Kyaw Gyi

ပျူစောထီးဆိုသူ လမ်းလျှောက်ထွက်လာချိန် ပစ်ခတ်ခံရလို့ သေဆုံး

"သူက စကစက လုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ရာမှာ အားတက်သရောပါဝင်လုပ်ဆောင်နေသလို စကစ ဒေါက်တိုင်သတင်းပေး ပျူတဦးဖြစ်လို့ သက်ဆိုင်ရာ အဖွဲ့က ရှင်းလင်းလိုက်တာဖြစ်တယ်"

ချောင်းဦးလဝကရုံး မီးရှို့ခံရလို့ ပြာကျ

ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီကျော်ခန့်မှာ ချောင်းဦးလဝကရုံးကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တခုက သွားရောက်မီးရှို့ခဲ့တာဖြစ်တယ်လို့ Chaung U Revolution တာဝန်ရှိသူက ပြောပါတယ်။ "ညကဒီဘက်က အဖွဲ့တခုက သွားရှို့တာ ဟုတ်ပါတယ်။ အဲဒီမစ်ရှင်သွားလုပ်တဲ့ အဖွဲ့ဘက်ကတော့ အန္တရာယ်ကင်းစွာနဲ့ ပြန်ရောက်လာပါတယ်။ သိရသလောက်ကတော့ ရုံးတော့ တော်တော်ပျက်စီးသွားပါတယ်" လို့ ပြောပါတယ်။

ညောင်ဦး-ချောက်လမ်းက ကားတစီးပေါ်မှ လက်နက်ခဲယမ်းတွေကို စစ်ကောင်စီဖမ်းဆီး

ဇန်နဝါရီလ ၂၇ ရက်နေ့ မနက် ၉ နာရီကျော်ခန့်မှာ ချောက်ဘက်ကနေ မောင်းလာတဲ့ လိုက်ထရပ်အဖြူရောင်ယာဥ်ကို စစ်ကောင်စီဘက်က ပိတ်ဆို့ရှာဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ "လက်နက်တွေ ဖမ်းဆီးခံရတယ်လို့တော့ သိရတယ်။ ကားအောက်ကြမ်းခင်းထဲမှာ ထည့်ပြီးလာတာတဲ့။ ကားကတော့ ရန်ကုန်ဘက်က ကားလို့တော့ သိရတယ်။ ဘယ်နှစ်လက် ဘယ်လောက်ဖမ်းခံထိတယ် ဆိုတာကတော့ မသိရဘူး" လို့ ပြောပါတယ်။

အခမဲ့ဆေးရုံကိစ္စနဲ့ဖမ်းခံထားရတဲ့ဆရာတော် ၅ ရက်ကြာတဲ့အထိ ပြန်မလွတ်သေး

"ဆရာတော်ကိုတော့ ခုထိပြန်မလွတ်သေးဘူးလို့ သိရတယ်။ ဒုလက်ထောက်ဆရာတော်က ဆွမ်းသွားသွားပို့ပေးနေရတယ်လို့ သိရတယ်။ ဆရာတော်ကို မုံရွာမြို့မရဲစခန်းမှာဘဲ ထိန်းသိမ်းထားတယ်။ ကြားမိတာတခုက ဆရာတော်ကိုလူဝတ်လဲထားပြီလို့ ကြားတယ်။ အဲဒါကတော့ ကိုယ်တိုင်မမြင်ရလို့ အတိအကျမပြောတတ်ဘူး။ သိရသလောက်က CDM ဆရာဝန်တွေကို ဘယ်မှာရှိနေတယ်လို့ ပြောပြမှ ပြန်လွှတ်ပေးမယ်လို့သိရတယ်။ " လို့ ပြောပါတယ်။

ရေစကြိုနယ်မှာ ကျောင်းအုပ်အပါအဝင် ၁၀ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဟုဆို

"သူတို့က စာမေးပွဲအကြောင်းပြပြီးလာကြတာ။ တကယ်တော့ အဲကျောင်းရှိတဲ့ ရွာကတော့ ကျောင်းက မဖွင့်ထားဘူး။ ပညာရေးမှူးက သူတို့ကို ဖိအားပေးပြီး စာမေးပွဲအတွက် လွတ်လိုက်လို့ လာရတာ။ အဲတော့ဒေသ PDF အဖွဲ့တွေက လိုအပ်တာသိရဖို့ ခေါ်ယူစစ်ဆေးခဲ့တာ။ ပြီးတော့ ကောင်းကောင်းမွန်မွန်ဘဲ ပြန်လွတ်ပေးလိုက်တယ်"

