Danger

ဖောင်းကွဲရွာတိုက်ပွဲ နှစ်ဖက် ထိခိုက်သေဆုံးပြီး ပြည်သူ ၄ ဦးသတ်ခံရ

"မနေ့က သူတို့တွေစစ်ကြောင်းထိုးလာတာတွေ့လို့ ကျွန်တော်တို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပစ်တာ။ ဒါကို စက်လက်တွေနဲ့တရစပ် ပစ်ပြီးတက်လာတာ။ အင်အားမမျှလို့ ကျွန်တော်တို့ ပူး​ပေါင်းအဖွဲ့တွေဘက်က ဆုတ်ပေးလိုက်ရတယ်။ သူတို့ တက်လာတဲ့အချိန် ကျွန်တော်တို့ဘက်က ပစ်တာ စကစ ဘက်က ၄ ကောင်ကျသွားတယ်။ ကျွန်တော်တို့ဘက်ကလည်း ရဲဘော် ၂ ယောက်ကျတယ်"

CDM ရဲတပ်သား PDF ရဲဘော်အတွက် တရားမျှတမှုပြန်ယူမယ်လို့ပြော

"ကျနော်တို့အနေနဲ့ ကျဆုံးသွားတဲ့ရဲဘော်နဲ့ ဆုံးရှုံးသွားတဲ့လက်နက်တွေအတွက် တရားမျှတမှုပြန်ယူမယ်။ သွေးကြွေးကို သွေးနဲ့ပဲဆပ်မယ်"

မန္တလေးမှာ ရပ်ကွက်ရုံးအတွင်း ဗုံးပေါက်ကွဲပြီး စစ်သား ၃ ဦးသေဆုံ

“ဗုံးက error ဖြစ်ပြီး မပေါက်ကွဲဘူး။ ၉ နာရီလောက်မှာ စစ်သားတွေစစ်ဆေးနေချိန်မှာ ထပေါက်သွားတာ။ စစ်သား ၃ ကောင်သေတယ်။ ဘယ်စစ်တပ်ကလဲတော့အသေးစိတ်မသိရဘူး”

ဖမ်းမိတဲ့ ဒုရဲတပ်ကြပ်တဦး ခုခံထွက်ပြေးလို့ သေနတ်နဲ့ပစ်သတ်ခံရ

“တကောင်းနီကယ်စက်ရုံမှာ လုံခြုံရေးတာဝန်ကျပြီး ခွင့်နဲ့သူမိသားစုဆီပြန်တာ။ အဲဒါကို ကျနော်တို့အဖွဲ့ကသိပြီး သပိတ်ကျင်းမြို့တနေရာမှာ ဖမ်းဆီးခဲ့တာ။ ဖမ်းဆီးခေါ်လာပြီး စစ်ဆေးနေချိန်ခုခံပြီးထွက်ပြေးလို့ သေနတ်နဲ့ပစ်ရှင်းခဲ့တယ်။ ဝဲဘက်ရင်အုံ ၁ ချက်၊ လက်ပြင် ၁ ချက်မှန်ပြီးသေတယ်။ အလောင်းကိုတော့ ကျနော်တို့မြေမြှုပ်ပေးလိုက်တယ်”

ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေ လက်နက်ကြီးနဲ့ပစ်ခံရလို့ ၅ ဦးခန့်သေဆုံး

“ကျနော်တို့ဘက်က ပထမ ၁ လုံးပစ်တော့ သူတို့ဘက်က ၂ ချက်တော့ပြန်ပစ်တယ်။ တောပုရွာရဲ့ အနောက်ဘက်ခြမ်းက တောဝါကျောင်းနားက ငှက်ပျောခြံထဲမှာ ကင်းပုန်းဝတ်နေတာ။ ပစ်ပြီးလို့ မျက်မြင်ကတော့ ၁ ကောင်ထမ်းသွားတာတွေ့ရတယ်။ ဒီနေ့မနက်တောပုရွာရဲ့ နယ်မြေခံတယောက်ပြောပြချက်အရ ပျူ ၅ ကောင်သင်္ဂြိုလ်တယ်လို့ပြောတယ်”

