၂ရက်အတွင်း စစ်ကောင်စီတပ်သား ၃၂ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ

စစ်ကိုင်းနဲ့ မကွေးတိုက်ပွဲမှာ ၂ရက်အတွင်း စစ်ကောင်စီတပ်သား ၃၂ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ

မြေလတ်၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၁။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီနဲ့ PDF တို့ ၂ရက်ဆက်တိုက် အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃၂ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ PRA ရဲ့ ‌ခေါင်းဆောင် ဗိုလ်ဂျပန်ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၅နဲ့ ၁၆ရက်တွေမှာ ၈ကြိမ်တိုင်တိုင် အပြန်အလှန်တိုက်ပွဲ ဖြစ်ခဲ့ပြီးတော့ PRA တပ်ဖွဲ့အပြင် မြိုင် PDF နဲ့ ကျေးရွာ တပ်ပေါင်းစုတွေလည်း ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဗိုလ်ဂျပန်က ပြောပါတယ်။

Catagories

ဇီးကုန်းမြို့ကလူငယ်တွေ နေ့စဥ်ဆိုသလိုဖမ်းဆီးခံနေရ

ဇီးကုန်းမြို့ကလူငယ်များနေ့စဥ်ဆိုသလိုဖမ်းဆီးခံနေရ

ဇီးကုန်း၊ ဒီဇင်ဘာ ၁၄၊၂၀၂၁။

ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့မှာစစ်ကောင်စီက ဒီဇင်ဘာလဆန်းပိုင်းကစလို့ နေ့စဥ်ဆိုသလိုလူငယ်တွေကိုဖမ်းစီး စစ်ဆေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီကအခုလို ဖမ်းဆီးတာ​ကြောင့်လူငယ်တွေအဟာ နေအိမ်မှာမအိပ်ရဲပဲတိမ်းရှောင်နေကြကြောင်း သိရပါတယ်။

Catagories

PDF တွေတီထွင်ထားတဲ့ ရေမြုပ်မိုင်းနဲ့ စစ်ကောင်စီရေယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက စစ်‌ကောင်စီရေယာဥ်ကို  KPDF-၊ KLG PDF၊ DRPA ညီနောင်မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး ရေမြုပ်မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီရေယာဥ်ဟာ ဒီကနေ့မပိုင်းက မဲဒင်ရွာ ကျွန်းခုံအနီးမှာ နစ်မြုပ်သွားတယ်လို့ Kani People's Defense Force- KPDF-1ခေါင်းဆောင် ကိုဂျီက မြေလတ်အသံကို ပြောပါတယ်။

ကနီ

Catagories

ကျောင်းမှာတပ်စွဲထားတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရလို့ ဗိုလ်တဦးလက်ပြတ်ပြီး ၅ဦးသေ 

စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ဗိုလ်အဆင့်ရှိသူတဦးလက်ပြတ်ပြီး ၅ဦးသေ 

မန္တလေး၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၁။

တောင်သာမြို့က စာသင်ကျောင်းတ‌ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စိတပ်ဖွဲ့တွေ မနေ့က မနက်အစောပိုင်းမှာ တိုက်ခိုက်ခံရလို့  ၅ဦးသေဆုံးကာ ဗိုလ်အဆင့်ရှိသူတဦးလက်ပြက်ခဲ့တယ်လို့ သိရပါတယ်။ 

Catagories

သဲကုန်းမြို့မှာ စစ်ကောင်စီသတင်းပေးလို့ ကျော်ကြားသူ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံး

သဲကုန်းမြို့မှာ စစ်ကောင်စီသတင်းပေးလို့ ကျော်ကြားသူ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံး

