မန္တလေးက မီနီအိုးဝေတွေကို အဝါရောင်ပြောင်းဖို့ မလိုက်နာရင် လိုင်စင်သိမ်းမယ်လို့ စစ်ကောင်စီခြိမ်းခြောက်
"သူတို့က အရောင်မပြောင်းရင် ပြေးဆွဲခွင့်ပိတ်မယ်။ လိုင်စင် ပိတ်သိမ်းမယ် ပြောတယ်ဆိုတော့ မူလအဝါရောင်ရှိတဲ့သူက ပြသနာမရှိဘူး။ ကျန်တဲ့အရောင်ရှိတဲ့ ယာဥ်ပိုင်ရှင်တွက အော်ဆေးတွေ ပျောက်မယ်။ ကုန်ကျစရိတ်တွေ ပိုလာမယ်။ ပြန်ရောင်းရင်လည်း ရှုံးမယ်။ သူတို့ခိုင်းသလို မလုပ်ရင် စားဝတ်နေရေး ခက်ခဲသွားမယ်။ တကယ်တမ်းက မလိုအပ်ဘူးလေ။ သူတို့လုပ်ချင်ရင် အစကတည်းက တင်သွင်းတဲ့ကုမ္ပဏီကို သူတို့ကြိုက်တဲ့ အရောင်တမျိုးတည်း သွင်းခိုင်းပေါ့။ ခုက မရောင်ရာဆီလူးတာနဲ့ တူတူဘဲ"