အင်တာဗျူး

အာဏာသိမ်း ၃ နှစ်အတွင်း အညာက PDF တွေ ဘယ်လို ဖြတ်သန်းခဲ့ရလဲ (ရုပ်/သံ)

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ၃ နှစ်အတွင်းမှာ အညာဒေသက လက်နက်ကိုင်အဖွဲ့တွေ ဘယ်လိုဖြတ်သန်းခဲ့ရလဲ။ အဖွဲ့တွေကြားထဲ တဖွဲ့နဲ့ တဖွဲ့ မသင့်မြတ်တာတွေ ရှိခဲ့လား၊ တော်လှန်ရေးရေချိန်က ၃ နှစ်အတွင်း အတက်၊ အကျ များခဲ့လား။ အညာမှာ စစ်ခွေးနိဂုံး ၂၀၂၃ ဆိုတာ တကယ်ဖြစ်ခဲ့လား။၂၀၂၄ ကိုရော ဘယ်လို ပြင်ထားကြလဲ စတာတွေနဲ့ ပတ်သက်ပြီး အညာဒေသ လက်နက်ကိုင်ခေါင်းဆောင်တချို့ကို မြေလတ်အသံက မေးမြန်းထားပါတယ်။

PDO / PDA တပ်ဖွဲ့ဝင်တွေကို ကောလင်းပကဖကဖမ်းပြီး ဘာကြောင့်ပြန်လွှတ်ပေးလိုက်သလဲ (ရုပ်သံအင်တာဗျူး)

“ကျနော်တို့ ရပ်တည်နေတာဟာ အန်ယူဂျီကို ကျနော်တို့က တိုက်ခိုက်ဖို့မဟုတ်ပါဘူး။ ကွဲပြားနေဖို့ မဟုတ်ပါဘူး။ ဒီမိုကရေစီကို တန်ဖိုးထားတာကြောင့်မလို့ ကျနော်တို့မှာ မတူတဲ့အမြင်တွေရှိတယ်။ မတူတဲ့ လှုပ်ရှားမှုတွေရှိတယ်။ အဲ့ဒါတွေကို အန်ယူဂျီအနေနဲ့ လက်ခံပေးဖို့၊ တော်လှန်ရေးကိုရှေးရှုပြီးတော့ သဘောထားကြီးဖို့ ကျနော်တို့က မျှော်လင့်တယ်။”

BNRA တပ်ဖွဲ့ဝင်တွေကို ကန့်ဘလူပကဖ ဘာကြောင့်ဖမ်းတာလဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အခြေပြုနေတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ် BNRA ရဲ့ တပ်ဖွဲ့ဝင် ၄ ဦးကို ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ BNRA တပ်ဖွဲ့ရဲ့ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စိတ်မှူးနဲ့ တပ်ဖွဲ့ဝင်တို့ဖြစ်ပြီး ၎င်းတို့ကိုင်ဆောင်တဲ့ မောင်းပြန်သေနတ် ၃ လက်၊ လက်လုပ်သေနတ် ၂၆ လက်နဲ့ ကျည်ဆံခဲယမ်း အများအပြားလည်း သိမ်းဆည်းခံထားရတယ်လို့ ပြောပါတယ်။

ကိုစိုးဝင်းဆွေပြောပြတဲ့ စစ်ကိုင်းနိုင်ငံရေးနဲ့ စစ်ကိုင်းဖယ်ဒရယ်အရေး (ရုပ်သံအင်တာဗျူး)

"ကျနော်တို့နားလည်တဲ့ စုပေါင်းခေါင်းဆောင်မှု သဘောတရားသည် အိမ်ကြီးကို ကြိုဆောက်ထားပြီးမှ မင်းတို့လည်း နေလို့ရပါတယ်ကွာ၊ တခန်းစီပေးပါမယ်ဆိုတဲ့ ပုံစံက စုပေါင်းခေါင်းဆောင်မှု မဟုတ်ဘူးဗျ။ ဒီလိုလုပ်တာက စစ်တပ်က အမျိုးသားညီလာခံ ခေါ်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေကြိုဆွဲထားသလိုပဲပေါ့ဗျာ။ သူ့စိတ်ကြိုက် ၂၀၀၈ အခြေခံဥပဒေဆွဲထားပြီးတော့မှ ဒါဒီမိုကရေစီပဲ၊ မင်းတို့ဒီမိုကရေစီလိုချင်ရင် ဒီအထဲကို ဝင်လုပ်ကြလေဆိုတဲ့ပုံစံကြီးပေါ့။ ဒီလိုမျိုး ကိုယ်ကအထိုင်ချပြီးမှ ဝင်လာကြဆိုတာ စုပေါင်းခေါင်းဆောင်မှု မဟုတ်ဘူးဗျ။"

