Cherry

လေယာဉ်ငယ်ဒရုန်းတွေနဲ့ စစ်ကောင်စီစခန်းတွေကို ဦးတည်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ရဲစခန်းနဲ့ ပုလဲမြို့နယ် ထွေအုပ်ရုံးကို ဂျန်ဘာကျော်နိုင်တဲ့ လေယာဉ်ငယ်ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးတာတွေ ရှိတယ်

တပူပေါ် နှစ်ပူဆင့်နေတဲ့ စစ်ရှောင်အရေး (ရုပ်/သံ)

စစ်ကိုင်းတိုင်းမှာ မီးရှို့ခံရမှုနဲ့ တိုက်ပွဲတွေကြောင့် ပိုတိုးလာနေတဲ့ စစ်ရှောင်ပြည်သူတွေကို ကူညီထောက်ပံ့နေပေးနေတဲ့ အဖွဲ့အစည်းတွေမှာလည်း အခက်အခဲတွေ ရှိလာနေပါပြီ။

စစ်အုပ်စုက ရေကြောင်းမှာပါ ကျောက်ချတပ်စွဲထားလို့ တံငါသည်တွေ ဒုက္ခရောက်နေ

“ကိုယ် ပိုက်ချချင်တဲ့နေရာနဲ့ သူတို့နေရာနဲ့က ကိုက်ညီနေတာဆိုတော့ သူတို့နဲ့ဝေးရာကို သွားလုပ်ရတော့ ငါးကလည်း အဆင်မပြေဘူးလေ။ အခုတော့ ကုန်းပေါ်မှာ ပဲရိတ်တာမျိုး၊ နေ့စားလိုက်လုပ်တာမျိုး၊ တောင်သူနောက်လိုက် လုပ်စားနေရတယ်”

မြန်မာ့လက်မှုပညာ မပျောက်ပျက်ဖို့ လက်ယက်ကန်းစင်တွေ ဆောက်လုပ်လှူတန်း

“အလှူရှင်တွေလည်း တချို့တဝက်ရှိတယ်၊ လိုတဲ့ဟာလည်း ကျနော်တို့ ရန်ပုံငွေကနေ စိုက်ထုတ်လှူတန်းမှာပေါ့နော်၊ သယ်ယူပို့ဆောင်ရေးကြောင့် ၂ စင်ပဲရောက်သေးတာ၊ ကျနော်တို့လည်း ကိုယ်ပိုင်ယာဉ်မရှိသေးလို့ ထော်လာဂျီငှားပြီး မီးလောင်ပြင်ထိသွားပို့ရတာ၊ စင်တွေကရှိနေပြီ"

ပုလဲမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံး ဝေဟင်က တိုက်ခိုက်ခံရလို့ ရုံးနဲ့ ကားတစီးမီးလောင်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို လေယာဉ်ငယ်လေးတွေနဲ့ ဗုံးသီးချကာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်ဆက်‌ရုံးနဲ့ ကားတစီးမီးလောင်ခဲ့ပြီး ထိခိုက်ပျက်စီးတာတွေရှိတယ်

စိတ်ထွက်ပေါက်အတွက် စစ်ကိုင်းက ကျေးရွာတချို့မှာ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ပြသ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီအုပ်ချုပ်ခွင့်မရတဲ့ ကျေးရွာတချို့မှာ ဒါရိုက်တာ ကိုပေါက်ရဲ့ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းကို ပြသခဲ့တယ်

ကနီတမြို့နယ်လုံးမှာ ဆယ်တန်းစာမေးပွဲ ဖြေဆိုသူဦးရေ ၄၀ သာရှိ

“ကနီ အ.ထ.က ကျောင်းမှာ ဖြေနေတယ်။ စစ်အုပ်စုကို ထောက်ခံတဲ့သူနဲ့ ပျူစခန်းက လူတွေပဲ လာဖြေတာ၊ တခြား ဘယ်သူမှမဖြေဘူး။ ခုဖြေတဲ့ပမာဏနဲ့ ကျောင်းသားအရေအတွက် နှိုင်းဆကြည့် ၁၀ ရာခိုင်နှုန်းတောင် မရှိဘူး။ အရင်ကဖြေရင် ထောင်ချီဖြေတာ။ ကနီနယ်တနယ်လုံး အတိုင်းတာနဲ့ဆို ကျောင်းသားတွေရဲ့ CDM၊ ဆရာမတွေရဲ့ CDM ကောင်းနေတယ်လို့ ပြောလို့ရတယ်။ လုံးဝကို အောင်မြင်နေတာ”

ထက်မြတ်အောင် ကျဆုံးမှု ၂ နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

“ထက်မြတ်အောင် ကျဆုံးမှုအတွက်ကို ကျနော်က ဝမ်းနည်းတာထက် ဂုဏ်ယူတာက ပိုပါတယ်။ သေသွားတဲ့လူအတွက် ခဏကလေး ဝမ်းနည်းပြတာဟာ လုံလောက်မှုမရှိဘူးလို့ ထင်ပါတယ်။ သူ့သေဆုံးမှုဟာ တရားမမျှတဘူးလို့ ယုံကြည်ရင် တော်လှန်ပါ။ ဒီနည်းလမ်းပဲ ရှိပါတယ်။ အပြင်ပန်းကနေ ဝမ်းနည်း ကြေကွဲ ပြရတာ ဘာအဓိပ္ပာယ်မှ မရှိပါဘူး”

