ပြည်သူတွေ သွေးမအေးဖို့ မန္တလေးက ရပ်ကွက် ၁၀ ခုမှာ တော်လှန်ရေးစာရွက်တွေ လိုက်ကပ်
မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်မှာ ပြည်သူတွေ သွေးမအေးဖို့အရေး ဝက်လက်မြို့နယ်အခြေစိုက် ကျောင်းသားများသမဂ္ဂ (ဗ.က.သများ အဖွဲ့ချုပ်)က တော်လှန်ရေးစာတွေ ရေးသားထားတဲ့ စာရွက်တွေကို ဖေဖော်ဝါရီလ ၁၈ ရက် ဒီမနက်ပိုင်းက ရပ်ကွက် ၁၀ ခုမှာ လိုက်ကပ်ခဲ့ပါတယ်။