Kyaw Gyi

ရပ်ကွက်ရုံးစောင့်နေတဲ့ စစ်သားတွေ အလစ်ပစ်ခတ်ခံရလို့ ၃ ဦးသေ

"မြဝတီရပ်ကွက်ရုံး စစ်ဆေးရေးဂိတ်က ကျောက္ကာလမ်းပေါ်မှာရှိတယ်။ ပြီးတော့ မိုင်တဲရုံးမှာလဲ စကစတွေက ရှိနေတော့ မစ်ရှင်လုပ်ဖို့က သေချာသတင်းစုံစမ်းပြီးမှ သူတို့လုံခြုံရေးအား နည်းတဲ့အချိန်ကိုယူပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်။ ကျနော်တို့ဘက်က ပစ်တဲ့အချိန်မှာ မျက်စိရှေ့မှာတင်လဲကျသွားတဲ့သူတွေရှိတယ်။ ကျနော်တို့ပစ်တဲ့အချိန်မှာ သူတို့ဘက်က ပြန်ပစ်ချိန်တောင်မရလိုက်ဘူး"

မိုင်းအကြိမ်ကြိမ်အခွဲခံရတဲ့ တံတားအသစ်မှာ အုတ်သယ်ကား မိုင်းထိလို့ ၂ ဦး သေ ၃ ဦးဒဏ်ရာရ

"အဲကားက ကျောက်ကြီးဘက်ကနေ ပဲနွယ်ကုန်းဘက်ကိုအသွား အဲတံတားပေါ်ကပဲ ဖြတ်သွားတယ်။ ဘာမှမဖြစ်ဘူး။ အုတ်သယ်ပြီးအပြန် တံတားပေါ်အတက် ချဉ်းကပ်လမ်းနဲ့တံတားနဲ့ကြားမှာ မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်တာ။ ကားကဝိတ်ပါလာတဲ့အတွက် ဖြစ်တာလို့ ယူဆလို့ရတယ်။ ကားကတော့ ခေါင်းပိုင်းကို ထိသွားတာ"

လယ်ကွင်းမီးရှို့လို့ စစ်ကောင်စီလာမယ့်လမ်း ထောင်ထားတဲ့မိုင်းတွေ အချိန်မီပြန်သိမ်းခဲ့ရ

"ကျနော်တို့ဘက်က မိုင်းကို သေချာစနစ်တကျ ပြင်ထားတာ။ အဲဒါကို ဘယ်ဒေသခံက သူတို့လယ်ကွက်ကို မီးရှို့လဲမသိဘူး။ ထောင်ထားတဲ့မိုင်းနားထိ မီးကရောက်လာပြီး မိုင်းအပြင်ပိုင်းအချို့ပါ မီးလောင်ခဲ့တာ။ ကျနော်တို့ဘက်က အချိန်မှီသိလိုက်လို့ အမြန်ပြန်ဖြုတ်ခဲ့ရတာ။ မဟုတ်ရင် လမ်းသွားလမ်းလာဒေသခံတွေ ဘယ်လောက်တောင် သေမလဲ မသိဘူး"

စစ်ကောင်စီ ယာယီတပ်စွဲထားတဲ့နေရာကို ဒရုန်းနဲ့တိုက်ခံရလို့ ၄ ဦးသေဆုံးဟုဆို

"ကျနော်တို့အဖွဲ့က နယ်မြေခံမဟုတ်တော့ မဟာမိတ်အဖွဲ့တွေရဲ့ ဖိတ်ခေါ်တဲ့အတွက် သူတို့နဲ့အတူ ပူးပေါင်းပြီး မစ်ရှင်ဖော်ဆောင်ခဲ့တာပါ။ ဒီမစ်ရှင်ကိုတော့ ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရတယ်။ ဒရုန်းတွေ သယ်ယူဖို့ ခက်ခဲတာပေါ့။ ဒရုန်းဗုံးကတော့ ၆ လုံး ချခဲ့တယ်။ ထိခိုက်သေဆုံးကတော့ မျက်မြင်အခြေနေကြည့်ပေးတဲ့သူတွေက သတင်းပြန်ပေးလို့ သိရတာပါ။ သူတို့တပ်က စစ်ကြောင်းထိုးပြီး ယာယီဝင်နားတဲ့အဖွဲ့လို့တော့ သိရတယ်"

