အင်တာဗျူး

“သူတို့ကတော့ ကြောက်အောင်လုပ်တာ ဒါပေမယ့် ပြည်သူတွေက အဲ့ဒါတွေကြည့်ပြီးတော့ ပိုပြီး ဒေါသထွက်လာလေ သူတို့ကို ပြန်ပြီးတော့ သတ်ချင်လေ ဖြစ်လာတာပေါ့။” (အင်တာဗျူး)

အသတ်ခံရတဲ့ပြည်သူတွေ ဘယ်လို အဖမ်းခံလိုက်ရတာလဲ၊ စစ်ကောင်စီလက်မှာ ဘယ်လို ရက်ရက်စက်စက် အသတ်ခံလိုက်ရလဲဆိုတာနဲ့ပတ်သက်လို့ အသတ်ခံရတဲ့ အသက် ၇၀ အရွယ် ဦးရာစိန်ရဲ့ တူတော်စပ်သူကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

"အဖေ ခေါင်းဖြတ်(ပြတ်)တယ်လို့ ကြားကတည်းက အဖေ့ဆီကို သွားချင်စိတ်ကို မရှိတော့တာ" (အင်တာဗျူး)

ဦးတင်လှိုင် ဘယ်လိုသတ်ဖြတ်ခံခဲ့ရလဲ၊ ကျန်ရစ်သူမိသားစုတွေ ဘယ်လိုခံစားနေရလဲ၊ စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် မိသားစုတွေက ဘယ်လိုခံစားချက်ရှိနေမလဲဆိုတာနဲ့ ပတ်သက်ပြီး ဦးတင်လှိုင်ရဲ့ သမီးဖြစ်သူကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“သူတို့ကတော့ ကြောက်အောင်လုပ်တာ ဒါပေမယ့် ပြည်သူတွေက အဲ့ဒါတွေကြည့်ပြီးတော့ ပိုပြီးတော့ ဒေါသထွက်လာလေ သူတို့ကို ပြန်ပြီးတော့ သတ်ချင်လေ ဖြစ်လာတာပေါ့။” - စီပါရွာ ဒေသခံနဲ့ အင်တာဗျူး

အသတ်ခံရတဲ့ပြည်သူတွေ ဘယ်လို အဖမ်းခံလိုက်ရတာလဲ၊ စစ်ကောင်စီလက်မှာ ဘယ်လို ရက်ရက်စက်စက် အသတ်ခံလိုက်ရလဲဆိုတာနဲ့ပတ်သက်လို့ အသတ်ခံရတဲ့ အသက် ၇၀ အရွယ် ဦးရာစိန်ရဲ့ တူတော်စပ်သူကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“စစ်ဘေးအပြင် အငတ်ဘေးပါ ရောက်နေကြပြီ” ဒေါ်အိသူသူမောင်နှင့် အင်တာဗျူး (ရုပ်/သံ)

အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက် ဒေါ်အိသူသူမောင် သူဘယ်လိုဖြတ်သန်းခဲ့လဲ။ တော်လှန်ရေးတပ်ဖွဲ့မှာရော ဘယ်နေရာကနေ ပါဝင်နေတာလဲ။ စတာတွေကို ဒေါ်အိသူသူမောင်နဲ့ ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

လိမ်ပြီး ရဲသင်တန်းကျောင်းပို့ခံလိုက်ရတဲ့ ရဲတပ်သား အလင်းဝင်လာ (အင်တာဗျူး)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ ဝက်ထီးကန် အမှတ် ၂ ရဲလေ့ကျင့်ရေးကျောင်းမှ သင်တန်းဆင်းပြီးနောက် မှော်ဘီမြို့နယ်အတွင်း ရဲစခန်းတခုမှာ တာဝန်ကျနေတဲ့ ရဲတပ်သား သက်ပိုင်အောင်ဟာ အောက်တိုဘာ ၃ ရက်မှာ Salingyi Border Task Force - SBTF ဆီကို အလင်းဝင်ခဲ့ပါတယ်။

"ကျနော့်မွေးချင်းတွေကတောင် ကျနော့်ကို မခေါ်ချင်တော့ ရင်ထဲတော့ နင့်ကနဲခံစားရတာပေါ့" (အင်တာဗျူး)

အာဏာသိမ်းစကတည်းက ရဲအလုပ်ကို စိတ်ပျက်လာခဲ့ပြီးနောက်မှာ CDM လုပ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မိသားစုအခြေအနေကြောင့် လုပ်ဖို့မလွယ်ကူခဲ့ဘူးလို့ဆိုတဲ့ ရဲတပ်ကြပ်ကြီး ဦးအောင်ကိုဟာ သူတာဝန်ပြန်ကျတဲ့ ဇာတိ မြိုင် ကိုအရောက်မှာ ဆွေမျိုးအသိုင်းအဝိုင်းတွေရဲ့ ဖယ်ကျဉ်ခံရတဲ့ဒဏ်ကို မခံစားနိုင်တဲ့ အဆုံးမှာ အလင်းဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

နိုင်ငံရေးလမ်းစဥ်နဲ့ ညှိနှိုင်းဖို့ပြောတဲ့ အာဏာသိမ်းခေါင်းဆောင်ကို PDF တွေ ဘယ်လိုတုံ့ပြန်ကြမလဲ (အင်တာဗျူး)

အညာက PDF အဖွဲ့တွေအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအချို့ရဲ့ တာဝန်ရှိသူတွေ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဘယ်လိုမျိုး တုံ့ပြန်ပြောဆိုထားကြလဲဆိုတာကို အခုတင်ဆက်ပေးတဲ့ အင်တာဗျူးရုပ်သံမှာ တွေ့ရမှာဖြစ်ပါတယ်။

