ကောင်စီရဲတပ်ဖွဲ့စိန်ခေါ်ပစ်ခတ်ပြီး ရဲတွေဘက်ကအထိနာလို့ လေကြောင်းပစ်ကူခေါ်ရ

“တောင်ပေါ်က KUG တွေသတ္တိရှိရင် စခန်းလာသိမ်းလှည့်လို့ သေနတ်ဖောက် လမ်းထွက်စိန်ခေါ်တယ်၊ စိန်ခေါ်တာကို လက်ခံပြီးတိုက်တဲ့ပွဲဆိုတော့ သူတို့လည်းပြင်ဆင်တယ်။ ကျနော်တို့လည်း ပြင်ဆင်တယ်။ ၂ ကြိမ်တိတိစီးနိုင်ခဲ့ပါတယ်။ နောက်ဆုံးရဲစခန်းဘက်က counter ၄ယောက်ပဲ ပြန်နိုင်တော့တာ၊ ဝင်သိမ်းခါနီး လေယာဥ်ပစ်ကူရောက်လာလို့ စခန်းမသိမ်းနိုင်ခဲ့ဘူး။ ရဲ**နဲ့စစ်**တွေကို ပြင်ဆင်ချိန်ရအောင် ဝဲပေးတဲ့သဘောမျိူးပါ၊ ပစ်တာတော့မပစ်ဘူး။”

ချောင်းဦးကို တပ်ကူသွားတဲ့စစ်ကောင်စီယာဉ်တန်းကို အစ္စလာမ်ကွန်မန်ဒိုအဖွဲ့က မိုင်းဆွဲတိုက်ခိုက်

“သူတို့က ၃ စီးအတန်းလိုက်လာတာ၊ အရှိန်ကအရမ်းများတယ်၊ များတဲ့အပေါ်မှာဆွဲလိုက်တော့ ကားရပ်သွားတာမျိုးတော့မရှိပေမယ့်၊ အစနတွေတော့ကျနေခဲ့တယ်၊ မီးခွက်တွေ၊ ဘက်မှန်တွေပေါ့၊ နောက်ဆုံးကားကနေ တရစပ်ပစ်တယ်၊ ကျနော်တို့ကလည်း ပြန်ပစ်လိုက်တော့ သူတို့ဘက်က သေနတ်ပစ်တာ တလမ်းလုံးအနေထားမှာ လုံးဝရပ်သွားတယ်။”

ဒဏ်ရာရစစ်သားတွေကိုတင်လာတဲ့ကား မိုင်းဆွဲခံရပြီး တပ်ကြပ်အပါအဝင် ၆ ဦးသေဆုံး

“ရွာထဲမှာထားထားတဲ့လူနာတွေကို ပခုက္ကူဆေးရုံပို့တာ၊ မိုင်းက ၆လုံးစီခွဲတာ၊ ကားအရပ် စစ်**တွေက ကားပေါ်ကအဆင်းမှာ နောက်ထပ် ၆လုံးထပ်ခွဲတာ၊ ထိတွေ့မှုနာရီဝက်ကြာလိုက်တယ်ဗျ၊ ၆ ဦးသေပြီး ၂ဦးကခြေပြတ်တယ်၊ အင်ပင်ရွာက စစ်** ပျူ**တွေတပ်ကူလာလို့ ရဲဘော်အားလုံးဆုတ်ခွာခဲ့တယ်။”

စစ်‌ကောင်စီအထိုင်စခန်းကို ဝင်စီးတဲ့တိုက်ပွဲမှာ PDF တဦးကျဆုံး

“သူတို့က အထိုင်ဆိုတော့ ကျနော်တို့ဘက်က ပစ်ကွင်းသိပ်မကောင်းဘူးပေါ့။ တေ့ပစ်တွေပစ်ရတာ၊ ကိုယ့်ဘက်ရဲဘော်က တချက်က ခေါင်းကိုထိတာ တအားမကြီးပါဘူး။ ဘယ်ဘက် ညှပ်ရိုးအောက်မှန်တဲ့ဒဏ်ရာကြောင့်ဆုံးတာ။ သူ့ကိုတချက်ထဲထိတာ ဘာမှမဖြစ်ဘူး။ ဗိုက်အောင့်တယ်ပဲ ပြောတယ်။ ၅ မိုင်လောက်ကို ဆိုင်ကယ်နဲ့သွားပြီး ဆေးကုနေရင်းမှဆုံးတာ။ ချက်ကောင်းထိတာပေါ့။ ဒဏ်ရာက သွေးမထွက်တော့ မမြင်ရဘူး။ သေပြီးအင်္ကျီချွတ်ရှာမှ တွေ့တာ"

