Kyaw Gyi

မိုခါမုန်တိုင်းကြောင့် လယ်ယာသုံးကျွဲ ၁၅၀ ခန့်သေလို့ လုပ်ငန်းခွင်မှာ အခက်အခဲဖြစ်နေ

"ကျေးရွာ ၂ ရွာပေါင်းမှာမှ ကျွဲအကောင်ရေ ၃၀၀ လောက်ပဲရှိတယ်။ ခုက ထက်ဝက်လောက်သေသွားတာဆိုတော့ လုပ်ငန်းခွင်အချိန်မီဝင်လို့ မရဘူးဖြစ်နေတယ်။ လက်ရှိ ကျွဲကျန်ခဲ့တဲ့သူတွေ လုပ်ငန်းခွင်ပြီးမှ အခြားသူက ငှားလုပ်ရမယ့် အခြေနေပါ။ အချိန်မီ မစိုက်ပျိုးနိုင်ရင်တော့ အထွက်ကျတာနဲ့ ပိုးမွှားဖျက်ဆီးတဲ့ဒဏ်တွေ ခံရနိုင်တယ်။”

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ သရက်ခရိုင် ပကဖတာဝန်ခံ ဦးမြတ်ကို ပျောက်ဆုံးနေ

"သူထွက်သွားမယ့်နေ့မှာ ရဲဘော်တွေကို တန်းစီခိုင်းပြီးတော့ သေနတ်အတိုတလက်ခါးကြားထိုးပြီး ဘယ်သူမှ လိုက်မလာနဲ့ဆိုပြီး ပြောပြီး ထွက်သွားတယ်။ ခုထိ သူနဲ့ပတ်သက်ပြီး သတင်းအတိအကျ မရသေးသလို သတင်းတွေကလည်း အမျိုးမျိုးထွက်နေတယ်"

Expressယာဥ်နဲ့ ဘုန်းကြီးကား ခေါင်းချင်းဆိုင်တိုက်မိလို့ ဘုန်းကြီး ၁ပါး ပျံလွန်၊ ၁ ပါးဒဏ်ရာရ

"သိရသလောက်က ဘုန်းကြီးမောင်းလာတဲ့ကားက အဝေးကနေကတည်းက ဟိုဘက်လိုလို ဒီဘက်လိုလိုနဲ့မောင်းလာတာတဲ့။ ဖြစ်တဲ့နေရာကလဲ ကုန်းအတက်အဆင်း နေရာနားမှာဆိုတော့ ကား ၂ စီးလုံးက သူရှောင်ကိုယ်ရှောင်နဲ့ လမ်းပြောင်းပြန်တွေဖြစ်ပြီး တိုက်မိတာ"

လေပြင်းကြောင့် နေအိမ်ပေါ်သစ်ကိုင်းပိလို့ ကလေးငယ် ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

"မနေ့က မိုးကလည်း တော်တော်ကောင်းတယ်။ လေကလည်းကောင်းတယ်။ သူတို့အိမ်နားမှာရှိတဲ့ ကုက္ကိုလ်ပင်ကနေ အကိုင်းကြီးပြတ်ကျတာ အိမ်ပေါ်တည့်တည့်ကျတာ။ မိသားစုတွေက အိမ်ထဲမှာရှိနေချိန်ဆိုတော့ ထိကုန်တာ။ အိမ်ကလည်း သွပ်မိုး၊ ထရံကာဆိုတော့ အကိုင်းကျတဲ့ အရှိန်နဲ့အိမ်ပါပျက်စီးသွားတယ်"လို့ ပြောပါတယ်။

ဒုတိယအကြိမ် မိုင်းခွဲခံရလို့ အင်းသဘောက်တံတား ပြိုကျပြီး လာစစ်ဆေးတဲ့ စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့ဗုံးကြဲခံရ

"ဒီတံတားကလည်း စကစ အတွက် ပဲခူးရိုးမထဲကိုဝင်ရင် စစ်ရေးအရအသုံးပြုနေတဲ့ လမ်းကြောင်းတခုလည်းဖြစ်တယ်။ ဒါကြောင့် စစ်ရေးအရ လုပ်လိုက်တဲ့သဘောဖြစ်မယ်"

