Cherry

မင်းလှမှာ PDF ရဲဘော်တွေစီးလာတဲ့ကား ချုံခိုတိုက်ခိုက်ခံရလို့  ၈ ဦးသေဆုံး

သေဆုံးခဲ့တဲ့ရဲဘော် ၈ ဦးမှာ သရက်၊ ကံမ၊ မင်းတုန်းပူးပေါင်းအဖွဲ့ကဖြစ်ပြီး သူတို့ဟာ အခြေခံစစ်ပညာ သင်တန်းဆင်းပြီး မင်းလှမြို့နယ်ထဲကို ပြန်လာချိန် စစ်ကောင်စီကင်းပုန်းတွေနဲ့ ထိပ်တိုက်တွေ့ကာ ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြန်မဆုံနိုင်တော့တဲ့ မိသားစုတွေ

ဇွန် ၂၂ရက်မှာတော့ မဲဇလီတံတားမှာ လက်နက်သယ်ပြီးပြန်လာတဲ့ ရဲဘော်တွေ သတင်းပေါက်ပြီး တိုက်ခိုက်ခံရလို့ အားလုံး ကျဆုံးသွားကြတယ်ဆိုတဲ့ သတင်း ကျမကြားခဲ့ရတယ်။ စကြားကြားချင်း စိတ်မကောင်းဖြစ်မိပေမယ့် သရက်၊ ကံမဘက်က ရဲဘော်တွေလို့ ထပ်ကြားရချိန်မှာတော့ စိတ်မကောင်းတာအပြင် စိုးရိမ်စိတ်တွေပါ ဝင်လာခဲ့ပါတယ်။ နီးစပ်ရာ အသိတွေဆီ လိုက်စုံစမ်းရင်း ကိုယ်စိုးရိမ်နေသလို မဟုတ်ပါစေနဲ့ပဲ ဆုတောင်းနေမိပါတော့တယ်။ သတင်းတွေထွက်ပြီး မကြာခင်မှာတော့ သေဆုံးရဲဘော်တွေကို တစနဲ့တစ သိလာရပါပြီ။ ၁၀ တန်းအောင် စာရင်းထွက်သလိုပါပဲ။ ရှေ့ဆက်မစုံစမ်းရဲဘဲ ရပ်နေမိတာလဲ ခဏခဏပါပဲ။

ထောင်ပြင်ထုတ် ရိုက်နှက်ခံရတဲ့ နိုင်/ကျဉ်းတွေ ဆေးကုခွင့်မရဘဲ တိုက်ပိတ်ခံထားရ

“စစ်ကြောရေးမှာ နောက်ဆုံးကျန်ခဲ့တဲ့ ၆ ယောက်က စုတ်ပြတ်သတ်နေတာပဲ။ ခြေထောက်ကိုပါ ဓားတွေနဲ့မွှန်းထားတယ်လို့ သိရတယ်။ ကလေး(နိုင်ကျဉ်း)တယောက်ကတော့ ကိုယ်တိုင်လမ်းမလျှောက် နိုင်တော့လို့ တွဲကိုဝင်ရတယ်လို့ ကြားထားတယ်။ ပြန်ရောက်တဲ့ရက်တော့အတိအကျမသိရဘူး။ ထောင်ထဲရောက်ရောက်ချင်းပဲ အဆောင်ကိုပြန်မပို့ဘဲ သီးသန့်ထားပြီး တိုက်ပိတ်လိုက်တာ”

မိုင်းကွင်းထဲ ဝင်နားမိလို့ ၃ပွင့်ဗိုလ်အပါအဝင် စစ်သား ၁၅ ဦးကျော်သေဆုံး

"ခွဲတဲ့မိုင်းကွင်းက UG ထောင်ထားတဲ့ကွင်း၊ စစ်ကြောင်းအထဲဝင်လာလို့ ခွဲတာ။ မနက်ပိုင်းလည်း တိုက်ပွဲဖြစ်ကြသေးတယ်။ တဲပေါ်ကို အလောင်းတွေတင်ပြီး တဲလိုက်ကြီးပါ သယ်သွားတယ်။ မိုင်းဆွဲခံရလို့ သေသွားတဲ့ဗိုလ်က ကလေးမှာ တာဝန်ကျတာ သိပ်မကြာသေးဘူး"

