ပေါင်းနှုတ်နေတဲ့ရွာသားတွေအနီး လက်နက်ကြီးကျလို့ ကလေးငယ်တဦးနဲ့ ပြည်သူတဦး ထိမှန်ဒဏ်ရာရ
“သူတို့မှာက ၈၁ တို့ ၁၂၀ မမတို့တွေ ရှိကြတယ်၊ ခုပစ်တဲ့ထဲမှာတော့ ၆၀ မမတွေပဲ ပါတယ်၊ လက်နက်ကြီးက လယ်ကွင်းထဲကျပြီး စပါးပေါင်းနှုတ်နေတဲ့ ရွာသားတွေထိတာ"
“သူတို့မှာက ၈၁ တို့ ၁၂၀ မမတို့တွေ ရှိကြတယ်၊ ခုပစ်တဲ့ထဲမှာတော့ ၆၀ မမတွေပဲ ပါတယ်၊ လက်နက်ကြီးက လယ်ကွင်းထဲကျပြီး စပါးပေါင်းနှုတ်နေတဲ့ ရွာသားတွေထိတာ"
“သူ့မိသားစုနဲ့ သူအမျိုးတွေကို စစ်တပ်က လာမခေါ်ခင်အထိ ဒီဘက်မှာက အဆင်ပြေတယ်။ သူ လာအို(နိုင်ငံ) မပြောင်းခင် လာခေါ်သွားကြတာ။ အရင်တုန်းက ရွာကိုဝင်ရင် ဘာမှလုပ်မသွားဘူး။ အခုမှ မီးရှို့တာတွေ သတ်တာတွေလုပ်တာ" လို့ ယင်းမပင်မြို့နယ်မှ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
အာဇာနည်နေ့အတွက် သီးသန့်စီစဥ်ထားတဲ့ ပြင်းအားမြင့်ဗုံးတွေဖြစ်တဲ့အတွက် ဒရုန်းလွှတ်တင်ချိန် အနားမှာရှိတဲ့ ရဲဘော် ၃ဦးစလုံး ခန္ဓာကိုယ်အနှံ့ ဗုံးစထိမှန်ကာ ဒဏ်ရာရခဲ့ပြီး ရဲဘော်တဦးကတော့ လည်ပင်းမှာ တလက်မခန့် ဗုံးစဖောက်ထွက်သွားပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ဘက်က ကျားထိုးတက်မယ့်အချိန်ကျမှ ငါးကြင်းမြီး(MA 15)က ဆက်တိုက် ကောင်တာပြန်တယ်။ ၆၀ မမက အစကတော့ အလုံး ၃၀ လောက် ကောင်တာပြန်တယ်။ နောက်ပိုင်းမပြန်တော့ဘူး။ သူတို့ဘက်က စခန်းထဲမှာလည်း တော်တော်များများ ကျသွားနိုင်တယ်။ သူတို့ဘက်က ငါးကြင်းမြီး တလက်ပဲ ကောင်တာပြန်နိုင်တယ်။”လို့ မန္တလေးခရိုင် တပ်ရင်း ၃ တာဝန်ရှိသူတဦးက ပြောပါတယ်။
“အဓိက သူတို့ကို အလုပ်ပေးတာပေါ့။ ရသလောက်ယူတာပေါ့၊ အုတ်ဖြတ်(တံတား)က ကောင်တွေ ခေါင်းတောင် မဖော်ရဲဘူး။ အခု ဒါဘန်ကာထဲမှာ ခေါင်းလေးနည်းနည်းတွေ့တာနဲ့ သွားတာပဲ တယောက်"လို့ ရိုးမစစ်ကြောင်း ၂ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျေးရွာတရွာမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ ကျောင်းသားပြည်သူ ၅၀၀ ကျော်ပူးပေါင်းကာ လွတ်လပ်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြတဲ့ အာဇာနည်တွေအပါအဝင် နွေဦးတော်လှန်ရေးကာလ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို ၇၆ ကြိမ်မြောက် အာဇာနည်နေ့မှာ ဂုဏ်ပြုခဲ့ကြပါတယ်။
“မုံရွာ ဘုရားနီလမ်းမှာ သပိတ်ဖြိုခံရလို့ ကျဆုံးသွားတဲ့သူတချို့ပုံနဲ့ ရန်ကုန်မှာ ကျဆုံးသွားရတဲ့ ပြည်သူ တချို့ပုံတွေနဲ့ သပိတ်ထွက်ခဲ့တယ်"
