ကရင်နီပြည် ဒီမောဆိုမြို့နယ်မှာ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အကြို ပြုလုပ် (ရုပ်/သံ)

မြေလတ်အသံ၊ စက်တင်ဘာ ၁၇၊ ၂၀၂၂။

ဒီမောဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းတနေရာမှာ လူဦးရေ (၃၀၀)ကျော်နဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အကြိုကို ကယားနှစ်ခြင်းအသင်းတော်၊ ဒေသခံကျေးရွာလူထုနဲ့ စစ်ရှောင်မိသားစုဝင်များက ပူးပေါင်းပြီး ကျေးလက်မြေအဖွဲ့မှ ဦးစီးကျင်းပခဲ့တယ်လို့ အဲဒီအဖွဲ့ထံက သိရပါတယ်။

ကရင်နီပြည်နယ်က ပြည်သူတွေ ကြုံတွေ့နေရတဲ့ စစ်ဘေးနဲ့ စီးပွားရေးအကြပ်အတည်းတွေကနေ တနေ့တာ စိတ်ထွက်ပေါက်ရစေဖို့ရည်ရွယ်ချက်နဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အကြို အခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ ကျေးလက်မြေအဖွဲ့က ဒါရိုက်တာက ပြောပါတယ်။

NPDF က လက်နက်မရှိလို့ တိုက်ပွဲတွေ ရပ်နားထားရ (ရုပ်/သံ)

မြေလတ်အသံ၊ စက်တင်ဘာ ၁၇၊ ၂၀၂၂။

စစ်ကိုင်းတိုင်းထဲမှာ အခြေစိုက်ထားတဲ့ National People Defence Force - NPDF  တပ်ဖွဲ့ဟာ လက်နက်မရှိတဲ့လို့ တိုက်ပွဲတွေ နားထားရတယ်လို့ NPDF က ပြောပါတယ်။ တပ်ဖွဲ့တည်ထောင်ပြီးကတည်းက စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ၅ ပွဲသာ တိုက်ရသေးတယ်လို့ သိရပါတယ်။

တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ လက်နက်အင်အား လူအင်အား မရှိလို့ ရဲဘော်တွေ အသက်ဆုံးရှုံးမှာကို မဖြစ်စေချင်တဲ့အတွက် တိုက်ပွဲတွေရှိရင် မထည့်ပေးဘူးလို့ NPDF  ဗိုလ်သူရိန်က ဆိုပါတယ်။ တိုက်ပွဲတွေ မဖော်ဆောင်နိုင်ပေမယ့်  NPDF အနေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်‌နေတာ ဖြစ်ပါတယ်။
#မြေလတ်အသံ

ဧရာဝတီမြစ်ထဲ စစ်ကောင်စီရေယာဉ်တွေ နှစ်ရက်ဆက် ဗုံးကျဲတိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံး

မြောင်၊ စက်တင်ဘာ ၁၅၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက ဧရာဝတီမြစ်ထဲမှာ ဆီသင်္ဘောတွေကို လုံခြုံရေးယူပေးကာ သွားလာနေတဲ့စစ်ရေယာဉ်တွေကို drone နဲ့တိုက်ခိုက်ခဲ့လို့ သေဆုံးထိခိုက်မှုတွေရှိတယ်လို့ Wings Of The Irrawaddy အဖွဲ့က တဆင့်သိရပါတယ်။

စစ်ကောင်စီအင်အား ၅၀ ခန့်ပါတဲ့ စစ်ရေယာဉ်တွေကို စက်တင်ဘာ ၁၅ ရက် ဒီကနေ့ မနက် ၁၁ နာရီက ဗုံးကျဲတိုက်ခိုက်ခဲ့လို့ ၃ ဦးသေဆုံးကာ ဒဏ်ရာရသူများတယ်လို့ဆိုပါတယ်။

နယ်မြေစိုးမိုးမှုရထားတဲ့ MVRF က အုပ်ချုပ်ရေး ယန္တာရားတွေ စတင်လည်ပတ် (ရုပ်/သံ)

