Kyaw Gyi

ကမ္ဘောဇတိုင်းအယ်ဒီတာချုပ် ဦးကျော်ဇေယျ အဖမ်းခံရပြီး စစ်ကြောရေးရောက်သွားပြီလို့ဆို

“ကြို့ပင်ကောက်ကအိမ်မှာ ဖမ်းခံရတာ။ သူကရှောင်နေရတာကြာပြီ။ ခု စရဖလက်ထဲ လွှဲလိုက်ပြီဆိုတော့ စစ်ကြောရေးတော့ ရောက်သွားလောက်ပြီ"

စစ်ကောင်စီက ဦးဆောင်ပြုလုပ်တဲ့ လမ်းလျှောက်ပွဲ ဗုံးပစ်ခံရ

"အဲဒီနေရာမှာက စကစ မြို့နယ်စီမံကောင်စီက ဦးစီးပြီး လမ်းလျှောက်ပွဲ ခဏခဏလုပ်နေတာ။ လာတာကလည်း ဌာနဆိုင်ရာအများစုနဲ့ သူတို့က မလာမနေရ သတ်မှတ်ထားတဲ့သူတွေလောက်ဘဲ ပါတယ်။ ဗုံးပေါက်တာတော့ ဟုတ်တယ်။ ထိခိုက်တယ်ဆိုတာတော့ မကြားရဘူး။ အသံဗုံးဘဲ ထင်တယ်"

စစ်ကိုင်းက စိုက်ပျိုးရေးရုံး ဗုံးကွဲပြီး ၁၁ လအရွယ်ကလေးငယ်အပါ ၉ ဦးဒဏ်ရာရ

"ရုံးထဲပေါက်ကွဲမှုဖြစ်တာတော့ ဟုတ်တယ်။ ဌာနဆိုင်ရာရုံးဆိုတော့ ဝင်လို့လည်းမရဘူးလေ။ ပြန်သိရတာက အပြင်ကလာပစ်တယ်လည်း ပြောနေကြသလို သူတို့ရုံးကိုလာပေးတဲ့ ပါဆယ်ထုပ်ကနေ ပေါက်တယ်လို့လည်းပြောနေကြတယ်။ ရုံးထဲကလူတွေ ထိခိုက်သွားတာတော့ ရှိတယ်။ ထိခိုက်သွားသူတွေထဲမှာ ဒုဦးစီးမှူးတွေလည်းပါတယ်"

ကြံခိုင်ရေးပါတီ ကျေးရွာစည်းရုံးရေးမှူး ၁ ဦးပစ်ခတ်ခံရလို့ သေဆုံး

"သူကထုံးကြီး အထကကျောင်း အာစရိယပူဇော်ပွဲအတွက် အင်းတကော်မှာ ဗွီနိုင်းထုတ်ပြီးပြန်လာတာ။ အဲဒါကိုအနောက်ကနေဆိုင်ကယ်နဲ့ လိုက်လာတဲ့သူတွေကအနီးကပ်သေနတ်နဲ့ပစ်သွားတာ။ နေရာမှာဘဲသေသွားတယ်"

သရက် GTI ကျောင်းက ကျောင်းသားနဲ့ကျောင်းသူ ၃ ဦးရေနစ်သေဆုံး

"သူတို့က သရက် GTI က ကျောင်းသားတွေ။ ကျောင်းပိတ်ရက် ပျော်ပွဲစားထွက်တဲ့သဘောနဲ့လာတာ။ လာတာ ၈ ဦး။ ၃ ဦးက ရေနစ်သေသွားတယ်။ သိရေလာက်က သူတို့တွေက ဝက်ထီးကန်ဘက်ကလို့ သိရတယ်။ သူတို့ နာမည်နဲ့ အခြားအချက်အလက်တွေက မသိရဘူး"

မိုင်းဆင်ဖို့သွားတဲ့ PDF တွေ စစ်ကောင်စီတပ်နဲ့တိုးပြီး ပစ်ခံရလို့ ၃ ဦး ကျဆုံး

"ဖြစ်စဥ်က ဟုတ်တယ်။ ကလေးတွေက မိုင်းဆင်ဖို့သွားတာ။ စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်ခံရတာ။ သွားတာက ၅ ဦးပါ။ ကျဆုံးကလေးတွေရဲ့အလောင်းကို စစ်ကောင်စီဘက်က ကားနဲ့အတူ မီးရှို့ခဲ့တာ။ မီးရှို့ခံထားရတဲ့ အလောင်းကိုဘဲ ကောက်လာပြီး နာရေးလုပ်ဖို့ ပြင်နေပါတယ်"

ပဲခူးတိုင်းအနောက်ခြမ်းမှာ ဆိုင်ကယ်စီးသူတွေကို စစ်ကောင်စီက ငွေတောင်းကြမ်းနေလို့ ဒေသခံတွေ ခက်ခဲနေ

"သူတို့လုပ်တာက အခြေခံလူတန်းစားတွေကို ဒုက္ခပေးတာနဲ့တူတူဘဲ။ တမြို့နယ်ထဲလုပ်နေတာမဟုတ်ဘူး။ ပဲခူးအနောက်ခြမ်းမြို့နယ်အားလုံးမှာ တပုံစံတည်းလုပ်နေတာ။ ငွေတောင်းတယ်။ မပေးရင် ဆိုင်ကယ်သိမ်းတယ်။ ဒါက သူတို့ကံကြမ္မာကို သူတို့ဖန်တီးနေတာဘဲ။ ဒီလိုလုပ်လေ လူထုက သူတို့ကို မုန်းလေစိတ်နာလေဘဲ။ ဖမ်းခံထိတဲ့ အထဲမှာ စကစ ထောက်ခံသူ၊ ပါဝင်နေသူတွေတောင် ဖမ်းတာဘဲ။ ဖမ်းဆီးရေးတာဝန်ရှိတဲ့သူတွေက ငွေရဖို့တခုတည်းဘဲ ကြည့်တော့တာ"