ဆိုင်ကယ်စီးလာချိန် ပေါက်ကွဲမှုဖြစ်လို့ အမျိုးသား ၂ ဦးသေဆုံး

“မြင်းမူမြို့ကို ရွာကနေတက် ဆေးဝယ်ပြီး မြို့ထဲလျှောက်သွားချိန် သူတို့ဖြစ်တဲ့နေရာရောက်တော့ လမ်းဘေးထောင်ထားတဲ့ မိုင်းကနေ ထကွဲပြီး နှစ်ယောက်စလုံး သေသွားတာ။ သူတို့က သာမန်အရပ်သားတွေဖြစ်တယ်"

ပဲခူးနယ်ထဲက ရွာမှာ လူ ၅၀ ခန့်က တပ်ထောက်ခံပွဲ ပြုလုပ်

“လုပ်တာကတော့ ပျူစောထီးခေါင်းဆောင်တွေ ဦးဆောင်ပြီး ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ကြံခိုင်ရေးပါတီဝင်တွေနဲ့ မိသားစုဝင်တွေဘဲလုပ်သွားတာ“

ကညွတ်ကွင်း ခမရ ၄၃၉ တပ်ကို PDF က ၄၀ မမ ဗုံးသီး ၉ လုံးနဲ့ သွားရောက်ပစ်ခတ်

"ဖြူးပကဖအဖွဲ့နဲ့ ဗိုလ်ကျားကြီးအဖွဲ့ကနေပြီးတော့ သွားရောက်တိုက်ခိုက်ခဲ့တယ်။ ပစ်ခတ်မှုကတော့ မိနစ်ပိုင်းလောက်ပဲကြာမယ်။ ထိခိုက်သေဆုံးအခြေနေကတော့ မြေပြင်ကသတင်းပေးတွေရဲ့ ပေးပို့ချက်တွေအရ ပြန်သိရတာဖြစ်တယ်"

အဖော်တွေနဲ့ ရေဆင်းကူးရာက လူငယ် ၂ ဦး ရေနစ်သေဆုံး

"ရေသွားကူးကြတာက သူတို့အရွယ်တူလေးတွေ ၇ ယောက် ၈ ယောက်လောက်ရှိမယ်။ ခု ကလေး ၂ ယောက်ကလဲ ရေမကူးတတ်ဘဲနဲ့ ဆင်းဆော့ရာကနေရေနစ်သွားတာ။ ရေကလဲ မြစ်ထဲဆိုတော့ နက်တယ်လေ"

စစ်တပ်ခေါ်ထုတ်သွားတဲ့ ကျိုက်စကောထောင်နိုင်ကျဉ်းတွေထဲက ပဲခူးပကဖစုဆောင်းရေးတာဝန်ခံ သေဆုံး

"ကိုသန့်ဇင်ဝင်း ကျဆုံးသွားတယ်ဆိုတာ အတည်ပြုနိုင်တာက မနေ့ကပါ။ စစ်တပ်ဘက်က သူ့မိသားစုကို အပူရှပ်သေတယ်ဆိုပြီး အကြောင်းကြားတယ်လို့သိရတယ်။ ဒါပေမယ့်ကျနော်တို့ ဖရဲသီးဆီက ပြန်သိရတဲ့သတင်းအရတော့ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာနဲ့သေတယ်လို့ သိရတယ်။ အလောင်းကိုလည်း မိသားစုက ပြန်မရဘူး"

ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးယူဖို့လာတဲ့စစ်ကြောင်းက နေအိမ် ၁၀၀ ခန့်ကို မွှေနှောက်ပစ္စည်းတွေယူသွား

" ဒီတခေါက်လာတဲ့ စစ်ကြောင်းက တရုတ်တွေပြန်အထွက်ကို လာစောင့်ပေးတာလို့တော့သိရတယ်။ ၂၇ ရက်နေ့ညပိုင်းမှာ ဒုန်းတောဘက်ကို စဝင်လာတော့ ဒေသခံတွေကပြေးကြတယ်။ သူတို့ (စစ်ကြောင်း)က ဒုန်းတောဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ရွာ ၃ ရွာက အိမ်တွေကို မွှေတော့တာ"

