ကျေးရွာချင်းဆက်လမ်းတွေကို စစ်ကောင်စီက ဖျက်ဆီးထားလို့ ဒေသခံတွေ သွားလာရေးခက်နေ
"ရွာထဲကနေ ထွက်တဲ့ မိန်းလမ်းတခုဘဲ ထားပြီး ကျန်လမ်းတွေကို အကုန်ဖျက်ထားတယ်။ မိန်းလမ်းမှာက သူတို့ စစ်ဆေးရေးဂိတ်ရှိတယ်။ ခုက ပုဇွန်းမြောင်းအပါအဝင် အခြားရွာတွေက စကစ စစ်ဆေးရေးဂိတ်ကို မဖြစ်မနေ ဖြတ်ပြီးသွားရတော့မယ်။ အဲ့လိုမှ မဟုတ်ရင်တော့ အခြားဘက်ကနေ လေးငါးမိုင်လောက် ကွေ့ပတ်ပြီး ညောင်လေးပင်မြို့ကို သွားရမယ်"လို့ ဒေသခံတဦးက ပြောပါတယ်။