စစ်ကြောင်းဝင်ပြီးနောက် အမျိုးသမီး၂ ဦးပျောက်ဆုံးကာ အမျိုးသား ၃ ဦးမီးရှို့အသတ်ခံရ

“အမျိုးသမီး၂ ဦးကတော့ အစအနကိုပျောက်နေတာ၊ အဲ့ဘက်က တောနက်လို့ ပြေးရင်းနယ်လွန်သွားတာလားတော့ မသေချာဘူး၊ အမတို့အတွေ့ကြုံအရဆိုရင်တော့ ဖမ်းသွားပြီထင်တယ်၊ ညမလေးတယောက်ဆို အမတို့ရဲဘော်နဲ့အိမ်ထောင်ကျတဲ့ ကျောင်းဆရာမလေး၊ သူတို့က မြန်မာလို ၁၃ ရက်နေ့ မင်္ဂလာဆောင်၊ စခတွေဝင်တာက ၉ ရက်နေ့ဆိုတော့၊ မင်္ဂလာပွဲပျက်တဲ့အပြင် သတိုးသမီးလေးပါ ပျောက်သွားတာပေါ့၊ သူလည်း တအားကိုစိတ်ထိခိုက်နေတယ်။”

စစ်ကောင်စီကကျေးရွာအတွင်း ဒရုန်းနဲ့ဗုံးသီးကျဲချလို့ ၄ နှစ်အရွယ်ကလေးတဦး သေဆုံး

“ကလေးကတော့ နောက်စေ့နဲ့ခေါင်းတွေမှန်တာ၊ အဖွားကလည်း တော်တော်လေးတော့ ကုရမယ့်အနေထားမှာရှိတယ်၊ တချို့ကကျောတွေ၊ ပေါင်တွေ၊ ရင်ဘတ်တွေ နံပိုင်းတွေ အစမှန်ဒဏ်ရာရတယ်၊ အီနာဂါက ခဏခဏလာလာချတယ်၊ နဂါးပေါက်ရွာကိုချတာတောင်မှ ၃ကြိမ်ရှိသွားပြီ။”

စစ်ကောင်စီကိုပိုက်ဆံပေးပြီး လောင်းကစားဒိုင်ဖွင့်ထားသူတဦး ရှင်းလင်းခံရ

“သူက တော်တော်လေးအနံ့ထွက်နေတာ။ စခတွေနဲ့ပေါင်းပြီး မူးယစ်ဆေး၊ လောင်းကစား အကြီးကျယ်လုပ်နေတာ။ ဂျင်ဝိုင်းထောင်ထားတယ်၊ လောင်းကစားတွေက အခုမှမဟုတ်ဘူး ဟိုးအရင်ထဲကဆရာကြီး၊ စခတွေနဲ့ပေါင်းစားပြီး ခုကပိုဆိုးလာတာလေ။ ကောလင်းမှာ စခတွေနဲ့မပတ်သက်ရင် ဖဲတောင်မရိုက်ရဲဘူး”

ဒဏ်ရာရရဲတွေ တင်လာတဲ့ လူနာတင်ကား မိုင်းဆွဲခံရ

“မနေ့ကတော့ ကျနော်တို့က အဖွဲ့စည်းတခုထဲပေမယ့် ၂ နေရာခွဲပြီး အလုပ်လုပ်ခဲ့တာပေါ့။ မိုင်းတွေက အစောထဲက ခင်းထားတဲ့မိုင်းတွေ။ ကားပေါ်က သေဆုံးထိခိုက် နောက်ဆက်တွဲတော့ မကြားရသေးဘူး။ လူနာတင်ကားကတော့ မုံရွာဆေးရုံကြီးကို မောင်းသွားတယ်”

ပခုက္ကူမှာ တပတ်အတွင်း ၂၀ ကျော်ဖမ်းဆီးခံရပြီး ၁၀ ဦးမှာမတရားပုဒ်မတပ်ခံထားရ

“လူငယ် ကျား/မ ၂မျိုးလုံးကို အဓိကထားဖမ်းနေတာဗျ၊ ဆိုင်ကယ်လိုင်စင်ဘာညာမပါလို့ အဖမ်းခံရတာ တပတ်ကို အစီးရေ ၁၀၀ ၀န်းကျင်ရှိတယ်၊ အဖမ်းခံရပြီး ဖုန်းထဲနိုင်ငံရေးပါတဲ့လူကတော့ ရိုက်နှက်စစ်ခံရတယ်၊ ၁၅ရက်နေ့ကလည်း လူငယ်တယောက်ဖုန်းထဲကနေ အမေစုပုံတွေ့တာ အဖမ်းခံရတယ်၊ နိုင်ငံရေးနဲ့ဖမ်းခံထားရတာ အနည်းဆုံး ၁၀ ယောက်လောက်ရှိမယ်"