စစ်ကောင်စီက ရွှေဖောင် ၁၀၀ နီးပါးဖျက်စီးပြီး လုပ်သား ၇၀ ကျော်ဖမ်းဆီးထား

"ဒီနေရာတွေကတော့ တရားမဝင် ရွှေလုပ်ကွက်လို့တော့ ပြောလို့ရတယ်။ ဒီကာလထဲမှာ လူတွေက စားဝတ်နေရေး ကြပ်တည်းလာတော့ ဒီဆည်အနီးဝန်းကျင်မှာ ရွှေလုပ်လာတာ။ ဦးရေလည်း တိုးလာပါတယ်။ ရွှေဖောင်တွေကို ၂၄ ရက်ကနေ ဒီနေ့ထိဖျက်ဆီးနေတယ်ဗျ။ သူတို့လိုချင်တဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း ကားတွေနဲ့သယ်နေတယ်"လို့ ပြောပါတယ်။

ပကဖနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ နိုင်/ကျဥ်း ၂၀ ဦးကို ကျိုက်စကောထောင်ကနေ စစ်တပ်ကခေါ်ထုတ်သွား

"ဘယ်ခေါ်သွားမှန်းလည်း ဘယ်သူမှ မသိရဘူးဆိုတော့ သူတို့ရဲ့ အသက်အန္တရာယ်အတွက် မိသားစုဝင်တွေက စိုးရိမ်နေရသလို ကျနော်တို့ဘက်ကလည်း စိုးရိမ်နေရတယ်။ သူတို့ဘယ်တွေရောက်ပြီး ဘယ်လိုတွေ နှိပ်စက်ခံနေရလဲဆိုတာသိရဖို့တော့ စုံစမ်းနေဆဲပါ"

စစ်ကောင်စီ အမြဲတမ်းအသုံးပြုတဲ့တံတား မိုင်းထောင်ဖောက်ခွဲခံရ

"ခုနောက်ပိုင်း စကစ က ထန်းတပင်မြို့နယ် တောင်ခြမ်းကို စစ်ကြောင်းထိုးလာရင် ထန်တပင်လမ်းနဲ့ ရွှေစျေးလမ်းကိုအသုံးမပြုတော့ဘဲ ကျွဲပွဲကနေ ခုလမ်းကိုသုံးပြီး ဝင်ပါတယ်။စကစ အနေနဲ့တော့ ခုတံတားကျိုးသွားတဲ့အတွက် ကျွဲပွဲဘက်ကနေထန်းတပင်မြို့နယ်တောင်ခြမ်းကို လာဖို့မလွယ်တော့ဘူး ဖြစ်သွားပါတယ်။ လက်ရှိအချိန်မှာသူတို့အများဆုံးအသုံးပြုနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့အတွက် သူတို့အနေနဲ့ တံတားပြန်အသုံးပြုလို့ရအောင် လုပ်သွားမယ်လို့ထင်ပါတယ်။"

အုတ်တွင်းမှာ ကျောင်းဆရာမ ၂ ဦး ရွှေဆွဲကြိုးလုယက်ခံရစဉ် ဆိုင်ကယ်မှောက်လို့ ၁ ဦးသေဆုံး

"တောင်ငူကနေ ကလေးကျောင်းသုံးပစ္စည်းတွေဝယ်ပြီးပြန်လာတာလို့သိရတယ်။ ဆရာမ ဝတ်ရည်ဝင်းက ရှေ့ကမောင်းပြီး ဆရာမ မဝေဟင်ဝင်းကနောက်ကနေထိုင်စီးတာ။ လုတဲ့သူတွေက သူတို့ဆိုင်ကယ်နားကပ်လာပြီး နောက်ကဆရာမဆွဲကြိုးကိုဖြတ်လုတာ။ ဆွဲကြိုးလုခံရတော့ အမျိုးသမီးတွေဆိုတော့ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်လဲကျသွားတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10