စစ်တပ်က မီးရှို့တဲ့အထဲ PDF ရဲမေရဲ့ အိမ် ၂ လုံးပါ မီးလောင်ဆုံးရှုံး (ရုပ်/သံ)
စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်တွေထဲမှာ ၅/99 PDF က ရဲမေတဦးရဲ့ အိမ် ၂ လုံးလည်း မီးထဲပါသွားခဲ့ပါတယ်။ အခုလို အိမ်တွေ မီးထဲပါသွားပေမယ့် စိတ်ဓာတ်ကျနေမှာ မဟုတ်သလို စစ်ကောင်စီက ဘယ်လောက်ပဲ ဖိအားတွေပေးပေး အဆုံးထိ တိုက်ခိုက်သွားမယ်လို့ ၅/99 PDF ရဲမေက ဆိုပါတယ်။