စစ်ကောင်စီရဲ့ ထွက်ပေါက်က ဘယ်မှာလဲ ( အတွေးအမြင်)

P

မြေလတ်အသံ၊ စက်တင်ဘာ ၂၁၊ ၂၀၂၂။

မကြာမီကာလအတွင်း စစ်ကောင်စီသည် ထွက်ပေါက်တစ်ခုကို မဖြစ်မနေ ရှာရတော့မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ အစဉ်တစိုက် ကိုင်စွဲလာသော ၂၀၀၈ အခြေခံဥပဒေက ပေးထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ)၏ အခန်းကဏ္ဍသည် ချုပ်ငြိမ်းရတော့မည် ဖြစ်သောကြောင့်ပင်။ 

စစ်ကိုင်းမှာ ခလရ ၅၇ ကစစ်ကြောင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရ (ရုပ်/သံ)

ဆားလင်းကြီး၊ စက်တင်ဘာ ၂၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ်နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ရွာတွေကိုမီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အင်အား ၁၈၀ ကျော်ပါတဲ့ အဲ့ဒီစစ်ကြောင်းကို စက်တင်ဘာလ ၁၉ ရက်မနေ့ကညပိုင်းနဲ့ ဒီနေ့မနက်ပိုင်းမှာ ၁၆၀ မမ၊ ၁၂၀ မမ စတဲ့လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်စွမ်းက ပြောပါတယ်။

စခန်းချနေတဲ့ တပ်မ ၁၀၁ က စစ်သားတွေ လက်နက်ကြီးနဲ့ပစ်ခံရလို့ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

ပခုက္ကူ၊ စက်တင်ဘာ ၂၀၊ ၂၀၂၂။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မြောက်ပိုင်းရှိ အရှေ့ဘုန်းကန်ကျေးရွာမှာ တပ်စွဲနေတဲ့ စစ်သားနဲ့ပျူစောထီတွေကို စက်တင်ဘာလ ၁၉ ရက်မနေ့က ဒေသခံကာကွယ်ရေးအဖွဲ့ ၈ ဖွဲ့ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Yesagyo Revolution Group 2 တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

အဲဒီရွာမှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က စစ်သားတွေအပါအဝင် အင်အား ၆၀ ၀န်းကျင်က တပ်စွဲနေထိုင်နေတာဖြစ်ပြီး၊ သူတို့ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အချက် ၃၀ နီးပါးပစ်ခတ်ခဲ့တာကြောင့် စစ်သား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

နောင်တချိန်မှာ လိပ်ပြာလုံစေချင်တယ် (ရုပ်/သံ)

မြေလတ်အသံ၊ စက်တင်ဘာ ၁၉၊ ၂၀၂၂။ ၂

၀၁၅ မှာ ကျောင်းဆရာမ ဖြစ်လာပြီး သင်ထောက်ကူတွေအစ ပြည့်ပြည့်စုံစုံ ထောက်ပံ့တာတွေ ရလာခဲ့ပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အဲဒါတွေဟာ သူမအတွက် ပြောင်းလဲသွားခဲ့ပါတယ်။ သူမကတော့ စစ်တပ်က အာဏာသိမ်းပြီး မတရားမှုတွေကို လက်မခံနိုင်တော့တဲ့အတွက် ၅နှစ်တာ တာ၀န်ထမ်းဆောင်ခဲ့တဲ့ ကျောင်းတော်ကြီးကို ကျောခိုင်းခဲ့သူ မကွေးတိုင်း မြိုင်မြို့နယ်က CDM မူလတန်းပြ ဆရာမ တဦးဖြစ်ပါတယ်။

#မြေလတ်အသံ

#အမျိုးသမီးကဏ္ဍ

စစ်ကောင်စီက မောင်တောနှင့်ဘူးသီးတောင်တွင် စစ်အင်အား ၁ သောင်းနီးပါးချထားပြီး တိုက်ခိုက်နေသော်လည်း AAက အနိုင်ရနေဟုဆို

