ဘူတာပိုင်မြေမှာ နေသူတွေမဖယ်ပေး‌ရင် အင်အားသုံးဖယ်ရှားမယ်လို့ စစ်‌ကောင်စီ စာထုတ်

ဘူတာပိုင်မြေမှာ နေသူတွေမဖယ်ပေး‌ရင် အင်အားသုံးဖယ်ရှားမယ်လို့ စစ်‌ကောင်စီ စာထုတ်

မြေလတ်၊ ဒီဇင်ဘာ ၂၅၊၂၀၂၁။

ဘူတာပိုင်မြေတွေမှာ နေထိုင်သူတွေ ဒီဇင်ဘာလအကုန်အပြီးဖယ်ပေးရမှာဖြစ်ပြီး မဖယ်ပေးသူတွေကို စစ်ကောင်စီက အင်အားသုံးပြီး ဖယ်ရှားမယ်လို့ အကြောင်းကြားစာတွေ သက်ဆိုင်ရာမြို့တွေမှာ ထုတ်ပြန်ထားပါတယ်။

ပြည်၊ လက်ပံတန်း၊ ပေါင်းတည် မြို့တွေက ဘူတာ‌ပိုင်မြေတွေမှာ နေတဲ့ သူတွေကို အဲ့ဒီအကြောင်းကြားစာ ပို့ထားခဲ့ပြီး အဲဒီနို့တစ်စာ အပိုဒ်၂ မှာ ရေးသားထားတာကတော့ "အိမ်ဥပစာမှထွက်ခွာ၍မသွားလျင် သင်သည် အနိုင်ထက်ပြုမူမူဖြင့် အဲဒီအိမ်ကနေ ဖယ်ရှားခြင်းခံရလိမ့်မယ်"လို့ဖော်ပြထားတယ်လို့ဆိုပါတယ်။

Catagories

~~~ လက်ဆောင်မလိုချင်ဘူး အိမ်ပဲပြန်ချင်တယ် ~~~

David~~~ လက်ဆောင်မလိုချင်ဘူး အိမ်ပဲပြန်ချင်တယ် ~~~

ကာတွန်း - ဒေးဗစ်

#မြေလတ်အသံ

အောင်လံက လွှတ်တော်ကိုယ်စားလှယ်၊ ကျောင်းဆရာအပါအဝင် ၄ ဦး၏ နေအိမ်ကို စစ်ကောင်စီချိတ်ပိတ်

မကွေးတိုင်း၊ အောင်လံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ CDM ပညာရေးဝန်ထမ်းတဦး၊ NLD မြို့နယ် အလုပ်အမှုဆောင်တဦးနဲ့ တက်ကြွလှုပ်ရှားသူတဦး စုစုပေါင်း ၄ ဦးရဲ့ နေအိမ်တွေကို မနေ့က ချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကွေးတိုင်း၊ အောင်လံမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်၊ CDM ပညာရေးဝန်ထမ်း ဆရာဦးကျော်ကျော်ဦး၊ NLD မြို့နယ် အလုပ်အမှုဆောင် ဒေါ်ဥမ္မာဌေးနဲ့ ကိုသူရနိုင် (ခေါ်) ကိုမိုင်းဆက် တို့ ၄ ဦးရဲ့ နေအိမ်တွေ စစ်ကောင်စီက ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။

Catagories

ရွှေဘိုနယ်မှာ မိုးစပါးအသစ်တင်းတရာကိုကျပ် ဆယ်သိန်းကျော်နဲ့‌‌ဈေးဖွင့်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်နယ်မှာမိုးစပါးအသစ်တွေ စပြီးရိတ်သိမ်းနေသလို ဘေးကြားစပါးတင်းတရာရဲ့လက်ရှိပေါက်ဈေးကလည်း ကျပ်ဆယ်သိန်းကျော်နဲ့အရောင်းအဝယ်ဖြစ်နေတယ်လို့ ဒေသခံလယ်သအမားတဦးကပြောပါတယ်.။

ဘေးကြားစပါးမျိုးကိုအဓိကစိုက်ပျိုးကြပြီး ဈေးကောင်းလည်းရသလို အခြားမျိုးကွဲစပါးတွေလည်းစိုက်ပျိုးကြကြောင်း သိရပါတယ်။

ပုဒ်မ ၅၀၅ အမှုကို အမိန့်ချတာ မတူလို့ကျေနပ်မှုမရှိကြ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်ထောင်မှာ ပုဒ်မ ၅၀၅(က)နဲ့ ချုပ်နှောင်တရားစွဲခံထားရတဲ့ နတ်တလင်းမြို့နဲ့ ပေါင်းတည်မြို့နယ်သားတွေကို သက်ဆိုင်ရာတရားသူကြီးတွေက ဒီနေ့မှာပဲ ထောင်ဒဏ်အသီးသီး အမိန့်ချခဲ့ရာမှာ တူညီမှုမရှိလို့ ဒေသခံတွေက ကျေနပ်မှုမရှိပဲ ဖြစ်နေကြပါတယ်။

Catagories

ငါတို့သည် မုန်းဟင်းခါးပွဲကြီးများသာဖြစ်သည်