"စစ်တပ်က နိုင်ငံရေးထဲပါနေရင် ဘယ်တော့မအေးချမ်းဘူး"

တပ်မတော်သားများအနေနဲ့ သူတပါးအာဏာတည်မြဲဖို့ ကိုယ့်ကိုလက်ကိုင်တုတ်လို အသုံးချနေတာ ပြန်စဉ်းစားကြပါ။ ကိုယ့်အရိပ်က ကိုယ့်နောက်အမြဲလိုက်နေမှာပါပဲ။ အကုသိုလ်တွေရှောင်ကြပါ။ ကိုယ်ချင်းစာတရားထားကြပါ။ ပြည်သူနဲ့ပူးပေါင်းကြပါလို့ ပြောချင်ပါတယ်။

“ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်နေတာ မဟုတ်ပါဘူး။ လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာ” (အင်တာဗျူး)

“ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်နေတာ မဟုတ်ပါဘူး။ လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာ”

"စစ်ကောင်စီ အခက် PDF အချက် " (ရုပ်/သံ)

စစ်ကိုင်းမှာ မြို့သိမ်း၊ စခန်းသိမ်းဖို့ ဘယ်လိုပြင်ဆင်ထားလဲ။ စစ်အုပ်စုကရော ဘယ်လိုအခြေအနေ ရှိနေလဲ။ အလင်းမဝင်တဲ့ စစ်ကောင်စီတပ်သားတွေကို PDF တွေဘက်က ဘာတွေပြောချင်နေလဲ ဆိုတာတွေကို Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲကို ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

"ဒကစရှိတဲ့ လောက်ကိုင်ကို သိမ်းနိုင်ရင် တိုင်းစစ်ဌာနချုပ်အထိသိမ်းနိုင်ဖို့ မျှော်လင့်လို့ရတယ်"

ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ လောက်ကိုင်မြို့တိုက်ခိုက်မယ်ဆိုတဲ့အခြေအနေနဲ့ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီတပ်ရင်ဆိုင်နေရတဲ့ စစ်ရေးအခြေ အနေတွေအပေါ် မြန်မာစစ်တပ်မှာ ၁၅ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM တပ်မတော်သား ဗိုလ်ကြီး ထက်မြက်ရဲ့ သုံးသပ်ချက်တွေကို တင်ဆက်ပေးထားပါတယ်။

ပုလဲမြို့သိမ်းတိုက်ပွဲအခြေအနေ (အင်တာဗျူး)

“မြို့သိမ်းတိုက်ပွဲစပြီလို့ ပြောလို့ရပါတယ်။ ဘာလို့ဆိုတော့ ဒါက ကျနော်တို့ ခံစစ်အနေအထား မဟုတ်တော့ဘူး။ ထိုးစစ်ပုံစံပြောင်းသွားပြီ။ ကျနော်တို့အနီးအနားမှာရှိတဲ့ နိုင်တဲ့စခန်းတွေကို စစ်ဆင်ရေးစတော့မှာ။” - ကျားသစ်နက်တပ်မတော် ဥက္ကဋ္ဌ ကိုဥက္ကာ

"လက်နက်ပြည့်စုံရင် ရှမ်းမြောက်ထက်မနိမ့်တဲ့ တိုက်ပွဲမျိုးဖော်ဆောင်နိုင်မယ်" (ရုပ်/သံ)

အညာက မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဘယ်လိုအခြေအနေရှိနေလဲ၊ ဘယ်အပိုင်းတွေမှာ လိုအပ်ချက်တွေ ရှိနေပြီး ဘယ်လိုတွေ ပြင်ဆင်နေကြလဲ စတာတွေကို မြင်းခြံခရိုင်တပ်ရင်း ၇( Zero ပြောက်ကျားတပ်မဟာ) တပ်ရင်းမှူး ဗိုလ်သက်ကြီး၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ရင်းမှူး ဗိုလ်အောက်ဆွဲနဲ့ Homalin People's Defense Force - HPDF 124 တာဝန်ခံ ကိုချာလီတို့ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။

ရှမ်းမြောက်ပိုင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ အညာဒေသက လက်နက်ကိုင်ခေါင်းဆောင်တွေ ဘာပြောသလဲ (ရုပ်/သံ)