ပုလဲမှာ ပျူစောထီးနဲ့ PDF ၂ ကြိမ်တိုက်ပွဲဖြစ်

“မနေ့က ကန့်ဒေါင့်ရဲစခန်းကို ပျုတွေကအင်အားဖြည့်ပြီးပြန်လာတာ။ ကျနော်တို့က ဦးနှောက်ရွာရဲ့အနောက်ဘက်အရောက်မှာ နေ့လည် ၁၁ နာရီလောက်က လမ်းကနေစောင့်ပြီး လက်နက်ကြီးတွေနဲ့ပစ်ပြီး တကြိမ်ထိတွေ့မှုဖြစ်တာ။ နောက်ထပ်သပြေအေးရွာအနောက်ဘက်မှာတခါ ညနေ ၃ နာရီခွဲအချိန်မှာ အဲဒီပျူတွေနဲ့နာရီဝက်ကျော်ကျော်လောက်တိုက်ပွဲထပ်ဖြစ်တယ်”

အုပ်ချုပ်ရေးမှူးပစ်သတ်ခံရပြီး အလောင်းလာသယ်တဲ့စစ်အုပ်စုပါမိုင်းဆွဲခံရ

“အလောင်းလာသယ်တဲ့ကားမိုင်းထပ်ဆွဲခဲ့ရတော့ သူတို့ဖောကား ၂ စီးနဲ့ထပ်လာတယ်၊ မိုင်းကွင်းမရောက်ခင် ကားရပ်ထားပြီး ခြေလျင်စစ်ကြောင်းလာတယ်၊ အဲဒါကိုပြန်ပြီးတော့ ထပ်မိုင်းဆွဲလိုက်တယ်၊ ခွေး ၅ ကောင်သေပါတယ်၊ မိုင်း ၃ လုံးပဲဆွဲနိုင်ခဲ့ပါတယ်၊ အဲဒီမြို့နယ်တွေကစစ်တပ်ကလွှမ်းမိုးမှုရှိတာကြောင့် မိုင်းအများကြီးသုံးလို့မရပါဘူး”

နေအိမ်မီးရှို့ခံလိုက်ရပြီးနောက် အိမ်ရှင်အမျိုးသား ကြိုးဆွဲချသေဆုံး

“စစ်သားတွေ အိမ်မီးရှို့ခံရပြီးကတည်းကနေစရာလည်းမရှိတော့ဘူးဆိုပြီး စိတ်ဓါတ်ကျတယ်လို့ ခဏခဏပြောနေတာ။ အဲလောက်ထိလုပ်မယ်လို့တော့ မထင်ဘူး”

မီးရှို့ခံလိုက်ရတဲ့ ရွာတွေကို PDF က စောင်နဲ့ အဝတ်အထည်တွေလှူဒါန်းပေး

"ရွာမှာရှိတဲ့မီးဘေးသင့်ပြည်သူစာရင်းကောက်ပြီး သွားလှူပေးတာပါ။ တရွာကို မီးဘေးသင့်ပြည်သူ ၁၀၀ ကျော်ရှိတယ်။ လက်ရှိမှာတော့ မီးဘေးသင့်ပြည်သူ‌တွေက စစ်ဘေးရှောင်စခန်းတွေ ဘုန်းကြီးကျောင်းတွေမှာနေရတာပါ။ ဘုန်းကြီးကျောင်းမှာ လာလှူတဲ့အစား အသောက်တွေ ချက်ပြုတ်ကျွေးနေရပါတယ်။ တချို့လည်း ကိုယ့်အိမ်ကိုယ်နေပြီး ရှိတာလေးနဲ့ချက်စားသောက်နေကြပါတယ်"

ရဲစခန်းမှာ ကင်းစောင့်နေတဲ့ရဲတွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

“အဲဒီရဲစခန်းကင်းဂိတ်မှာ ၄ ယောက်လောက်ရှိတာ၊ ၃ ယောက်ကတခါထဲလဲပြီး သေသွားတယ်။ တယောက်ကတော့ ထပြေးတယ်။ အဲဒီစခန်းမှာ အင်အားဘယ်လောက်ဆိုတာ ခန့်မှန်းလို့မရဘူး။ သူတို့ဘက်က ပြန်လည်ပစ်ခတ်မှုမလုပ်နိုင်ပါဘူး။ စခန်းထဲပြေးဝင်သွားတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10