သဲကုန်း၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၁။

ပဲခူတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့မှာ စစ်ကောင်စီရဲ့ သတင်းပေးလို့ နာမည်ကျော်ကြားနေတဲ့ ဦးဇော်ဝင်းဟာ ဒီနေ့ မနက် ၈နာရီဝန်းကျင်မှာ သေနတ်နဲ့ ပစ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုတီးကုန်းက သဲကုန်းကိုသွားတဲ့ ဇလဲ့ရွာနားမှာ သေနတ်အတိုနဲ့ ပစ်ခံရပြီးသေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စက်သုံးဆီနဲ့ ဓါတ်မြေသြဇာဈေးအဆမတန်မြင့်တက်နေလို့ နွေစပါးစိုက်မယ့်တောင်သူတွေ စိတ်ပျက်နေ

စက်သုံးဆီနဲ့ ဓါတ်မြေသြဇာဈေးအဆမတန်မြင့်တက်နေလို့ နွေစပါးစိုက်မယ့်တောင်သူတွေ စိတ်ပျက်နေ

မြေလတ်၊ ဒီဇင်ဘာ ၁၃၊၂၀၂၁။

စစ်ကောင်စီကအာဏာသိမ်းယူပြီးချိန်မှစလို့ ကုန်ဈေးနူန်းတွေအဆမတန်မြင့်တက်နေတဲ့အထဲမှာစက်သုံးဆီစျေးနဲ့ဓါတ်မြေသြဇာဈေးလည်းပါဝင်တာမို့နွေစပါးစ်ိုက်မယ့်တောင်သူတွေ စိတ်ပျက်နေကြကြောင်း ဒေသခံလယ်သမားတွေက ပြောပါတယ်။

စစ်သင်တန်းပေးနေတဲ့ ပျူစောထီးခေါင်းဆောင် သေနတ် ၁၀ ချက်မှန်သေဆုံး

စစ်သင်တန်းများပေးနေသော ပျူစောထီးခေါင်းဆောင် သေနတ် ၁၀ ချက်မှန်သေဆုံး

နတ်မောက်၊ ဒီဇင်ဘာ ၁၂၊ ၂၀၂၁။

နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ၊ ပျူစောထီးခေါင်းဆောင်ဟု အမည်တွင်ကာတိုက်ခိုက်ရေးသင်တန်းပေးလျက်ရှိသော ဒလန်ဇော်ခိုင် နှင့် PDF ၂ ဖွဲ့တို့အပြန်အလှန်ပစ်ခတ်ခဲ့ရာ ဒလန်ဇော်ခိုင် သေနတ် ၁၀ ချက်မှန်၍သေဆုံးခဲ့ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူမှ မြေလတ်အသံသို့ပြောပါတယ်။

Catagories

အသံတိတ်သပိတ်တွင် ဆိုင်ပိတ်ခဲ့သည့် စျေးဆိုင်များကို ငွေ ၁သိန်း မှ ၃သိန်းထိ စစ်ကောင်စီတောင်း

အသံတိတ်သပိတ်တွင် ဆိုင်ပိတ်ခဲ့သည့် ပြည်မြို့ရှိ စျေးဆိုင်များကို ငွေ တသိန်း မှ သုံးသိန်းထိ စစ်ကောင်စီတောင်း

ပြည်၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၁။

ဒီဇင်ဘာ ၁၀ ရက်နေ့ လူ့အခွင့်အ‌ရေးနေ့ အသံတိတ်သပိတ်တွင် ဆိုင်ပိတ်ခဲ့သည့် ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ရှိ စျေးဆိုင်များကို ငွေ တသိန်း မှ ငွေ သုံးသိန်းထိ စစ်ကောင်စီက တောင်းနေကြောင်း မြို့ခံများထံက သိရသည်။

အဓမ္မငွေတောင်းခံမှုတွေကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ဆိုင်အချို့ကို လိုက်လံတောင်းခံနေခြင်းဖြစ်ပြီး အချို့ဆိုင်များကို အစည်းအ‌‌‌ဝေးခေါ်နေကြောင်း ဓါတ်ပုံမှတ်တမ်းများလည်း ရိုက်ယူထားကြောင်း မြို့ခံများထံကသိရသည်။

Catagories

Subscribe to