ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း တူးတူး သေဆုံးကြောင်း ၃လကြာမှ မိသားစုကို အသိပေး
“စကစက တူးတူးကို ဖမ်းပြီးကတည်းက သူနဲ့ပတ်သက်တဲ့သတင်းတွေ အမှောင်ချခဲ့ပါတယ်။ ၄ လပိုင်းတုန်းက သေဆုံးကြောင်း သတင်းတွေ ထွက်လာတော့လည်း ကောလာဟလလို့ ထင်ရအောင် သတင်းအမှောင်ထပ်ချခဲ့တယ်။ မိသားစုက သူလွတ်မြောက်ဖို့ အသနားခံစာတင်မယ့်ကိစ္စ ကြိုးစားနေတုန်းမှာ သေဆုံးကြောင်း အသိပေးတာပါ။ တူးတူးသတင်းကို ဘာလို့ အမှောင်ချခဲ့မှန်းတော့ ခန့်မှန်းမရပါဘူး။”