Kyaw Gyi

ရေစကြို ပိတ်သင်းကပ်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေမီးရှို့သွား

"အဲကောင်တွေက ပြီးခဲ့တဲ့ရက်က ကျနော်တို့နဲ့တိုက်ပွဲဖြစ်လိုက်တဲ့ကောင်တွေပဲ။ သူတို့က ရွှေ့လျားစစ်ကြောင်း လျှောက်သွားနေတာ။ နေ့လည်ပိုင်းမှာ ပိတ်သင်းကပ်ကိုဝင်ပြီး မီးရှို့သွားတာ။ ဒေသခံတွေကတော့ သူတို့ ဝင်လာမယ် သတင်းကြားကတည်းကပြေးကုန်တာ။ တရွာလုံးရှို့သွားတာတော့မဟုတ်ဘူး"

CDM ဝန်ထမ်းတွေ ဘဝနေထိုင်မှုခက်ခဲနေပြီး အချို့က ကျောက်ကပ်ထုတ်ရောင်းဖို့ထိ စဥ်းစားလာနေ

"ကျနော်အသိ ပညာရေး CDM ဝန်ထမ်းတဦးဆို အလုပ်အကိုင်က အဆင်မပြေတဲ့ကြားထဲ ကျန်းမာရေးကမကောင်းတော့ ကြံရာမရတဲ့အဆုံး ကျောက်ကပ်ထုတ်ရောင်းဖို့ထိ စဥ်းစားလာတယ်။ အဆက်အသွယ်ရှိရင် ချိတ်ပေးပါလားဆိုတာထိ ဖြစ်လာတယ်။ ကျနော်ကိုယ်တိုင်လည်း ပညာရေး CDM ဝန်ထမ်း။ စကစ ကို တော်လှန်နေတဲ့သူဆိုတော့ သူတို့အတွက် ကူညီပေးနိုင်တဲ့ အင်အားမရှိဖြစ်နေတယ်"

ရေစကြိုနယ်က PDF စခန်းငယ်တခုအသိမ်းခံရပြီး လက်နက်တွေပါဆုံးရှုံး

"လူမနေတဲ့ ကန့်အဟောင်းနေရာတခုပါ။ ဖြစ်စဥ်ဖြစ်တာကတော့ ဟုတ်တယ်။ လက်လုပ်တွေလည်း ပါသွားတာ ဟုတ်တယ်။ ဘယ်အဖွဲ့ရဲ့နေရာလဲဆိုတာ သေချာပြန်စုံစမ်းပေးပါ့မယ်။ တိုက်ပွဲဖြစ်တာတော့မဟုတ်ဘဲ စကစ ဘက်က သတင်းအတိအကျရလို့ လာသိမ်းသွားတဲ့သဘောပဲ။ အဲ့ဒီဘက်ကလည်း စကစနဲ့ နီးတယ်လေ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10