Cherry

မီးဘေးရှောင်ရင်း ရေဘေးကြုံနေရတဲ့ ပြည်သူနေအိမ်တွေကို PDFက ကူညီရှင်းလင်းပေး

“သူတို့က မီးရှို့ခံရလို့ ရွာထဲပြန်မဝင်တော့ဘဲ ရှောင်နေရင်းနဲ့ ခုလိုရေဘေးထပ်ကြုံရတာ၊ တချို့က အိမ်ရယ်လို့ကို မသိရတော့ဘူး၊ အိမ်လိုက်ကြီး ရေထဲမျောသွားတာတွေရှိတယ်။ ရေအခြေနေပေါ်မူတည်ပြီး ထပ်ကူညီရမှာ။ ချောင်းနားနီးတော့ တချို့အိမ်တွေဆို ခုထိရေထဲမှာ မြုပ်နေတုန်းပဲ”

ဓာတ်အားလိုင်းတိုင်တွေကျိုးလို့ ပခုက္ကူတနယ်လုံး ရက်ရှည်လျှပ်စစ်မီးပြတ်တောက်နိုင်ပြီး သောက်သုံးရေခက်ခဲနေ

“မီးက ၃ ရက်ထက် ပိုကြာနိင်တယ်၊ ရေတွင်းရှိတဲ့သူတွေကတော့ ရေတွင်းကရေကို ကြိုးနဲ့ဆွဲပြီးသုံးရတယ်။ ရေကတော့ အဆင်မပြေဘူး၊ ဒီထပ်ပိုကြာရင် ပိုဆိုးမှာ။ ချိုးရေထက် သောက်ရေနဲ့ ထမင်း၊ဟင်းချက်ဖို့က လိုတယ်”

မိုခါမုန်တိုင်းကြောင့် အညာဒေသမှာ ပဲတီစိမ်းစိုက်ခင်းတွေ အများဆုံးပျက်စီး

“အသီးမှည့်နေတာတွေက ရေနစ်ကုန်တော့ အညှောင့်ထွက်ပြီး နာကုန်တာပေါ့၊ တချို့ကလည်း ရိတ်ထားပြီးသားကို လှမ်းထားရင်း မိုးမိကုန်တယ်။ အညှောင့်ထွက်ကုန်ရင် ရောင်းဖို့က မလွယ်တော့ဘူး၊ တချို့တောင်သူတွေဆို မိုးရွာနေတဲ့ကြားထဲကနေ အခင်းတွေပျက်မှာစိုးလို့ ရေသွားထုတ်ကြတယ်"

ကနီမှာ မိုးရွာနေချိန် လေကြောင်းနဲ့တိုက်ခိုက်၊ မြေပြင်တိုက်ပွဲမှာ ပကဖ တဦးသေဆုံး

"ကျသွားတဲ့ရဲဘော်က စစ်ကောင်စီတပ်ချထားတဲ့ ရွာနားက တာဝါတိုင်ပေါ်ကို ကင်းတက်ထောက်တာ။ အဲ့ချိန် စစ်ကောင်စီက သေနတ်နဲ့ ပစ်လိုက်တာ။ လေယာဉ်ကလည်း မိုးရွာကြီးထဲမှာ လာပစ်တာဆိုတော့ ပစ်သွားမှန်းတောင် မသိကြဘူး။ တကယ်တော့ လေယာဉ်နဲ့ လာပစ်သွားတယ်။ အဝေးထိန်းပြီးတော့ ပစ်တဲ့အနေထား"

မြောက်ယမားဆည်လက်တံကျိုးလို့ ယင်းမာပင်နယ်က ရွာ ၁၀ ရွာထက်မနည်း ညတွင်းချင်းရွှေ့ပြောင်းနေရ

“ဆည်ကအက်ပြီးရေထွက်တာလား၊ ကျိုးတာလားတော့ သေချာမသိရသေးဘူး။ ကျိုးတယ်လို့ဘဲ သိရသေးတယ်။ အနိမ့်ပိုင်းရွာတွေကို ရေတွေစဝင်လာလို့ ညတွင်းချင်းပြောင်းနေကြတယ်။ ခုရေက ပေါင်လည်လောက်ကို ရောက်နေပြီ။ ဆည်ရေကတော့ ရောက်မလာသေးဘူး။ မိုးရေနဲ့တင် ရေက ခုလောက်ဖြစ်နေပြီ။ အဲ့တာကြောင့် ညတွင်းချင်းပြောင်းနေကြတာ“ လို့ ရေကြည်ပင်ရွာ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

မုန်တိုင်းတိုက်နေချိန် စစ်တပ်က စစ်ကြောင်းထိုးလို့ ပြည်သူ ၁ သောင်းကျော်ထွက်ပြေးနေရ

“ကျနော်တို့ဘက်မှာ မုန်တိုင်းဝင်တာက ၂ ရက်ရှိပြီ၊ စစ်ကြောင်းကလည်းထိုးနေတော့ မိုးထဲရေထဲမှာ ထွက်ပြေးနေရတယ်၊ နေဖို့ကတော့ မိုးလုံတဲ့ အဆောက်အဦးတွေရှာပြီးနေရတယ်၊ တောထဲတောင်ထဲမှာ နေဖို့ကျ ဒီမိုးနဲ့ကမပြေဘူး"လို့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

စစ်အင်အားရာချီပါတဲ့ YDF ၂ နှစ်ပြည့် အခမ်းအနားကို လက်နက်အပြည့်အစုံနဲ့ ကျင်းပ (ရုပ်/သံ)