ရောဂါကြောင့် စိတ်ဖိစီးမှုများပြီး အမျိုးသမီး ၁ ဦး ကြိုးဆွဲချသေဆုံး

"သူ့မိသားစုတွေကနေ သိရတာက သူက အစာအိမ်အနာပေါက်တာကို သူ့ကိုယ်သူသေလူဆိုပြီး သတ်မှတ်ထားတာ။ သူ့ရောဂါနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုများပြီး လုပ်လိုက်တာလို့တော့ သိရတယ်။ ကျန်တဲ့ လူမှုရေးကိစ္စ၊ စီးပွားရေးပြသနာမရှိဘူး"

တောင်ငူလေတပ်‌ကို ရှော့တိုက်ဒုံး ၈ လုံးနဲ့တိုက်ခိုက်လို့ ရဟတ်ယာဥ် ၁ စီးထိခိုက်ပြီး ၃ ဦးသေဆုံးဟုဆို

"ပထမရက်မှာ ၄ လုံး သွားပစ်တယ်။ နောက်တရက်မှာ ၄ လုံး သွားထပ်ပစ်တယ်။ တိုက်ခိုက်မှုဖြစ်စဥ်မှာ ထိခိုက်ပျက်စီးသေဆုံးတွေက ထုတ်ပြန်ပေးထားတဲ့အတိုင်းပါပဲ။ အဲဒါကတော့ သေသေချာချာစုံစမ်းပြီး ဖရဲသီးတွေဆီက ရတဲ့အချက်အလက်တွေအရ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ နောက်ဆက်တွဲ အခြေအနေတွေကတော့ ထပ်မသိရသေးဘူး"

ပဲခူးရွှေမော်ဓောဘုရားပွဲ ဗုံးပေါက်လို့ ပွဲဈေးလာတဲ့အမျိုးသမီး ၁ ဦးဒဏ်ရာရ

"ဗုံးက စျေးဝန်းထဲမှာပေါက်တာ။ အသံဗုံးဘဲ ဖြစ်နိုင်မယ်။ ဗုံးကွဲချိန် ဘေးနားဖြတ်တဲ့ အမျိုးသမီး ၁ ဦးပဲ ထိခိုက်သွားတာ။ ဟိုလို ပြင်းအားများတဲ့ ဗုံးတော့ မဟုတ်လောက်ဘူးထင်တယ်။ ပြင်းအားများရင် တော်တော်များများ သေကြမယ်ထင်တယ်"

စစ်ကောင်စီ စစ်ကြောင်းဝင်နေလို့ ဆားလင်းကြီးဒေသခံ ၇၀၀၀ ကျော်ထွက်ပြေးနေရ

"ကျော်မှော်ကနေ စဝင်လာလိုက်တာ။ ခုတော့ နောက်ဆုံးအခြေနေက ဝဲကွဲ၊ ဝဲကြီးဘက်ကို ရောက်နေတယ်လို့တော့ သိရတယ်။ စစ်ကြောင်းဝင်လာတော့ ရွာတွေက ဒေသခံတွေကတော့ ကြောက်ပြီးပြေးနေရတယ်။ နေရဲတဲ့သူတွေက နည်းတယ်"

ရွှေဘိုမှာ မိုင်း ၂ ကြိမ်ကွဲလို့ အမျိုးသား ၁ ဦးသေဆုံးကာ ၁၉ ဦးဒဏ်ရာရ

"ပထမအကြိမ်က ရွှေဘိုမြို့အဝင် မူးဘောင်တံတားပေါ်မှာ မိုင်းကွဲတယ်။ နောက်တကြိမ်က အဲ့နားနဲ့ မလှမ်းမကမ်းမှာ နောက်တလုံး ထပ်ကွဲတယ်။ လူသွားလူလာစည်ကားနေတဲ့ အချိန်ဖြစ်နေတော့ ထိခိုက်သူတွေ တော်တော်များတယ်။ ခုတော့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတယ်။ ကျား ၁ ဦးကတော့ ဆေးရုံရောက်မှ ဆုံးသွားတယ်"

ရွှေဆိုင်က ပိုက်ဆံထုပ်တွေကားပေါ်တင်နေချိန် ဆိုင်ရှေ့ဓားပြတိုက်ခံရလို့ သိန်း ၁၀၀၀ ကျော်ပါသွား

"ဆိုင်ကသိမ်းချိန်ဆိုတော့ ဆိုင်ကငွေတွေကို အိမ်ပြန်သယ်ဖို့ ဆိုင်ရှေ့ကကားပေါ်ကို တင်နေတာ။ အဲဒီအချိန်မှာပဲ ကား ၁ စီးနဲ့ လူ ၃ ဦးက ငွေတင်နေတဲ့ကားနားကိုရောက်လာပြီး သေနတ်ပြပြီး ကားပေါ်ကငွေထုတ်တွေကို သူတို့ကားပေါ်ယူတင်ပြီး ထွက်သွားတာ"