“အမေက လာဖမ်းတဲ့သူကို ခြေသလုံးဖက် တောင်းပန်တာကိုမှ ရဲတယောက်က ခြေထောက်နဲ့ ဆောင့်ကန်ခဲ့တာ” PDF ထံ အလင်းဝင်လာတဲ့ စစ်မှုထမ်းဖို့ အတင်းအဓမ္မစုဆောင်းခံရသူ တပ်သားသစ်နှစ်ဦးရဲ့ အင်တာဗျူး

ကိုချမ်း နဲ့ ကိုဖိုးသားတို့ စစ်တပ်ရဲ့ အတင်းအဓမ္မဖမ်းဆီးခံခဲ့ရပုံ၊ စုဆောင်းရေး၊ စစ်သင်တန်းတက်ရောက်စဉ် ကာလတလျှောက် ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေအပေါ် မြေလတ်အသံသတင်းဌာနမှ ဆက်သွယ်မေးမြန်းထားတာကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။

ဇေယျာလွင်ပြောတဲ့ အညာအကြောင်း တစေ့‌တစောင်း (အင်တာဗျူး)

နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်း၊ အညာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအောင်မြင်မှုနဲ့ နယ်မြေစိုးမိုးထားနိုင်မှု အခြေအနေ တစေ့တစောင်းကို မြေလတ်အသံက မေးမြန်းဖြစ်ခဲ့ပါတယ်။

“စစ်တပ်က ဒီအချိန်မှာ ဘယ်တိုင်း(တိုင်းစစ်ဌာနချုပ်)မဆို လက်လွှတ်ရနိုင်ခြေ ရှိတယ်” (အင်တာဗျူး)

ကြီးကြီးမားမားစစ်ရှုံးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်က စစ်ခေါင်းဆောင်အဆင့်ဆင့်နဲ့ အောက်ခြေစစ်သားတွေရဲ့ လက်ရှိအခြေအနေတွေအပေါ် စစ်ကောင်စီတပ်မှာ ၁၅ နှစ် နီးပါးတာဝန်ထမ်းဆောင်ပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ(CDM)မှာ ပါဝင်နေတဲ့ CDM တပ်မတော်သား ဗိုလ်ကြီး ထက်မြက်ရဲ့ သုံးသပ်ချက်တချို့ကို တင်ပြပေးထားပါတယ်။

မိုးခေါင်တဲ့ ကန့်ဘလူနယ်ကတောင်သူတွေ ဘာပြောလဲ (Vox Pop)

အဲ့ဒီဒေသက တောင်သူတွေ ဘယ်လိုရင်ဆိုင်နေရပါသလဲ။ မိုးစပါးစိုက်ပျိုးရေးနဲ့ ပဲ၊ ပြောင်းစတဲ့ သီးနှံတွေစိုက်ပျိုးနေရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဒေသခံတောင်သူတချို့ရဲ့ ပြောစကားတွေကို မြေလတ်အသံက စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

ပြည်မြို့က စက်သုံးဆီ အခြေအနေ (အင်တာဗျူး)

ပြည်မြို့က ဒေသခံအချို့ကို မြေလတ်အသံသတင်းဌာနက စက်သုံးဆီဝယ်ယူရ ခက်ခဲနေတာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြပေးထားပါတယ်။

လေကြောင်းရန်ကြားက ၁ မိုင်ကျော်ခရီးကို လမ်းလျှောက်ကျောင်းတက်နေရတဲ့ ကလေးတွေ (ရုပ်/သံ)

ကျောင်းနေအရွယ် စစ်ရှောင်ကလေးငယ်တွေဟာ မနက်တိုင်း လွယ်အိတ်၊ ထမင်းချိုင့်ကိုယ်စီနဲ့ ကျောင်းသွားကြတယ်ဆိုပေမယ့် ဘယ်အချိန်များ လေယာဉ်ဝဲလာမလဲဆိုတဲ့ စိုးရိမ်စိတ်က မိဘတိုင်းလိုလို ပူပန်သောကတွေနဲ့ပါ။

အညာမြေရောက် ရန်ကုန်သူ ရဲဘော်ဖူး (အင်တာဗျူး) အပိုင်း ၂

အညာက တိုက်ပွဲတွေအကြောင်း၊ အညာပြည်သူတွေရဲ့အကြောင်းနဲ့ အညာမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုတွေအကြောင်းကို အခုတင်ဆက်ပေးမယ့် "အညာမြေရောက် ရန်ကုန်သူ ရဲဘော်ဖူး" ရဲ့ အင်တာဗျူး အပိုင်း ၂မှာ မြင်တွေ့ရမှာပါ။

အညာမြေရောက် ရန်ကုန်သူ ရဲဘော်ဖူး ( အင်တာဗျူး)

စစ်တပ်အာဏာသိမ်းပြီးနောက် ရှေ့နေ့တဦးဖြစ်တဲ့ မဖူးတယောက် လူငယ်ပီပီ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လာရင်း မြို့ပေါ်မှာ လုံခြုံမှုမရှိတော့လို့ တောခိုဖို့ ထွက်လာခဲ့ပါတယ်။ မီဒီယာ တခုခုမှာ သတင်းတင်ဆက်သူအဖြစ်ဆက်ပြီးရပ်တည်ဖို့ ရယ်ရွယ်ထားခဲ့ပေမယ့် အခြေအနေအရပ်ရပ်ကြောင့် လက်နက်ကိုင်အဖွဲ့တခုမှာ ဘဏ္ဍာရေးတာဝန်ခံ ရဲဘော်ဖူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10