"တပ်ဖွဲ့တွေက မိသားစုဆန်ဆန်သွားလို့ မရဘူးဗျ။ စနစ်ကျပြီး စည်းကမ်းရှိတဲ့ အဖွဲ့စည်းအသွင်ကို ပြောင်းလာမှ ထိခိုက်တာတွေ နည်းမှာပါ။ အဲ့ဒါကြောင့် အပြောင်းအလဲတွေကို ဖြည်းဖြည်းချင်း ပြုလုပ်ပြီး လက်ရှိ စနစ်ကျတဲ့အဖွဲ့စည်းအသွင် ပြောင်းလာတာပါ"

ဆွမ်းသွတ်လုပ်နေတဲ့အိမ်ကို စစ်တပ်ကပစ်ခတ်လို့ ကလေး ၂ ဦးသေဆုံး၊ ၄ လသားကလေးနဲ့မိခင်တို့ ဒဏ်ရာပြင်းထန်

“လသားအရွယ် ကလေးက မိခင်လက်ထဲမှာ နို့တိုက်နေတုန်း မိခင်ရဲ့ ရင်ဘတ်ကနေတဆင့် ကျည်ထုတ်ချင်းပေါက်ပြီး ကလေးရဲ့ မျက်လုံးကိုမှန်တာ မျက်လုံးကျွတ်သွားတယ်လို့ သိရတယ်။ သူတို့က ခုဆေးရုံသွားကြတယ် အခြေနေမသိရသေးဘူး”

စစ်ကိုင်းနဲ့မကွေးက စစ်ရှောင်အများစု မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်နိုင်ခြင်းမရှိ

“ကုန်းတွင်းမုန်တိုင်းအနေနဲ့ ဆက်ပြီး ဖြတ်သန်းသွားမဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းလိုဒေသတွေမှာ လေပြင်းချည်းတိုက်မှာမဟုတ်၊ မိုးသည်းထန်မှာတွေလည်း ပါလာပါမယ်ဆိုတာ နားလည်ထားဖို့လိုမယ်"

ကလေးမြို့သပိတ်အဖွဲ့ဝင် ၄ ဦးပါ ဒေသခံ ၈ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်

“သူတို့အခြေနေကတော့ သေချာမသိရသေးဘူး၊ အမိန့်ချပြီဆိုတော့ ထောင်ပို့မယ်ထင်တယ်၊ သူတို့အပါအဝင် တရက်တည်း ၁၀ ဦးကျော် အမိန့်ချခံရတယ်”

PDF က လက်ဦးမှုယူ ပစ်ခတ်နိုင်လို့ ကင်းပုန်းလာဝပ်တဲ့ စစ်သား ၂ ဦးသေဆုံး၊ သေနတ် ၂ လက်ရ

“ကျနော်တို့ကလည်း ကင်းဝပ် သူတို့ကလည်း ကင်းဝပ်၊ သူတို့ဦးရင် သူတို့ဆော်မှာဆိုတော့ ခုက ကျနော်တို့ဦးတော့ သူတို့ခံလိုက်ရတာပေါ့။ အလောင်းကတော့ ခုထိလာမကောက်သေးဘူး”

ခိုင်ကမ်းမြို့ ရဲစခန်းနဲ့ တမိုင်ပတ်လည်က ပြည်သူတွေကို နေရာပြောင်းရွှေ့ခိုင်း

စစ်**တွေဘက်က ရှောင်တဲ့အိမ်၊ ထွက်ပြေးတဲ့အိမ်တွေကို မီးရှို့မယ်လို့ ပြန်ခြိမ်းခြောက်တယ်၊ အများစုကတော့ ရှောင်နေကြပြီ

စစ်အုပ်စုသတ်ခဲ့တဲ့ ရဲဘော် ၃ ဦးနဲ့ ပြည်သူ ၂ ဦး အတွက် ဈာပနကျင်းပ

“နယ်မြေမငြိမ်တဲ့အတွက် ဒီကနေ့မှ နာရေးအခမ်းအနား လုပ်ဖြစ်ခဲ့တာ၊ ‌မိသားစုကတော့ နောက်ဆုံးအကြိမ် မျက်နှာမကြည့်လိုက်ရတော့ အဲ့တာကို မချိတင်ကဲဖြစ်တာပေါ့”

စခန်းသိမ်းတိုက်ပွဲက ရရှိထားတဲ့ Anti ဒရုန်းလက်နက်သုံးပြီး စစ်တပ်ဒရုန်းတစီးကို ဖျက်ချနိုင်ခဲ့

“အရင်ရက်က တိုက်ပွဲမဖြစ်ဘဲ ရွာထဲကို ဒရုန်းလွှတ်ပြီး ဗုံးသီးချခဲ့တာဗျ။ အဲ့ဒါကြောင့် ကျနော်တို့ဘက်က အနီးတစ်ဝိုက်မှာ စောင့်ကြည့်‌နေတဲ့အချိန် စစ်တပ်ဘက်က ဒရုန်းထပ်လွှတ်ခဲ့လို့ သူတို့(စကစ) ဆီက ရခဲ့တဲ့ Drone Gun နဲ့ ပစ်ချလိုက်ခဲ့တာ”

အလံကိုမီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြ (Photo news)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ သပိတ်စစ်ကြောင်းတွေစုပေါင်းပြီး တရုတ်နိုင်ငံတော်အလံကိုမီးရှို့ကာ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြတယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10