ထောက်ပံ့မှု မရတော့လို့ ရေရှင်စခန်းက စစ်ရှောင် ၁၅၀၀ ကျော် ဆန်ပြတ်လပ်မှု ကြုံနေရ

“အစက လစဉ်ထောက်ပံ့တဲ့ ပြည်တွင်းပြည်ပက ကူညီနေတဲ့ NGO အဖွဲ့လေးတွေရှိတယ်၊ အဓိကကတော့ ပြည်ပကနေထောက်ပံ့တာပေါ့။ လက်ရှိမှာတော့ အဲ့အဖွဲ့တွေက ရုတ်တရက် ထောက်ပံ့မှုပြတ်တောက်သွားတယ်၊ ခုဆို တပတ်လောက်ပဲ တောင့်ခံနိုင်တဲ့ အခြေနေဖြစ်နေတယ်၊ အရင်က ၃ နပ်စားရင် ခုက ၂ နပ်လျော့စားရတဲ့ အဆင့်ကိုရောက်နေတာ။”

အင်းတော်နဲ့ဗန်းမောက်မှာ လေကြောင်းဗုံးကြဲလို့ အဖိုး၊အဖွား ၃ ဦးသေ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေ ပျက်စီး

“အဲ့ဒီအဖွားက ဘုန်းကြီးကျောင်းမှာ သွားရှောင်နေတာ၊ လေယာဉ်က အဲ့ကိုကျဲတော့ ဗုံးအားနဲ့ လေဟပ်ပြီး နှလုံးရပ်သေတယ်လို့ သိရတယ်၊ အလောင်းက အခုထိဘုန်းကြီးကျောင်းထဲမှာပဲ ဘာမှလုပ်လို့မရသေးဘူး”

မိုခါ ဖျက်ဆီးတဲ့ PDF ချွေးနှဲစာ

“နှမ်းပေါ်တဲ့အခါ ရလာမယ့် ငွေကြေးလေးတွေနဲ့ တော်လှန်ရေးလုပ်ဖို့ ရည်ရွယ်ထားတော့ နှမြောတာပေါ့၊ တချို့က သေနတ်ဝယ်ဖို့ ဒီထဲမှာ စုထားတာရှိတယ်၊ ရည်ရွယ်ထားတာတွေ အခုကျ လုပ်လို့မရတော့ဘူးပေါ့”

အင်းတော်နယ် တိုက်ပွဲ စစ်ကောင်စီဘက်က ၁၅ဦးခန့် သေဆုံးပြီး PDFဘက်ကလည်း ဒဏ်ရာရသူများရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနောက်မြောက်ဘက် ၁၂ မိုင်အကွာက ရွာသာယာရွာအနီးမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးခဲ့တဲ့အတွက် လေကြောင်းနဲ့ ဗုံးကြဲလို့ ဒဏ်ရာရသူတွေလည်းရှိတယ်

စခန်းသိမ်းခါနီးပြန်ဆုတ်ခဲ့ရတဲ့ ၃ရက်တာ ပဒူရွာတိုက်ပွဲ (ရုပ်/သံ)

မေလ ၁၉ ရက်မှာ ကံကြီးကုန်းရွာက ထွက်လာတဲ့ အင်အား ၇၀ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ဟာ ကံကြီးကုန်းရွာနဲ့ ပဒူရွာကြားမှာ စတင်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီနောက် ၂၁ ရက်မှာ အင်းစောင်းရွာဘက်နေ တက်လာတဲ့ အင်အား ၅၀ ပါ စစ်ကောင်စီ စစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲပြီး မိနစ် ၃၀ ကြာ တိုက်ခိုက်ခဲ့တယ်

အင်းတော်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းနဲ့ဗုံးကြဲလို့ PDF ၂ ဦး ဒဏ်ရာရ