ကန့်ဘလူမှာ လယ်တဲ ၁၄ လုံးကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့မီးရှို့သွား

"မနေ့ကနေ့လည်လောက်က ရွာထဲကိုဝင်တာမဟုတ်ဘဲနဲ့ ရွာအနောက်ဘက်က လယ်တွေ၊ခြံတွေထဲဝင်လာတာ။ သူတို့လိုချင်တဲ့ သူတဦးကိုလာရှာတယ်လို့​ပြောတယ်။ မတွေ့သွားတော့ တဲတွေကိုအကြောင်းမဲ့မီးရှို့သွားတယ်။ ကော​က်ရိုးပုံတွေတောင်မချန်ဘူး"

သားမက်ဖြစ်သူ ဗိုလ်ကြီးအားကိုးနဲ့ထင်တိုင်းကြဲနေတဲ့ ကျီတော်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

"သူ့သမက်က စကစတပ်က အရာရှိဖြစ်တယ်။ ထန်းတပင်မှာ စကစ အားကိုးရဆုံး အုပ်ချုပ်ရေးမှူးတယောက်ဖြစ်တယ်။ ဒါကြောင့်လဲဒီဘက်က အဖွဲ့တွေကပစ်ခတ်ရှင်းလင်းလိုက်တာဖြစ်တယ်။"

မုံရွာမှာ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားသေနတ် ၅ ချက်အပစ်ခံရ

"လာတာက လူလတ်ပိုင်းအမျိုးသား ၃ ယောက်လို့ သိရတယ်။ ရွှေဆိုင်ကို ပစ်ခတ်ပြီးမှ ရွှေလုသွားတာ။ အများကြီးတော့ မပါသွားဘူး။ သူတို့သေနတ်နဲ့ပစ်လို့ ဆိုင်ရှင်အမျိုးသားတော့ ထိသွားတယ်။ ဆိုင်မှာက လင်မယား နှစ်ယောက်တည်းရှိကြတယ်လို့ သိရတယ်"

သဲတောရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ဦးသေဆုံးနိုင်ပြီး PDF ၂ဦးကျ

"မနေ့က ဒီကောင်တွေက စစ်ကြောင်းထိုးလာတာ။ ဒီဘက်ကလည်း လက်နက်ကြီးတွေပစ်တယ်။ သူတို့ဘက်ကလည်းပစ်တယ်။ တိုက်ပွဲကကြာတယ်။ ရွာထဲတိုက်ပွဲမှာ ပူးပေါင်းအဖွဲ့က ရဲဘော်တွေကျတာရှိတယ်။ စကစ ဘက်ကလဲ ကျတယ်"

ရေစကြို ပိတ်သင်းကပ်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေမီးရှို့သွား

"အဲကောင်တွေက ပြီးခဲ့တဲ့ရက်က ကျနော်တို့နဲ့တိုက်ပွဲဖြစ်လိုက်တဲ့ကောင်တွေပဲ။ သူတို့က ရွှေ့လျားစစ်ကြောင်း လျှောက်သွားနေတာ။ နေ့လည်ပိုင်းမှာ ပိတ်သင်းကပ်ကိုဝင်ပြီး မီးရှို့သွားတာ။ ဒေသခံတွေကတော့ သူတို့ ဝင်လာမယ် သတင်းကြားကတည်းကပြေးကုန်တာ။ တရွာလုံးရှို့သွားတာတော့မဟုတ်ဘူး"

CDM ဝန်ထမ်းတွေ ဘဝနေထိုင်မှုခက်ခဲနေပြီး အချို့က ကျောက်ကပ်ထုတ်ရောင်းဖို့ထိ စဥ်းစားလာနေ

"ကျနော်အသိ ပညာရေး CDM ဝန်ထမ်းတဦးဆို အလုပ်အကိုင်က အဆင်မပြေတဲ့ကြားထဲ ကျန်းမာရေးကမကောင်းတော့ ကြံရာမရတဲ့အဆုံး ကျောက်ကပ်ထုတ်ရောင်းဖို့ထိ စဥ်းစားလာတယ်။ အဆက်အသွယ်ရှိရင် ချိတ်ပေးပါလားဆိုတာထိ ဖြစ်လာတယ်။ ကျနော်ကိုယ်တိုင်လည်း ပညာရေး CDM ဝန်ထမ်း။ စကစ ကို တော်လှန်နေတဲ့သူဆိုတော့ သူတို့အတွက် ကူညီပေးနိုင်တဲ့ အင်အားမရှိဖြစ်နေတယ်"

ရေစကြိုနယ်က PDF စခန်းငယ်တခုအသိမ်းခံရပြီး လက်နက်တွေပါဆုံးရှုံး

"လူမနေတဲ့ ကန့်အဟောင်းနေရာတခုပါ။ ဖြစ်စဥ်ဖြစ်တာကတော့ ဟုတ်တယ်။ လက်လုပ်တွေလည်း ပါသွားတာ ဟုတ်တယ်။ ဘယ်အဖွဲ့ရဲ့နေရာလဲဆိုတာ သေချာပြန်စုံစမ်းပေးပါ့မယ်။ တိုက်ပွဲဖြစ်တာတော့မဟုတ်ဘဲ စကစ ဘက်က သတင်းအတိအကျရလို့ လာသိမ်းသွားတဲ့သဘောပဲ။ အဲ့ဒီဘက်ကလည်း စကစနဲ့ နီးတယ်လေ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10