မြောင်မှာ အမျိုးသားတဦးကို စစ်အုပ်စုက ပစ်သတ်ပြီး ပြန်ထွက်ချိန်မိုင်းဆွဲခံရ

“အင်အားကတော့ ၄၀ လောက်ပါတယ်။ ရွာထဲကို သေနတ်တွေ ပစ်ဖောက်ပြီးဝင်လာတာ။ အဲ့မှာ ပြည်သူတဦးက သူတို့နဲ့ ထိပ်တိုက်တွေ့လိုက်တော့ ပြေးတာပေါ့။ အဲ့မှာ လှမ်းပစ်လိုက်တာ ကျသွားတယ်။ သူတို့ဘက်ကလည်း ထွက်လာတုန်းက ၄၀ (အင်အား)၊ ပြန်ဝင်တော့ ၄၀ လုံး မဝင်နိုင်ဘူး”

မြေလတ်ဒေသအများစုမှာ မိုး၊လေကြီးနိုင်လို့ ဒေသတွင်းစစ်ဘေးရှောင်တွေ စိုးရိမ်နေ

“အခုလည်း မိုးကာတဲလေးတွေနဲ့ပဲ နေနေရတယ်။ မိုးကြီးလေကြီးကျလည်း ဘာမှလုပ်လို့ မရဘူး။ ရွာပြန်ကပ်မယ်ဆိုလည်း ကပ်လို့မဖြစ်ဘူး။ စစ်ကြောင်းလှည့်လာမှာလည်း ကြောက်ရတယ်။ အရင်ရက်ကပဲ အိမ် ၂၈ လုံး ထပ်ရှို့ခံလိုက်ရတယ်။ လေကြမ်းလည်း ဒီတိုင်းပဲ နေရတော့မှာပေါ့။ တောထဲနေရတဲ့သူတွေအတွက်တော့ စိုးရိမ်စရာပဲ။ ဖြစ်လာမှပဲ အခြေအနေကြည့်နေရမှာ”

CDM ကျောင်းဆရာမအပါအဝင် အမျိုးသမီး ၃ ဦး အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံရ

“အဲ့ဒီနေ့က ၂၂ ယောက် အဖမ်းခံရတာ။ အဲ့ထဲကမှ ၅ ယောက်လောက်က လွတ်ခဲ့ပြီ။ ကျန်တာတွေကတော့ လွတ်သံမကြားသေးဘူး။ မနေ့တုန်းက လွတ်သွားတဲ့သူတွေလည်း ရှိတယ်။ ဆရာမတယောက်ဆို မနေ့ကမှ လွတ်တာ။”

နွေစပါးစိုက်ဖို့ လယ်ယာပေါင်ကာ မျိုးစပါးဝယ်နေရပြီး အရင်းမရှိဖြစ်နေ

“ကျတော်တို့ပတ်ဝန်းကျင်မှာကို ၄ ဦးလောက် ရှိတယ်။ ထွန်စက်လည်း မီးထဲပါ၊ အိမ်လည်းပါ။ သူတို့ရှိတာမှ လယ်က ၁ ဧက၊ ၂ ဧကလောက်ပဲ ရှိတာ။ စားရအောင်လည်း ရှာရတယ်။ အိမ်နေဖို့ရာလည်း လုပ်ရတယ်။ ပိုက်ဆံက အတိုးနဲ့ယူရင်လည်း တဖြည်းဖြည်းနဲ့ဆုံးမှာဆိုတော့ ရှိတာလေး ရောင်းချပြီး အိမ်လေးပြင်ဆောက်ပေါ့။ စောစောကတော့ တောင်သူပေမယ့် ခုကျ လက်လုပ်လက်စား ပြန်ဖြစ်သွားတာပေါ့။”

စည်ပင်ခွန်တွေ အဆမတန် တိုးတောင်းနေတဲ့ ကလေးမြို့နယ်စည်ပင်ရုံး ကျည်ဆံနဲ့အတူ သတိပေးစာအပို့ခံရ

“မြို့မဈေးမှာ အသားလိုင်စင်တွေက သိန်းထောင်ချီ ဈေးပေါက်တော့ အသားရောင်းတဲ့ ဈေးသည်တွေဆီကနေ မရရအောင် အခွန်ကောက်တယ်။ စျေးက အသားသည် ကောင်မလေးတွေကို အခွန်မဆောင်လို့ဆိုပြီး စည်ပင်က စစ်တပ်ခေါ်ပြီး လက်နက်အပြည့်အစုံနဲ့ ဝင်ဖမ်းသွားတာ။ ၉ ယောက်လောက် အဖမ်းခံထားရတယ်။ ၃ယောက်ကတော့ မနေ့က အလုပ်ကြမ်းနဲ့ထောင် ၃ နှစ်ချလိုက်ပြီ။ သာမာန်လက်လုပ်လက်စားဈေးသည်တွေ"

ရှေ့တန်းတနေရာမှာ ကျင်းပတဲ့ တမူး တပ်ရင်း ၄ အပတ်စဉ် ၁၅ သင်တန်းဆင်းပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် တပ်ရင်း ၁ ခုဖြစ်တဲ့ တမူးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-‌၄ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ကျင်းပခဲ့တယ်

စစ်ကိုင်းနဲ့မကွေးမှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အမျိုးသမီးသပိတ်စစ်ကြောင်းများ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ

"အဓိက က အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ အမျိုးသမီးတွေကို ကျနော်တို့မြန်မာနိုင်ငံမှာ ရှေးရိုးကြီးစွာနဲ့ ဒီဟာမလုပ်ရဘူး။ ဟိုဟာ မသွားရဘူး ဆိုတာတွေအပြင် ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ တခု ပေါ်ပေါက်တဲ့အချိန်အထိ အမျိုးသမီးတွေရဲ့အခွင့်အရေး၊ အမျိုးသမီးတွေရဲ့ လုပ်ဆောင်ချက်တွေကို အသိမှတ်ပြုဖို့အတွက် အဓိကလုပ်ဆောင်ခြင်း ဖြစ်တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10