သတင်းတို

နတ်တလင်းမြို့က တိတ်ဆိတ်ခြင်းသပိတ်ကိုဒရုန်းဖြင့်မှတ်တမ်းတင်သူဖမ်းဆီးပစ်ခတ်ခံရ

"ည ၉ နာရီလောက်မှာ မြို့ထဲကသေနတ်သံတွေကြားရပြီး ည ၁၀ နာရီခွဲလောက်မှာ ရဲစခန်းထဲက သေနတ်ဖောက်သံတချက်ကြားလိုက်တယ်။ စုံစမ်းကြည့်တော့မှ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းက ဖိုးစိုင်းကို ဖမ်းတာလို့သိရတာ စစ်ဆေးနေတုန်း သေနတ်နဲ့ ပစ်တာတဲ့ သူရဲ့ပေါင်ကိုမှန်သွားတယ် လည်းကြားတယ်။ မနေ့က သူကဒရုန်းနဲ့ လျှောက်နေတာလေ ဒလန်တွေပဲသတင်းပေးတာ နေမှာပေါ့"

တပ်သားသစ်စုဆောင်းနေသည့် ကံမမြို့စစ်ကောင်စီကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်

"အဓမ္မ စစ်သားစုဆောင်းတာ ရွာအချို့ကိုရည်ရွယ်ချက်ရှိရှိ လျှပ်စစ်မီး ဖြတ်တောက်တာတွေ လုပ်နေတဲ့အတွက် တိုက်ခိုက်ခဲ့တာပါ"

ဝက်လက်မှာ PDF ရဲဘော်နှစ်ဦး မိုင်းထိမှန်ပြီးကျဆုံး

“မိုင်းထောင်ရင်းနဲ့မိုင်းက ထကွဲသွားတာပါ၊ ၂ ယောက်လုံးသေဆုံးသွားတာပါ၊ အလောင်းတောင် ကောင်းကောင်းကောက်လို့မရပါဘူး။ တပိုင်းတစဆီဖြစ်သွားတာ၊ ဒီဝက်လက်မြို့နယ်ထဲက ပွိုင့်တခုကို စစ်ကောင်စီတွေလာနေလို့ အပြေးအလွှားထောင်ရင်းနဲ့ ဖြစ်သွားတာ၊ ကျန်ရှိတဲ့ မိသားစုဝင်တွေကိုတော့ ကျနော်တို့တတ်နိုင်သလောက် ထောက်ပံ့ရမှာပေါ့”

မဲနှစ်ကြိမ်ပေးသည်ဟုဆိုကာ အမူဖွင့်ခံရသူများတွင် CDM ဝန်ထမ်းအချို့ပါဝင်နေ

"ကျနော်တို့ကြားမိသလောက်က အမူဖွင့်ခံရသူ ၈ ဦးလောက်ရှိတယ်လို့ သိရတယ် မိတ်ဆွေတဦးရဲ့သား CDM ဝန်ထမ်းကိုလည်း အရင်က ခြိမ်းခြောက်ငွေတောင်းတာတွေရှိခဲ့တယ်ပေးလည်းပေးခဲ့ရတယ်။ အခုလည်း မဲနှစ်ကြိမ်ပေးတယ်ဆိုပြီး အမှုဖွင့်နေပြန်ပြီ ဖြစ်ပုံက သူ့နာမည်က အခြားအုပ်စုထဲမှာလည်းပါနေတာ အဲဒါနဲ့သူ့ကို မဲနှစ်ကြိမ်ပေးတယ်ဆိုပြီးစွပ်စွဲတာ တမင်သက်သက်လုပ်တာ"

အုတ်ဖိုမြို့နယ် ​NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးရဲ့ နေအိမ်တွေကို စစ်ကောင်စီ ချိတ်ပိတ်

အုတ်ဖိုမြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းရဲ့နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်တို့ရဲ့နေအိမ်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။

NUG အစိုးရ၏အလံတင်အခမ်းအနား မင်းကင်းပြည့်သူ့ကာကွယ်ရေးတပ်ရင်း ၂ တွင်ပြုလုပ်

"လက်ရှိကတော့ အလံတင်အခမ်းအနားလုပ်တာကတော့ ကျနော်တို့မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ တစ်ခုတည်းပါပဲခင်မျ၊ အဓိကကတော့ ကျနော်တို့က ကာကွယ်ရေးဝန်ကြီးဌာနရဲ့လမ်းညွှန် ညွှန်ကြားမှုနဲ့ဖွဲ့စည်းထားတဲ့တပ်ရင်းတစ်ခုဖြစ်တဲ့အတွက် ဝန်ကြီးဌာနကချမှတ်ထားတဲ့ လမ်းညွှန်ချက်စည်းကမ်းချက်တွေကို ရှေ့တန်းသွားတဲ့အခါမှာ ပြည်သူလူထုကို စောင့်ရှောက်ရမှာတွေ အသေးအဖွဲကိစ္စက ဂရုစိုက်ရမဲ့အချက်အလက်တွေ ဒါမျိုးအသေးအဖွဲ့ကိစ္စကအစ တပ်ရင်းမှူးကိုယ်တိုင်ကမှာထားတာတွေရှိပါတယ်ခင်ဗျ။"

