Cherry

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်မှာ ဖမ်းမိကြောင်းဖော်ပြထားတဲ့ လူငယ် ၈ ဦးမှာ ၄ ဦးအသတ်ခံထားရ

“သူတို့တွေကို ၁၂ ရက်နေ့ထဲက နန္ဒဝန်ရပ်ကွက်ထဲမှာ ဝင်ဖမ်းသွားတာကို သိလိုက်တယ်။ စကစဘက်က သူတို့ကို မုံရွာလိပ်စာတွေနဲ့ တင်ထားပေမယ့် မုံရွာမြို့ပေါ်ကဆိုလည်း ကျတော်တို့ သိရမှာ။ ရဲဘော်လို့လည်း ကြားတယ်။ KTV ဝန်ထမ်းတွေလို့လည်း ကြားတယ်။ ခုက ကျတော်တို့လည်း သူတို့က ဘယ်သူတွေဆိုတာ လိုက်စုံစမ်းနေတုန်းပဲ"

ထိတွေ့တိုက်ပွဲဖြစ်ပြီး ဘီလူးစစ်ကြောင်းက အရာရှိအဆင့်အပါ ၂၀ ဝန်းကျင်သေဆုံးဟုဆို

“နောက်ဆုံးပိတ် သူတို့အထိခိုက်များလို့ ဘယ်လောက်ထိလုပ်ရလဲဆို‌တော့ အမှိုက်တွေမီးရှို့ပြီး မီးခိုးမှိုင်းတွေတိုက်ပြီးတော့ ဆုတ်ပြေးရတဲ့အဆင့်ထိ ဖြစ်သွားတာ၊ စစ်ကြောင်းမှူးကိုယ်တိုင် သေတယ်။ သူ့အောက်က ဗိုလ်အဆင့်ရှိတဲ့သူလည်း သေတယ်လို့ သိရတယ်”

မုံရွာ Local PDF အဖွဲ့ဝင် ၁၄ ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

“သတင်းက မှန်တယ်။ သူတို့မိသွားတဲ့နေရာက နယ်နည်းနည်းကြမ်းတယ်။ တိုက်ပွဲတွေ ခဏခဏဖြစ်နေတဲ့နေရာ။ နှစ်ဖက်တင်းမာမှု တော်တော်ရှိတဲ့နေရာပေါ့။ ရက်ကတော့ အတိကျမသိဘူးဗျ။ ဖြစ်စဉ်ဖြစ်သွားတာတော့ အတည်ပြုလို့ရတယ်။ တယောက်ပြီးတယောက် ပါနေတာလည်း အတည်ပြုလို့ရတယ်။ ဘယ်နေ့ဘယ်ရက်တော့ မပြောတတ်ဘူး။ ဟိုဘက်က ကြိတ်ဖမ်းနေတာ”

ခင်ဦးမှာ စစ်တပ်က လမ်းသွားပြည်သူတွေကို ပစ်ခတ်ပြီး ရွာတရွာကိုပါ မီးရှို့နေ

“မနေ့ကလည်း ကင်းပုန်းတွေဝပ်ပြီး လမ်းသွားလမ်းလာတွေကို စစ်တယ်။ ပါလာတဲ့ ဖုန်းတွေ၊ ပိုက်ဆံတွေ သူတို့ဆီပေးခဲ့ရတယ်။ ဒီနေ့မနက်လည်း လာတဲ့ပြည်သူတွေကို အလာမခံဘဲ ပစ်လွှတ်တယ်။ လက်နက်ငယ်တွေနဲ့ လိုက်ပစ်တယ်။ ရေဦး တိုင်းရင်းဆေးရုံကနေ ပြည်သူတွေ ပြေးတဲ့နေရာတွေဆီ လက်နက်ကြီး ၆ လုံး ဆက်တိုက်ပစ်တယ်”

အင်းတော်မှာ စစ်ကောင်စီတပ်တွေ ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့်သေဆုံးဟုဆို