“သူတို့အထိနာလို့ထင်တယ် လက်နက်ကြီးပစ်ကူတွေရော လေကြောင်းတွေရောတိုက်တယ်၊ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၃ မိနစ်လောက်ပတ်ပြီးမှ ဗုံး ၁၄ လုံး ၁၅ လုံးလောက်ကြဲသွားတယ်။”

PDF ၁၀ ဖွဲ့ကျော် ပေါင်းတိုက်တဲ့ ပဒူရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံး (ရုပ်/သံ)

“စစ်တပ်ဘက်က ၂ ရက်ပေါင်း ၃၀ ဝန်းကျင်သေတယ်ဗျ။ မိုင်းဆွဲတာ ၅ ယောက်လောက်သေတယ်။ ကျနော်တို့ဘက်က မိုင်းအရင်ဆွဲပြီးမှ တိုက်ပွဲစတာ။ ကျနော်တို့ဘက်က လူအင်အားသာပေမယ့် ရန်သူဘက်က ပစ်ကူတွေကြောင့် ပြန်ဆုတ်ခဲ့ရတာ"

မြင်းခြံထောင်က နိုင်ကျဉ်း ၃ ဦးကို စစ်တပ်ကအင်အားသုံးခေါ်ထုတ်သွား၊ အဆက်အသွယ်ပြတ်နေပြီး အသက်အန္တရာယ်စိုးရိမ်နေရ

“ကိုကျော်မင်းနိုင်နဲ့ကိုသက်မောင်မောင်က ဖောက်ခွဲ ၅ နဲ့ ထောင်ကျနေတာ။ ကိုစိုင်းလည်းနိုင်ငံရေးပုဒ်မပဲ။ ခုလိုအဖြစ်က အရင်ကမရှိဖူးဘူး၊ တော်တော်များများကတော့ လန့်နေကြတယ်"

ကလေးတောင်ပိုင်းက စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေတွင်းတွေ လိုအပ်နေ

“စစ်ရှောင်စခန်းတခုမှာ လူဦးရေ ထောင်ကျော်ရှိတယ်၊ တချို့ဆို ချောင်းတွေထဲမှာ မသန့်ရှင်းတဲ့ ရေတွေသုံးနေရတယ်၊ အကူညီလာတောင်းကြတော့ သေချာကွင်းဆင်းပြီး တကယ်လိုအပ်နေတဲ့ နေရာတွေကို ရေတွင်းတွေ တူးပေးဖို့လုပ်နေတယ်"

ဟုမ္မလင်း ၂ ရက်တာတိုက်ပွဲမှာ အထိနာသွားတဲ့ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲပြီး ဆုတ်ခွါ

“သူတို့စစ်ကြောင်းကို ကျနော်တို့က ပဇောက်ပုံစံဝိုင်းပြီး ပစ်တဲ့အခါ လေယာဉ်ပစ်ကူနဲ့ ပြန်ကဲ့ထုတ်ရတဲ့အနေထားဗျ၊ ဗုံးသီး ၄ လုံးချတယ်၊ ၁ လုံးပဲကွဲတယ်၊ ခုပြည်သူတွေ တွေ့တဲ့အနေထားအရ ၁၂၀ ပါ စစ်ကြောင်းက ၆၀ လောက်ပဲ ပြန်ပါလာတယ်၊ အလောင်းတွေကို ထွန်စက်နဲ့တင်သွားတယ်။”

ယင်းမာပင်မှာ ရေဘေးဒဏ်ခံနေရတဲ့ကြားက သပိတ်စစ်ကြောင်းထွက်

မေလ ၁၈ ရက် ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ရဲ့ ၇၉၂ ရက်မြောက်နေ့အဖြစ် “ကြောက်ခေတ်ကို မှောက်ပစ်”စာသားပါ ဘန်နာတွေကိုင်စွဲပြီး အဖွဲ့ဝင်တွေက ဆန္ဒပြကြွေးကြော်ခဲ့ကြတယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10