ကြည့်မြင်တိုင်ဖြစ်စဥ် ယုတ်မာမှုမျိုးစကားလုံးရှာပြောဖို့အတော်ခက်ခဲ၊ အပြင်းအထန်ရှုံ့ချကြောင်း DPNS ပါတီဥက္ကဌပြော

“မနေ့ကတွေ့ရတာတော့ အတော်ကိုပဲ ကျတော့်အနေနဲ့ စိတ်မသက်မသာဖြစ်ရတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင် ဝမ်းနည်းပက်လက်ပေါ့ဗျာ။ ဒီကလေးတွေကို ရက်ရက်စက်စက် ကားနဲ့တိုက်တယ် အသေဖမ်းသလိုတောင်ဖြစ်တယ်။ အဲဒီလိုကိစ္စမျိုးက ဘယ်လိုမှစဥ်းစားလို့မရဘူး ဒီလိုလုပ်တဲ့ကိစ္စ ကျတော်အနေနဲ့အတော်လေးကို ဒီဖြစ်စဥ်နဲ့ပတ်သတ်လို့ စစ်အုပ်စုကို အပြင်းအထန်ရှုံ့ချတယ်။ ဒီလုပ်ရပ်အတွက် ဒီလိုယုတ်မာမှုမျိုးကို စကားလုံးရှာတာတောင် အတော်ခက်တယ်။”

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချမှတ် လက်ရှိထိန်းသိမ်းထားရာနေရာတွင်ဆက်လက်ထားရှိမည်

" နေပြည်တော်ကောင်စီဝန်းထဲက အထူးတရားရုံးမှာ တရားသူကြီးဦးမောင်မောင်လွင်က အမိန့်ချမှတ်လိုက်တာပါ။ စွဲဆိုထားတဲ့အမှုတွေထဲက အမှုကြီးတွေကိုတော့ ခရိုင်တရားသူကြီးကကိုင်တွယ်ပြီး အခုအမှုသေး‌တွေကိုတော့ မြို့နယ်အဆင့်က ကိုင်ရတာပါ။ ထောင်တွေဘာတွေတော့ မပို့သေးဘူး။ လျို့ဝှက်ထိန်းသိမ်းထားတဲ့နေရာမှာပဲ ဆက်ထားရှိပြီး ကျန်ရှိအမှုတွေကိုဆက်ရင်ဆိုင်ရမှာပါ"

ကိုယ်တိုင်လုပ် အဝေးပစ်စိန်ပြောင်းကိုစမ်းသပ်တဲ့အနေနဲ့ ရေပြာရဲစခန်းကို ပေါက်PDF ပစ်ခတ်

“မနေ့ည ၁၀ နာရီဝန်းကျင်လောက်က စမ်းသပ်ပစ်ခတ်မှုလုပ်တာပါ၊ကျနော်ကိုယ်တိုင်လုပ်တဲ့ လက်လုပ် လက်နက်ကြီးပါ၊ စိန်ပြောင်းလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ၊ “

ကြည့်မြင်တိုင်ပြောက်ကျားသပိတ်ဖြိုခွင်းမှုအပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း အမေရိကန်သံရုံးထုတ်ပြန်

ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ကြည့်မြင်တိုင်မြို့နယ်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည့် လူငယ်များအား စစ်ကားဖြင့်တိုက်သတ် ဖြိုခွင်းခဲ့သည့်အပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း အမေရိကန်သံရုံး(ရန်ကုန်)မှ ယနေ့ညပိုင်းတွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

မြေလတ်အသံသတင်းဌာန၏ စာဖတ်ပရိတ်သတ် မိဘပြည်သူများထံပန်ကြားချက်

နာမည်ပြောင်းတဲ့ အသိပေးစာတွေ ဝင်လာခဲ့ရင် ‌မစိုးရိမ်ကြဖို့နဲ့ ဆက်ပြီး သတင်းတွေစိတ်ချလက်ချ ဖတ်နိုင်ပါတယ်ဆိုတဲ့ အကြောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10