မြိုင်၊ စက်တင်ဘာ ၁၅၊ ၂၀၂၂။

မြိုင်မြို့နယ်မှာ မြို့ပေါ်ကလွဲလို့ ကျန်တဲ့နေရာတွေမှာ စစ်ကောင်စီ ယန္တာရားတွေ လည်ပတ်လို့ မရတော့ဘဲ ရပ်ဆိုင်းနေပြီ ဖြစ်ပါတယ်။ နေရာတော်တော်များများကို ဒေသကာကွယ်ရေးအဖွဲ့တွေက စိုးမိုထားနိုင်သလို ပြည်သူ့အုပ်ချုပ်ရေး ယန္တာရားတွေကို စတင်လည်ပတ်နေပြီလို့ MVRF အတွင်းရေးမှူးက မြေလတ်အသံကို ပြောပါတယ်။

မြိုင်မြို့နယ်အတွင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရတဲ့အပြင် Drone နဲ့ပါ ဗုံးကျဲခံရ

မြိုင်၊ စက်တင်ဘာ ၁၄၊ ၂၀၂၂။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်စရစ်ကန်ရွာနဲ့ သစ်ပင်ကြီးရွာကြားမှာ စစ်သား၊ ရဲ နဲ့ ပျူစောထီးတွေမောင်းလာတဲ့ Mark 2 ကား ၁ စီး နဲ့ ဆိုင်ကယ် ၁ စီးကို မိုင်း ၅ လုံးစီနဲ့ တိုက်ခိုက်ပြီး၊ Drone နဲ့ပါ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ် ဗိုလ်လက်ယာက မြေလတ်အသံကိုပြောပါတယ်။

သေနတ်အစစ်နီးပါးပစ်နိုင်တဲ့ လက်လုပ်သေနတ်တွေကို ရွှေတြိဂံတပ်ရင်း တပ်ခွဲ ၁ IRF က ထုတ်လုပ်အောင်မြင်

သေနတ်အစစ်နီးပါးပစ်နိုင်တဲ့ လက်လုပ်သေနတ်တွေကို ရွှေတြိဂံတပ်ရင်း တပ်ခွဲ ၁ IRF က ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

မြေလတ်အသံ၊ စက်တင်ဘာ ၁၄၊ ၂၀၂၂။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကိုတော်လှန်တိုက်ထုတ်နေတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေထဲက တခုဖြစ်တဲ့ ရွှေတြိဂံတပ်ရင်းဟာ တပ်သားတိုင်းလက်နက်ကိုင်နိုင်ဖို့အတွက် သေနတ်အစစ်နီးပါးပစ်ခတ်နိုင်တဲ့ လက်လုပ်သေနတ်မျိုးစုံကို ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ကောလင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ကာ လူအင်အား၊ လက်နက်အင်အားမမျှလို့ PDF ရဲဘော် ၈ ဦးကျဆုံး

ကောလင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အင်ပင်သာရွာတောင်ဘက် အရိုးတောင်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ၂ ဖက်အထိခိုက်အကျဆုံးရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

Catagories

မအူစစ်ဆေးရေးဂိတ် လက်နက်ကြီးအလုံး ၅၀ နီးပါးအပစ်ခံရပြီး စစ်သား ၄ ဦး ရဲ ၁ ဦးသေဆုံး (ရုပ်/သံ)

မုံရွာ၊ စက်တင်ဘာ ၁၃ ၊ ၂၀၂၂ ။

မုံရွာမြို့တောင်ဘက်အထွက်ရှိ မအူစစ်ဆေးရေးဂိတ်အား စက်တင်ဘာလ ၁၂ ရက်နေ့က လက်နက်ကြီးအများပြားပစ်ခတ် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီစစ်သား ၄ ဦးနဲ့ ရဲတပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ People's Defence Force - South Monywaတာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

Subscribe to