စစ်ကောင်စီနဲ့ပေါင်းလုပ်တဲ့ လောင်းကစားဒိုင် ၃ဦး သေနတ်နဲ့ ပစ်သတ်ခံရ

"ပစ်ခတ်ခံရသူတွေက ပျူစောထီးတွေဖြစ်တယ်။ ရဲနဲ့တပ်နဲ့ပေါင်းပြီး လောင်းကစားဒိုင်လုပ်တယ်။ ရဲနဲ့တပ်ကို လိုင်းကြေးပေးပြီးတော့ပေါ့ ဒါကြောင့်ပစ်ခတ်ရှင်းလင်းတာဖြစ်တယ်။ စကစနဲ့ရဲအတွက် ငွေရှာပေးနေတာလေ"

ရွာကိုမီးရှို့ပြန်လာတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးဟုဆို

"သူတို့က ဝက်လက်အနောက်ဘက်ခြမ်းကရွာတွေကို မီးပတ်ရှို့၊ ပစ္စည်းလု လုပ်နေတာ ၃ ရက်လောက်ရှိပြီ။ မနေ့ကလည်း မူးကြီးရွာကို သူတို့အဲ့လိုလုပ်ပြီး ခေါတောရွာဘက်အကူးလမ်းက လယ်တဲတခုမှာ နားနေတာကို သတင်းရလို့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ သူတို့က သွားလုလိုက်၊ ရလာတာကို လှတောရဲစခန်းထဲ ပြန်ပို့လိုက် လုပ်နေတာ"လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်ကကျေးရွာအများစုမှာ စစ်ကောင်စီက အိမ်ထောင်စုစာရင်းမကောက်ယူနိုင်သေး

"လက်ရှိအခြေနေပြောရရင် မြို့ပေါ်ရပ်ကွက်မှာတောင် အုပ်ချုပ်ရေးမှူးမရှိတဲ့ ရပ်ကွက်ရှိတယ်။ ရွာတွေမှာဆိုလဲ ပျူစောထီးရွာအနည်းငယ်လောက်ဘဲရှိတယ်။ သူတို့စိုးမိုးထားတဲ့ မြို့ပေါ်နဲ့ရွာအနည်းငယ်မှာသာ အိမ်ထောင်စုစာရင်းကောက်ယူနေတာရှိတယ်။ ဒါတောင်သူတို့အင်အား အပြည့်မရှိလို့ နေရာတိုင်းကို ပေါ်ပေါ်ထင်ထင်မသွားနိုင်ဘူး။ ကျန်ရွာတွေဘက်မှာတော့ ခုထိဘာအသံမှ မကြားသေးဘူး။"လို့ ပြောပါတယ်။

ချောင်းဦးမြို့ထဲဝင်မယ့်စစ်အုပ်စု မိုင်းဆွဲခံရပြိး ၁၃ ဦးခန့်သေဆုံးဟုဆို

"သူတို့က လမ်းအတိုင်းမလာဘဲ ခြေလျင်စစ်ကြောင်းနဲ့လာတာကို ဒီဘက်အဖွဲ့တွေကစောင့်ပြီး မိုင်းဆွဲခဲ့တာ။ ဖြစ်တဲ့နေရာက မြို့နားနီးတယ်၊ လူနေအိမ်ခြေတွေနဲ့လည်းနီးတော့ မိုင်းဆွဲပြီး ပြန်ဆုတ်လာခဲ့တယ်။ ထိခိုက်သေဆုံးသိရတာကတော့ ဒေသခံတွေဆီကနေ အတည်ပြုတာပါ။ ညပိုင်းထိ သူတို့အလောင်းတွေကို လာမကောက်ကြတာ။ ညနည်းနည်းနက်မှ လာကောက်သွားတယ်လို့ သိရတယ်"လို့ ပြောပါတယ်။

မုံရွာခရိုင် လဝကရုံး မီးရှို့ခံရလို့ပျက်စီးမှုရှိ

"မနက်ပိုင်းလောက်မှာ မီးရှို့ခံရတာ။ ပထမက ကညနရုံးဆိုပြီးကြားတာ။ မီးသတ်ကားတွေလည်း သွားတာ တွေ့ရတယ်။ နောက်မှ ခရိုင်လဝကရုံး မီးရှို့ခံရတယ်လို့ သိရတယ်။ ရုံးတခုလုံးတော့ မကုန်သွားဘူး"လို့ ပြောပါတယ်။