တပ်မတော်နေ့ ကင်းလှည့်နေတဲ့စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရလို့ ၂ ဦးထက်မနည်းထိခိုက်

"ခါတိုင်းဆို သူတို့ဘက်က ယူနီဖောင်းတွေနဲ့ ကင်းလှည့်တာမရှိဘူး။ မနေ့ကတော့ ယူနီဖောင်းတွေနဲ့ လှည့်နေတာရှိတယ်။ မနေ့က သူတို့က စစ်တပ်အထိမ်းအမှတ်နေ့ဆိုတော့ လုံခြုံရေးကို သူတို့အလေးထားပြီး လုပ်နေတာဖြစ်မယ်။ သူတို့က မြို့ထဲကလာပြီးကင်းလှည့်ပြီး ပြန်အဝင်လောက်မှာ မိုင်းဆွဲလိုက်တာ။ အဓိကက စစ်ကောင်စီက ပြုလုပ်နေတဲ့ တပ်မတော်နေ့အထိမ်းအမှတ်ကို အသိအမှတ်မပြုဘူးဆိုတာ သိစေချင်လို့လုပ်တာ"

ဖုန်းအားသွင်းထားရာမှ မီးလောင်ပြီး နေအိမ် ၇ လုံးပျက်စီး

"သိရသလောက်က နေအိမ်မှာလူမရှိဘဲ အားသွင်းထားတယ်တဲ့။ သူတို့က မြို့ထဲအနေများတယ်။ အဲ့တော့ အားသွင်းထားရာကနေ အပူလွန်ပြီး မီးလောင်တာလို့ သိရတယ်။ မီးလောင်လို့ ၅ လုံးကတော့ လုံးဝ တိုင်လောက်ပဲ ကျန်တော့တာ။ ၂ အိမ်ကတော့ မီးနည်းနည်းစွဲသွားတာလောက်ပဲ"

ရေစကြိုမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ဒဏ်ရာရသူများ

"ဒရုန်း ၂ စီးနဲ့ ဗုံး ၁၄ လုံးချခဲ့တာ။ ရွာထိပ်က ကင်းစခန်းရယ်။ သူတို့စုနေတဲ့ အထိုင်နေရာရယ်ကို ဗုံးချခဲ့တာ။ ချသမျှဗုံး အကုန်ကွဲပါတယ်။ အဲဒီရွာမှာ ပျူနဲ့စကစတွေ တပ်စွဲထားတာက ကြာပါပြီ။ ရွာကတော့ရွာကြီးပါ။ အဲ့ဒီရွာက ပျူနဲ့ စကစ က ညဘက်တွေဆို နီးစပ်ရာရွာတွေဘက်ကို စစ်ကြောင်းထိုးတာတွေ ရှိတယ်"

ရွှေမော်ဓောဘုရားပွဲ အပျော်စီးပင်လယ်ဓါးပြလှေ အတက်လှေကားပြိုကျလို့ ၁၀ ဦးကျော်ဒဏ်ရာရ

"ပင်လယ်ဓားပြစီးမယ်ဆိုရင် အောက်ကနေ လှေကားနဲ့တက်ပြီးရင် အပေါ်ဆုံးအထစ်မှာ လူတွေစုပြီး ရပ်စောင့်တဲ့ လှေကားအဆင့်ပြိုကျတာ။ အဲ့ဒီအဆင့်က ဆင်းတဲ့သူကော၊ တက်တဲ့သူကောများတော့ အပေါ်ဆုံးကတဆင့် ပြိုကျတာ။ ပင်လယ်ဓားပြလှေ ပြတ်ကျတာမဟုတ်ဘူး။ ထိခိုက်ဒဏ်ရာရသူတွေတော့ များတယ်"

မန္တလေး-ရွှေဘိုလမ်းပိုင်းမှာမိုင်းကွဲလို့ ရဟန်း ၁ ပါးအပါအဝင် ၇ ဦးဒဏ်ရာရ

"မိုင်းက တနေရာထဲထိတာတော့ မဟုတ်ဘူး ။ အဲ့ဒီလမ်းပိုင်းပေါ် အကွာအဝေးသိပ်မကွာတဲ့နေရာ ၃ ခုမှာ မိုင်းထိတာ။ လမ်းဘေးမှာရှိနေတဲ့ မိုင်းတွေကနေ ကားတွေ၊ဆိုင်ကယ်တွေဖြတ်တဲ့အချိန် ထကွဲတာဖြစ်ပါတယ်။ စုစုပေါင်းထိတာက ကား ၃ စီးနဲ့ ဆိုင်ကယ် ၁ စီးပါ"လို့ ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10