“လက်နက်သွားယူမယ့်အချိန်မှာ *တွေဘက်က အင်အားအလုံးအရင်းနဲ့တက်လာလို့ ပြန်နောက်ဆုတ်ခဲ့ရတာ။ တိုက်တဲ့ချိန်မှာတော့ ၄၊ ၅ ယောက်က လဲကျသွားတာ မြင်တာပေါ့။ တချို့ဒဏ်ရာရတဲ့ *တွေဆို ငါ့ကိုကယ်ပါဦးဆိုပြီး လှမ်းအော်နေတဲ့အသံတွေ ကြားနေရတယ်"

ဘီလူးစစ်ကြောင်း တပ်စွဲသွားတဲ့ရွာက ဒေသခံ ၂ ဦးအသတ်ခံရ

“နားစွဲဝတ်ထားတဲ့ အမျိုးသမီးတွေကို နားစွဲတွေ ဖြုတ်ခိုင်းတယ်။ စစ်ရှောင်အဖွားတယောက်ဆီက ငွေ ၇၂ သိန်း ယူသွားတယ်။ PDF ၂ ဖွဲ့ရဲ့ ယူနီဖောင်းတွေ လဲဝတ်သွားတယ်။ ရွာသားတဦးက စစ်ကြောင်းစဝင်တဲ့နေ့ကတည်းက အသတ်ခံထားရတာ။ ကျနော်တို့တွေ့တော့ ပုတ်ပွတောင်နေပြီ။ စိတ်မနှံ့တဲ့တယောက်ကိုလည်း သတ်ပြီး PDF ဝတ်စုံ လဲဝတ်ပေးခဲ့တယ်"

စစ်ကိုင်းတိုင်းထဲက ရှင်ပြုနားသ တော်လှန်အလှူတော် (Photo News)

ရိုးရာမပျက် မြန်မာ့ဓလေ့နဲ့အညီ အလှူပွဲတွေ ကျင်းပနေပေမယ့် ဒီအလှူပွဲတွေဟာ ပုံမှန်အခြေအနေမှာတုန်းကလို ပျော်ပွဲရွှင်ပွဲတွေ မဟုတ်ဘူး။ စစ်ကောင်စီရဲ့လက်အောက်မှာ နေသားကျသွားတဲ့ ပျော်ရွှင်ပွဲမဟုတ်ဘူး။ စစ်ကောင်စီကို ဆန့်ကျင်ရင်း ကျင်းပတဲ့ပွဲ ဖြစ်တယ်ဆိုတာကို သိသာမြင်သာစေဖို့ အလှူလှည့်တာမှာ လိုက်ပါသူအားလုံး ဒိုးပတ်ဝိုင်းနဲ့ ကြွေးကြော်သံတွေ အော်ပြီး လှည့်ခဲ့ကြတာပါ”

ဘီလူးစစ်ကြောင်းထိုးလို့ ပြည်သူ ၂၀၀ ကျော် ဖမ်းဆီးခံရပြီး အသတ်ခံရသူတွေလည်းရှိ

“စစ်ရှောင်အများစု ဖမ်းမိသွားတာပေါ့။ ပြည်သူတွေ ရှောင်နေတဲ့နေရာကို ပစ်ပြီးဝင်စီးတော့ ဒဏ်ရာရတဲ့သူတွေ ရပေါ့။ လွတ်လာတဲ့သူတွေရဲ့ ပြောစကားအရတော့ အသတ်ခံထားရတဲ့ အလောင်း ၂ လောင်း တွေ့တယ်လို့‌တော့ သိရတယ်။ သတင်းတွေကတော့ မျိုးစုံထွက်နေတာ။ အသတ်ခံရတာ ဒီထပ်များတယ်လို့လည်း‌ ကြားနေရတယ်။ စစ်ကြောင်းထွက်သွားမှပဲ သေချာသိရမှာ။ မနေ့ကတော့ ရွာထဲက ဆိုင်ကယ်တွေကို ၃ ကြိမ် မီးရှို့တယ်”

သေဆုံးရဲဘော်တွေနဲ့ စစ်ရှောင်တွေကိုငဲ့ပြီး သင်္ကြန်မှာအပျော်မလွန်ကြဖို့ တောင်းဆိုဆန္ဒပြ

အဲဒီဆန္ဒပြပွဲကို ယမန်နေ့ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက တန့်ဆည်ပင်မသပိတ်နဲ့ တန့်ဆည်အမျိုးသမီးသပိတ်တို့ ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီကြောင့် သေဆုံးခဲ့တဲ့ရဲဘော်တွေ၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ စစ်ရှောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စာနာပြီး သင်္ကြန်မှာမပါဝင်ကြဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်