အင်းတော်မှာ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄၀ ဦးဝန်းကျင်သေဆုံးနိုင်

“ထီးချိုင့်လိုပဲ မီးပတ်ရှို့မယ်ကြားထားလို့ ပြည်သူတွေကိုကြိုရှောင်ခိုင်းထားတယ်။ အတတ်နိုင်ဆုံး ကျနော်တို့ကရွာနားမှာ မဖြစ်ဘူး၊ ရွာထဲမှာမဖြစ်ဘူး၊ သူတို့က တိုက်ပွဲမဖြစ်ဘဲမီးစရှို့တော့ မထူးတော့ဘူးဆိုပြီး ရွာထဲဝင်ပစ်တာ။ တိုက်ပွဲပထမဆုံးစဖြစ်တာ အင်အား၇၀ နဲ့၊ နှစ်ရက်အတွင်း အဲ့ ၇၀ က ၃၀လောက်ပဲကျန်တယ်။ တိုက်ပွဲဖြစ်ပြီး‌တော့ ကျနော်တို့က မှန်ဘီလူးနဲ့ကြည့်နေတာပေါ့။ သူတို့က လယ်ကွင်းထဲကနေ သေတဲ့ဟာတွေကို ဂျုံးဂျုံးဂျရွာထဲကိုထမ်းသယ်နေကြတာ”

နှစ် ၄၀၀ကျော်သက်တမ်းရှိ ရှေးဟောင်းကက်သလစ်ဘုရားကျောင်းဖျက်ဆီးခံရပြီး ရွာလုံးကျွတ်မီးရှို့ခံရ

“အကိုတို့အိမ်ဆို ၂ကြိမ်မြောက်ရှို့ခံရတာပေါ့၊ ဒုတိယအကြိမ်တလုံးပါတယ်၊ ခုတတိယအကြိမ် ထပ်ဆောက်ထားတဲ့အိမ်တလုံးပါသွားတယ်၊ အိမ်တောင်မှအပြီးမဆောက်ရသေးဘူး၊ ကျောင်းကြီးကတော့ မီးလောင်တဲ့ထဲမပါပေမယ့် အပျက်စီးများတယ်၊ ဘုရားရှိခိုးကျောင်းဆောင်ကြီးထဲမှာလည်း သောက်စားပြီး‌တော့ ဖျက်ဆီးသွားတာတွေရှိတယ်၊ မယ်သီလှကျောင်းထဲမှာလည်း ဖျက်ဆီးထားတာတွေရှိတယ်၊ အိမ်ဆိုလည်း လေး၊ငါး၊ဆယ်လုံးလောက်ပဲကျန်တော့တယ်”

ကန့်ဘလူနယ်က ရွာ ၂ ရွာကို စစ်တပ်ကမီးရှို့ပြီး မီးလာငြိမ်းတဲ့ ရွာသားတွေကိုပါ သေနတ်နဲ့ပစ်နေ

“မီးဝိုင်းကူငြှိမ်းဖို့သွားကြရာကနေ ပစ်ခံရတာ။ ရွာထဲဝင်စပဲ ရှိသေးတယ်။ တချို့ဆို မီးငြှိမ်းဖို့ ရေပုံးကို မကိုင်ရသေးဘူး။ ကင်းပုန်းကနေ ပစ်လိုက်တာ။ အဲ့ချိန်မှာ ဝရုန်းသုန်းကားနဲ့ ထွက်ပြေးကြတာ။ တချို့မပြေးနိုင်တဲ့ ပြည်သူတွေကျ ရွာထဲမှာပိတ်မိကျန်ခဲ့တယ်။ သူတို့က တရစပ်ပစ်နေတော့ ကျနော်တို့လည်း ပြေးခဲ့ရတာ”

PDF တဦးဖမ်းဆီးနှိပ်စက်ခံရပြီး ထွက်ပြေးဖို့ကြိုးစားချိန်ပစ်သတ်ခံရ

“သူက တခြားကနေ ရွာကိုပြန်လာတော့ ရွာမှာစခတွေဝင်နေတာကို သတင်းမထောက်မိပဲ ရွာကိုဝင်တဲ့ချိန် မိသွားတာ။ မသင်္ကာတာတွေ့ပြီး ဖမ်းဆီးရိုက်နှက်ရာကနေ လွတ်မြောက်ဖို့ရုန်းကန်ရင်း ပစ်သတ်ခံလိုက်ရတာ။ ပုံမမှတ်မိအောင် မီးရှို့သွားတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10