AA

မြေလတ်အသံ၊ စက်တင်ဘာ ၁၉၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ မောင်တောနှင့်ဘူးသီး‌တောင်မြို့နယ်တို့တွင် စစ်ကောင်စီက အင်အား ၁‌ သောင်းနီးပါးအထိချထားပြီး ရက္ခိုင့်တပ်တော် (AA)ကို တိုက်ခိုက်နေသည်ဟု AA က‌ပြောဆိုလိုက်သည်။

Catagories

စစ်ကောင်စီ ရဲ့ စက်လှေဂိတ်စခန်းကို နတ်တလင်း PDF ကအလစ်တိုက်လို့ ၇ဦးထက်မနည်း သေဆုံး

P

နတ်တလင်း၊ စက်တင်ဘာ ၁၈၊ ၂၀၂၂။

ပဲခူးတိုင်း နတ်တလင်းမြို့နယ်က စစ်ကောင်စီရဲ့ စက်လှေဆိပ် စစ်ဆေးရေးဂိတ်ကို နတ်တလင်း PDF က အလစ်ဝင်တိုက်ခိုက်လို့ စစ်အုပ်စုဘက်က ၇ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ MRF Nattalin အဖွဲ့ဆီက သိရပါတယ်။

Catagories

သဲကုန်းမြို့မှာ NUG အစိုးရနဲ့ ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းဆန္ဒထုတ်ဖော် ( ရုပ်/သံ ) 

သဲကုန်း၊ စက်တင်ဘာ ၁၈၊ ၂၀၂၂။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်က ကျေးရွာတရွာမှာ ဒေသခံတွေစုပေါင်းပြီး ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေးနဲ့ NUG အစိုးရကိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာ ၁၇ ရက် မနေ့နေ့လယ် ၂ နာရီလောက်မှာ ပြုလုပ်ခဲ့ကြပါတယ်။ 

#မြေလတ်အသံ

ရေလယ်ကျွန်းစစ်ရှောင်များ ၁ လကျော်တဲ့အထိ နေရပ်မပြန်နိုင်သေးဘဲ တိမ်းရှောင်နေရ (ရုပ်/သံ)

ရေလယ်ကျွန်း၊ စက်တင်ဘာ ၁၈၊ ၂၀၂၂၊

စစ်ကောင်စီက အင်အား ၅၀၀ ကျော်နဲ့  စစ်ကြောင်း ၃ ကြောင်းခွဲပြီး ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ကြားက ရွာတွေကို ဩဂတ်လဆန်းပိုင်းကတည်းက နေ့စဉ်လိုလို မီးရှို့နေတာကြောင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းရွာက စစ်ဘေးရှောင် ပြည်သူတွေဟာ  ၁ လကျော်တဲ့အထိ နေရပ်မပြန်နိုင်သေးဘဲ တရွာပြီးတရွာ ထွက်ပြေးတိမ်းရှောင်နေရဆဲလို့ သိရပါတယ်။

ဒါအပြင် ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေကြတဲ့ ရွာသားတွေကို အထန်းသမားနဲ့ လူသားဒိုင်းအဖြစ် အသုံးချဖို့ အမျိုးသမီးတွေ အပါအ၀င် ရွာသား ၂၅ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ 

#မြေလတ်အသံ

"စစ်ကောင်စီရဲ့နိုင်ငံရေးခွေးတိုးပေါက် ရွေးကောက်ပွဲ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံ၊ စက်တင်ဘာ ၁၈၊ ၂၀၂၂။

မြေလတ်အသံသတင်းဌာနမှာ အပါတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ်ရဲ့ ဒီတပါတ်မှာတော့ "စစ်ကောင်စီရဲ့နိုင်ငံရေးခွေးတိုးပေါက် ရွေးကောက်ပွဲ" ဆိုတဲ့ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

#မြေလတ်အသံ

Subscribe to