ထန်းရည်သောက်နေတဲ့ ပျူစောထီး ၃ ဦးပစ်ခတ်ရှင်းလင်းခံရပြီး သေနတ် ၃ လက်ရရှိ

“ပျူဂိတ်နဲ့ မလှမ်းမကမ်း ထန်းရည်ဆိုင်မှာ ထိုင်နေတယ်သတင်းရလို့ ဝင်ပစ်ခဲ့တာဗျ။ ပစ္စတိုကိုင်တဲ့တယောက်က တင်းဂတ်ရွာ စကစခန့်အုပ်ကြီး ပျူ မြင့်ကြည်ရဲ့တူလို့ သိရတယ်"

တန့်ဆည်မှာ ရေပေါ်ဆီအနုပညာရှင်များ အလိုမရှိကြောင်း ဆန္ဒပြ

ပြည်သူ့ဘက်က မရပ်တည်တဲ့ အနုပညာရှင်တွေ၊ ရေပေါ်စီ အနုပညာရှင်တွေ၊ ကြားနေ အနုပညာရှင်တွေကို လုံးဝအလိုမရှိကြောင်း ဘန်နာတွေကိုင်စွဲပြီး ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

ရက်ကန်းသံတွေ မကြားရတော့တဲ့အညာ (ရုပ်/သံ)

တရွာလုံးနီးပါးက စစ်ရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊ ထူးကြီးရွာ ပြန်လည်ထူထောင်ဖို့ဆိုတာ ခက်ခဲတဲ့အခြေအနေတွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ တချိန်က နာမည်ကျော်ဆိပ်ခွန်ထည်ထွက်တဲ့ ထူးကြီးရွာဟာ အခုဆိုရင် ရက်ကန်းခတ်သံတွေ မကြားရတော့ဘဲ ဆိတ်သုဉ်းလို့နေခဲ့ပါပြီ။

ကန့်ဘလူမှာ လူမရှိတဲ့အိမ်တွေကိုဖျက်ပြီး စစ်တပ်က အထိုင်ချတပ်စွဲဖို့လုပ်နေ

“ရွာက လူမနေတဲ့အိမ်တွေကိုဖျက်ပြီး အဲ့ရွာမှာ စခန်းချမလို့တဲ့။ သူတို့စခန်းဆောက်ဖို့ ရွာထဲက တအိမ် ၅ သောင်းကောက်တယ်။ မပေးတဲ့အိမ်ဆို ခေါ်ရိုက်တာ။ တပတ်အတွင်းမပေးရင် မိသားစုလိုက်သတ်မယ် ပြောတယ်။ အိမ်ဖျက်တာတောင် သူတို့မဖျက်ဘူး။ ရွာသားတွေကို ခိုင်းတာ။ လစဥ်ငွေကောက်တာ ခံရတော့မယ်ထင်တယ်"

စခန်းစီးနင်းခံရလို့ ရဲဘော်တဦးအပါ ၄ ဦးကျည်ထိမှန်ပြီး တဦးသေဆုံး

“စိုးရိမ်ရတဲ့ ရဲဘော်တဦး ပါတယ်။ ရဲဘော်တယောက်က ကာပစ်ရင်း ရင်ဘတ်ရှပ်မှန်တယ်။ တယောက်က ဦးခေါင်းရှပ်မှန်တယ်။ စုထားတာတွေအကုန်ပါသွားတော့ အခက်အခဲဖြစ်နေတယ်။ ရိက္ခာတွေရောပဲ။ ရိက္ခာက လုံးဝကိုမရှိတော့တာမို့ အရေးပေါ်လိုအပ်နေတယ်"

လေယာဉ်ငယ်ဒရုန်းတွေနဲ့ စစ်ကောင်စီစခန်းတွေကို ဦးတည်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ရဲစခန်းနဲ့ ပုလဲမြို့နယ် ထွေအုပ်ရုံးကို ဂျန်ဘာကျော်နိုင်တဲ့ လေယာဉ်ငယ်ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးတာတွေ ရှိတယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10