“နောင်ကုန်းရွာကို စစ်တပ်ဝင်စီးပြီး မီးရှို့တာ တရွာလုံးနီးပါးကုန်တယ်၊ စစ်ကြောင်းက ရွာကို ဝိုင်းပြီးလာတာ၊ ရဲဘော်တွေနဲ့ တိုက်ပွဲဖြစ်ပြီး သူတို့(စကစ)ဘက်က အင်အားများတော့ နောက်နည်းနည်း ဆုတ်ပေးလိုက်ချိန် ရွာထဲဝင်နိုင်သွားတယ်။ ဝင်နိုင်တော့ မီးရှို့ပါလေရော၊ အခုထိ ပြန်မထွက်သေးဘူး”
“သူတို့က ချောက်ထဲကျနေတာ၊ ခေါင်းထိထားတဲ့ ၂ ယောက်ကတော့ အပြင်ပိုင်းက ဆုံးဖြတ်ပေးလို့ မရဘူး၊ ဓာတ်မှန်ရိုက်ပြီးမှ ဘာထိသွားလဲ သိမှာဗျ၊ လောလောဆယ်တော့ အပြင်ပုံသဏ္ဍာန်အရ သတိလစ်တယ်။ သွေးထွက်များတဲ့အတွက် စိုးရိမ်ရတဲ့အဆင့်ထဲ သတ်မှတ်လိုက်တာ"လို့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း တာဝန်ခံတဦးက ပြောပါတယ်။
“ ၅ လုံးပစ်တာမှာ ၄ လုံး လေတပ်ထဲမှာကွဲတယ်လို့ သိရတယ်။ ၁ လုံး error တက်တယ်။ အဓိကပစ်တာက ပြေးလမ်းပစ်တယ်၊ ဆီဂိုထောင်ပစ်တယ်၊ ကင်းတဲဘက်ကိုပစ်တယ်”
“ကြိုတင်သတင်းကြားထားတာလည်း ရှိတယ်ပေါ့၊ နယ်မြေရှင်းလင်းရေးလုပ်ရင်း ကုန်တင်အမြန်ယာဉ်တစီးပေါ်မှာ မိတာ၊ လုပ်သားတွေကိုတော့ စစ်ကောင်စီထောက်တိုင် ပျူစောထီးတွေကို နောက်တခါ သယ်ယူပို့ဆောင်မပေးဖို့လည်း သတိပေးခဲ့တယ်။”လို့ Dragon Brothers Task Force - DBTF မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ကင်းပုန်းဝပ်နေတာနဲ့ သွားတွေ့တာ၊ တယောက်ကိုကျ အဲ့နားလေးမှာ ပစ်သတ်ခဲ့တယ်။ တယောက်ကိုကျ တခြားနေရာဘက်ထိ ခေါ်သွားပြီးမှ ပစ်သတ်ခဲ့တာ၊ အလောင်းကတော့ ၂ ယောက်လုံးပြန်ရတယ်”
“တချို့ရွာတွေမှာဆို တော်လှန်ရေးလုပ်တယ်။ ဒါပေမယ့် လူထုသပိတ်တိုက်ပွဲတွေနဲ့ စိမ်းနေသေးတာတွေရှိတယ်၊ ဒါကြောင့် အသိပညာပေးတာတွေ တော်လှန်ရုပ်ရှင်ပြတာတွေ လုပ်ပေးတယ်။ တချို့ဆို သမ္မတဘယ်သူလဲ မသိသေးတဲ့သူတွေ အများကြီးရှိတယ်။ အဲ့လိုရွာတွေရှိတဲ့အတွက် အခြေခံကအစ ဆွဲခေါ်ရတယ်၊ ဟောပြောရတယ်။”
“ရွာအဝင်နားက တမိသားစုလုံးထိတယ်။ အိမ်ထောင်ဦးစီးက ဗိုက်အူတွေထွက်ပြီး ညတွင်းချင်းပဲ လင်မယား ၂ ယောက်လုံး ဆုံးသွားပြီ။ သားလေးတယောက်တည်း ကျန်ခဲ့တော့တာ။ ကလေးက အဆင်ပြေပြီ၊ မစိုးရိမ်ရတော့ဘူး” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။
“ပြည်သူတချို့က တော်လှန်ရေးအပေါ်မှာ မေ့သယောင်ယောင်ဖြစ်နေပေမယ့် ဒီပြဇာတ်ကို ကြည့်ပြီးတဲ့အချိန်မှာတော့ ဆက်တော်လှန်ရမယ်ဆိုတဲ့ စိတ်အခြေနေမျိုးနဲ့ သပိတ်မလိုက်နိုင်ရင်တောင်မှ ရရာနေရာ၊ ရရာတာဝန်ကိုထမ်းဆောင်ပြီး ဆက်တော်လှန်မယ်ဆိုတဲ့ အသိစိတ်တွေ ရှိလာမယ်လို့ ယုံကြည်တယ်”