“ကိုယ်ပိုင်စစ်တပ်တခု ထူထောင်မယ်၊ ကိုယ်ပိုင်စစ်ဒေသတခုဖော်ဆောင်မယ်၊ တော်လှန်ရေးပြီးလို့ ၅ နှစ်အထိအောင် လက်နက်မစွန့်ဘူးဆိုတဲ့ သူတို့ရဲ့ မူဝါဒတွေကြောင့် ကျနော်တို့တွေက သူတို့နဲ့လက်တွဲဖို့ မဖြစ်နိုင်ဘူးပေါ့”
အစိုးရတရပ် ရှိနေပြီးသားဖြစ်တယ်။ ပြည်သူလူထု တင်မြှောက်ထားတဲ့ NUG အစိုးရရှိနေပြီးသား (မိုးကြိုးပြောက်ကျားအဖွဲ့ရဲ့)မူဝါဒအတိုင်းသာ လိုက်လုပ်မယ်ဆိုရင် ကျနော်တို့ လမ်းလွဲသွားမယ်ပေါ့။ ပြည်သူတွေနဲ့လည်း ပြဿနာဖြစ်မယ်၊ ပြည်သူအငြိုအငြင်လည်းခံရမယ်။ အဲ့ဒါကြောင့်မို့ သူတို့နဲ့ဆက်မလုပ်နိုင်ဘူး။ ထောက်ပံ့ရေးအဖွဲ့အစည်းက အမိန့်ပေးညွှန်ကြားမှု လုပ်လာတာတွေကြောင့် ကျနော်တို့အနေနဲ့ လုံးဝလက်မခံနိုင်ဘူးပေါ့။ ဒါတွေကြောင့် ကျနော်တို့တွေအားလုံး တိုင်ပင်လိုက်ကြပြီး MOD မှာ တပ်ရင်းလျှောက်တယ်ပေါ့။ တပ်ရင်းလျှောက်လိုက်တဲ့နောက်ပိုင်းမှာပဲ ကိုဆိုင်ဂုံကို ထုတ်ပယ်တယ်။