ကိုးကန့် MNDAA၊ ရခိုင့်တပ်တော် AA နဲ့ တအောင်း TNLA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖို့ ၁၀၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးတခုကို အောက်တိုဘာ ၂၇ ရက်မှာ စတင်ဆင်နွှဲနေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လို့ နေပါတယ်။ အထက်ပါအခြေအနေတွေနဲ့ ပတ်သက်ပြီး အညာဒေသက တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို မြေလတ်အသံသတင်းဌာနက တယ်လီဖုန်းမှတဆင့် ဆက်သွယ်မေးမြန်ခဲ့ပါတယ်။

လက်နက်မပြည့်စုံပေမယ့် စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်နေတဲ့ CDF-Asho (ရုပ်/သံ)

အဖက်ဖက်က အသာစီးရထားတဲ့ စခန်းသိမ်းတိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် လက်နက်မမျှလို့ အောင်မြင်မှုတဝက်သာ ရခဲ့ကြပါတယ်၊။ အဲ့ဒါကြောင့် တပ်ဖွဲ့ရဲ့ တိုက်စစ်ကို ပိုမြှင့်ဖို့အတွက် “အောက်ချင်းတောင်ပံ”ဆိုတဲ့ ကမ်ပိန်းနဲ့ ဒရုန်းတစီး ဝယ်ယူဖို့ကြိုးစားနေတယ်လို့ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ ရိက္ခာကို စစ်ရေးစရိတ်ထဲက မသုံးဘဲ စိုက်ပျိုးရေးလုပ်ကာ ဖြေရှင်းနေ (ရုပ်/သံ)

တပ်ဖွဲ့မှာ ကြုံတွေ့နေကြတဲ့ ရိက္ခာပြတ်လပ်မှုတွေကိုတော့ ဗိုလ်သက်ကြီးတို့အဖွဲ့က အလှူခံတာမျိုးတွေရှိသလို တဖက်တလမ်းကနေလည်း သူတို့အဖွဲ့ ရောက်တဲ့အရပ်မှာ စားပင်သီးပင်တွေစိုက်ကာ လည်ပတ်နေတယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေအတွက် အသေခံတပ်သား ၂၂ ဦး ရွေးချယ်နိုင်ခဲ့ (ရုပ်/သံ)

ဒီသင်တန်းဟာ အရင်သင်တန်းတွေနဲ့ မတူဘဲ လိုအပ်လာရင် ဖောက်ခွဲရေးပိုင်းမှာ အသက်သေစေနိုင်တဲ့အထိ ဖြစ်လာနိုင်သလို အသေခံ အထူးကွန်မန်ဒိုရဲဘော် ၂၂ ယောက်ဟာလည်း ဒီအတွက် အဆင်သင့်ဖြစ်နေပြီး မြို့သိမ်းတိုက်ပွဲတွေကို အရှိန်မြှင့်ဖော်ဆောင်ဖို့နဲ့ ကနဦးမှာ သူတို့အတွက် အနီးဆုံးရန်သူတွေ ဖြစ်ကြတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ဖို့ ဦးတည်ထားတာဖြစ်ပါတယ်။

ရိက္ခာပြတ်နေလို့ ရဲဘော်တွေကို တခြားအဖွဲ့တွေဆီ ခွဲပို့ထားရတဲ့ ချိုးငှက်ပြောက်ကျားအဖွဲ့ (ရုပ်/သံ)

တော်လှန်ရေးကာလ အစပိုင်းမှာ ပြည်သူတွေရဲ့ ထောက်ပံ့ကူညီတာတွေနဲ့ တပ်ဖွဲ့က ရပ်တည်လို့ အဆင်ပြေနေပေမယ့် တော်လှန်ရေး၂ နှစ်အလွန်မှာတော့ အကူအညီတွေ မရှိတော့တဲ့အတွက် တပ်ဖွဲ့ရပ်တည်ရေး အခက်အခဲတွေနဲ့ ကြုံလာကြရပါတယ်။ အခုဆိုရင် တပ်ဖွဲ့ရိက္ခာပြတ်လတ်နေတာ ၅ လကျော်လာပြီဖြစ်လို့ ရဲဘော်တွေ အပြင်မှာ အလုပ်ထွက်လုပ်နေကြသလို ရဲဘော်တချို့ကိုလည်း တခြားတပ်ဖွဲ့တွေဆီ ခွဲပို့ထားရတဲ့အခြေအနေအထိဖြစ်နေတာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10