PDF တွေတိုက်ခိုက်မှာစိုးလို့ ဆိုင်ကယ်လိုင်စင်လုပ်ပေးမယ့် အစီအစဥ်ရွှေ့ဆိုင်း

ဆိုင်ကယ်လိုင်စင်လုပ်ပေးနေချိန် ကညန ဝန်ထမ်းတွေအနေနဲ့ PDF တွေရဲ့ တိုက်ခိုက်တာကို ခံရမှာကိုစိုးရိမ်တာကြောင့် လုံခြုံရေးအစီအစဥ်တွေ ပြန်လည်ရေးဆွဲပြီးမှ ပြန်လည်လုပ်ပေးဖို့ စီစဥ်နေတာဖြစ်တယ်လို့ ပဲခူး ကညနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကန့်ဘလူမှာ တောင်သူ ၃ ဦးကို ပျူအဖွဲ့ကဖမ်းဆီး

"တောင်သူတွေ အဖမ်းခံရတာဟုတ်တယ်။ ဇာဒီက ပျူတွေဖမ်းသွားတာ။ မြေပဲနုတ်ချိန်လာဖမ်းတာ။ ပြေးနိုင်တဲ့သူတွေက လွတ်သွားတယ်။ မပြေးနိုင်တဲ့သူတွေ ဖမ်းခံရတယ်။ နေ့လည်ပိုင်းတော့ ဇာဒီရွာကပျူတွေကို ဒီဘက်က အဖွဲ့တွေသွားပစ်ကြသေးတယ်လို့ သိရတယ်။ ထိခိုက်တာကတော့ ပျူရွာထဲဆိုတော့ အတည်ပြုဖို့ ခက်တယ်"လို့ပြောပါတယ်။

သစ်မှောင်ခိုသမားတွေအပါအဝင် အမျိုးသား ၅ ဦးသတ်ခံရပြီး ကား ၄ စီး မီးရှို့ခံရ

"ဖြစ်တာက တောထဲ သစ်မှောင်ခိုလုပ်တဲ့သူ ၂ ဦးနဲ့ အိမ်အတွက် သစ်ခုတ်ဖို့သွားတဲ့သူ ၁ ဦး သိရတယ်။ လက်နက်ကိုင်အဖွဲ့နဲ့တိုးပြီး အဆင်မပြေ ဖြစ်ကြတယ်နဲ့တူတယ်။ ၃ ယောက် သတ်ခံရတယ်။ ၂ ယောက် အဖမ်းခံရသေးတယ်လို့ သိရတယ်။ နောက်တရွာမှာကျတော့ အမျိုးသား ၂ ဦး ထပ်အသတ်ခံရသေးတယ်။ သူတို့ကျတော့ ဘယ်ကလူတွေ ဘာကြောင့် သတ်ခံရတယ်ဆိုတာ မသိရဘူး"

ညောင်လေးပင်မှာ မိသားစု ၃ ဦး နေအိမ်မှာ အသတ်ခံရ

"သူတို့မိသားစု နေအိမ်ထဲမှာ အိပ်နေချိန် လာပစ်သွားတာလို့ သိရတယ်။ သူက အရပ်ထဲမှတော့ သတင်းပေးဆိုပြီး အသံတော့ထွက်နေတာ ရှိတယ်။ ဒါပေမယ့် ဟုတ် မဟုတ်ကတော့ အတည်မပြုနိုင်ဘူး။ ဘယ်အဖွဲ့က ဘာကြောင့်လာလုပ်သွားလဲဆိုတာတော့ သေချာမပြောနိုင်ဘူး"

ရေစကြိုက ကျေးရွာလမ်းအချို့ကို စစ်အုပ်စုက ဖျက်ဆီးလို့ ဒေသခံတွေ အခက်တွေ့နေ

"လမ်းတွေကို ဖျက်ဆီးထားတာက ၄ ပေ အကျယ် ၄ ပေအနက်လောက် ဘတ်ဟိုးတွေနဲ့တူးပြီး ဖျက်ထားတာ။ ကားက လုံးဝသွားလို့ မရဘူး။ ဆိုင်ကယ်လောက်ပဲ ဘေးကနေ ကပ်သွားလို့ ရတယ်။ ဒီလမ်းတွေက ရွာတွေဘက်က ထွက်တဲ့ကုန်စည်ကို မြို့တက်ရောင်းဖို့ အဓိကကျတာလေ။ သူတို့တွေ ခုလိုလုပ်ထားတော့ ဒေသခံတောင်သူတွေပဲ ဒုက္ခရောက်ရတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10