~~~ ငါတို့သည် မုန်းဟင်းခါးပွဲကြီးများသာဖြစ်သည် ~~~

ကာတွန်း - ဒေးဗစ်

#မြေလတ်အသံ

သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်

 

အာဏာသိမ်းစစ်ကောင်စီက သာယာဝတီမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်မြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားဆွဲဆိုထားမှုအား ယနေ့ နံနက်ပိုင်းက ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်လိုက်တယ်လို့ သိရသည်။

ဦးအောင်မြင့်ကို ဖေဖော်ဝါရီလ ၁၁ ရက်ညပိုင်းတွင် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ၎င်း၏နေအိမ်တွင် စစ်ကောင်စီတပ်တွေ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ သာယာဝတီအကျဉ်းထောင်တွင် ဆယ်လကျော်ကြာ ဖမ်းဆီး၍ အမှုရင်ဆိုင်နေရာမှ ယနေ့အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

Catagories

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲမှာပါဝင်သူ ၉ ဦး ထောင်ဒဏ်၂ နှစ်စီ ချခံရ

ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်အကျဥ်းထောင်မှာ ပုဒ်မ၅၀၅ က နဲ့ အကျဥ်းချခံထားရသူ ၉ ဦးကို 
ဒီနေ့မနက်မှာ အကျဥ်းထောင်တရားရုံးကနေ ထောင်ဒဏ်၂နှစ်စီ ချမှတ်ခဲ့တယ်လို့ မိသားစုဝင်တဦးကပြောပါတယ်။

သူတို့တွေဟာပြီးခဲ့တဲ့ မတ်လ ၂၇ရက် တော်လှန်ရေးနေ့က ပေါင်းတည်မြို့မှာငြိမ်းချမ်းစွာဆန္ဒပြနေတုန်း
စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းလို့ ဖမ်းစိီးခံခဲ့ရသူတွေ ဖြစ်ပါတယ်။

Catagories

စပါးစျေး‌ကောင်းနေပေမယ့် တောင်သူတွေမှာ ရောင်းစရာစပါးမရှိ

ပဲခူးတိုင်းအနောက်ခြမ်းကမြို့နယ်တွေကထွက်ရှိတဲ့ လက်ရှိမိုးစပါးစျေးကျပ်ခုနှစ်သိန်းကျော်စျေးပေါက်နေပေမယ့်တောင်သူတွေရဲ့လက်ဝယ်မှာရောင်းချစရာစပါးမရှိသလောက်နည်းပါးသွားပြီလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

အခြေခံလူတန်းစားအများဆုံးစားသုံးတဲ့ဒေသထွက် ကျောက်ရွေး၊တင်းတရာ၊ငွေတိုး၊အင်းလယ်စတဲ့စပါးစျေးတွေဖြစ်ကြောင်းသိရပါတယ်။

မြစ်ကြောင်းတလျှောက်တက်လာတဲ့ စစ်ကောင်စီ ရေယာဉ် ၈ စီးကို PDF ၅ဖွဲ့ ကြားဖြတ်တိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းတလျှောက်တက်လာတဲ့ စစ်ကောင်စီရဲ့ ရေယာဉ် ၈ စီးကို PDF ၅ ဖွဲ့က နေရာမတူပဲ ကြားဖြတ်ခွဲပြီး တိုက်ခိုက်ခဲ့ကြတာ စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ဉီးလောက် သေဆုံးနိုင်တယ်လို့ ကနီ PDF ရဲ့ ခေါင်းဆောင်ဆီက သိရပါတယ်။

မြစ်ကြောင်းတလျှောက် ၅ နေရာကို PDF ၅ဖွဲ့က အသီးသီးနေရာယူထားပြီး စစ်ကောင်စီရဲ့ ရေယာဉ်တွေ တက်လာချိန်မှာ ပြိုင်တူ တိုက်ခဲ့ကြတယ်လို့ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုဂျီက ပြောပါတယ်။

Subscribe to