သူငယ်ချင်းဖြစ်သူနဲ့ သေကွဲ ကွဲခဲ့ရတဲ့ ရဲဘော် ကိုတွင်ခုံ (ရုပ်/သံ)

မြေလတ်အသံ၊ စက်တင်ဘာ ၁၂၊ ၂၀၂၂။

စစ်အာဏာရှင်ကို တော်လှန်ရေးခရီးအဆုံးအထိ မရှိအတူရှိအတူ လက်တွဲသွားမယ်လို့ ကတိထားခဲ့ကြတဲ့ ညီအကိုလိုခင်ရတဲ့ သူငယ်ချင်း ၂ယောက် မုံရွာမြို့က မစ်ရှင်တခုလုပ်ရင်း သေကွဲ ကွဲခဲ့ကြပါတယ်။

သူတို့ နှစ်ယောက်ပေါင်းပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ စစ်အာဏာရှင်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ တခုဖြစ်တဲ့ ဝံပုလွေပြောက်ကျားတပ်ကို ဖွဲ့စည်းခဲ့ကြတာပါ။ ဗိုလ်လရောင် နဲ့ ရဲဘော်တွင်ခုံလို့ ခေါ်တဲ့ သူတို့ နှစ်ဦးဟာ အာဏာရှင်တော်လှန်တဲ့ ကိစ္စတိုင်းကို ၂ယောက်တူတူလုပ်ခဲ့ကြရင်း ခုတော့ ရဲဘော်တွင်ခုံတယောက်သာ ကျန်ပါတော့တယ်။

သာယာဝတီ ခလရ ၃၅ တပ်က စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး ၁၄ ရက်နေ့ မုန့်ဟင်းခါးနဲ့ ရက်လည်ဆွမ်းသွပ်မယ်

ခလရ ၃၅
ပုံစာ ။ ယခင်တိုက်ပွဲမှပြန်လာသည့် ပုံဟောင်းများ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့၊ သာယာအေးရွာအခြေစိုက် ခလရ ၃၅ တပ်ရင်းက စစ်ကောင် စီတပ်ဖွဲ့ဝင် ၁၀ ဦး စက်တင်ဘာလ ၈ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ရှမ်း(တောင်ပိုင်း)၊ မိုးဗြဲ မြို့နယ်အတွင်း တိုက်ပွဲတွေမှာ သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ခလရ ၃

Catagories

ကရင်နီပြည်က CDM ၀န်ထမ်းများအတွက် အကူအညီတွေ မရှိသလောက်နည်းပါးနေ

ကရင်နီပြည်က CDM ၀န်ထမ်းများအတွက် အကူအညီတွေ မရှိသလောက်နည်းပါးနေ (ရုပ်/သံ)

ကရင်နီ၊ စက်တင်ဘာ ၁၁၊ ၂၀၂၂။

ကရင်နီပြည်နယ်မှာ ရောက်ရှိနေကြတဲ့ CDM ကျောင်းဆရာ၊ ဆရာမတွေနဲ့ ၀န်ထမ်းတွေဟာ စစ်မက်ဖြစ်ပွားနေတဲ့ကြားက ကရင်နီနယ်မှာရှိတဲ့ စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေမှာ ကျန်းမာရေး၊ ပညာရေး အပါအ၀င် လူထုအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေကြပါတယ်။

အဲ့ဒီ၀န်ထမ်းတွေဟာ CDM သက်တမ်း ၂ နှစ်၀န်းကျင် ဖြစ်လာတဲ့အထိ ပုံမှန်ကူညီထောက်ပံ့မှုတွေမရှိဘဲ အလှူရှင်ရှိမှသာ အထောက်အပံ့တချို့ကို ရရှိနေကြရတာလည်းဖြစ်ပါတယ်။

#မြေလတ်အသံ

"ကြောင်ခံတွင်းပျက် ပူတင် နဲ့ ဇရက်တောင်ပံကျိုး မင်း‌အောင်လှိုင်" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံ၊ စက်တင်ဘာ ၁၁၊ ၂၀၂၂။

မြေလတ်အသံသတင်းဌာနမှာ အပါတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ်ရဲ့ ဒီတပါတ်မှာတော့ "ကြောင်ခံတွင်းပျက် ပူတင် နဲ့ ဇရက်တောင်ပံကျိုး မင်း‌အောင်လှိုင်" ဆိုတဲ့ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

#မြေလတ်အသံ

Catagories

နှစ်ပေါင်း ၇၀ အတွင်း စစ်ဘေးရှောင်အများဆုံးဖြစ်လာတဲ့ အထက်အညာစစ်ကိုင်းတိုင်း (ရုပ်/သံ)

စစ်ကိုင်း၊ စက်တင်ဘာ ၁၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်းဟာ နှစ် ၇၀ အတွင်း စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ စစ်ကြောင်းထိုးတာ၊ ရွာမီးရှို့ဖျက်ဆီးတာတွေနဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေမရှိခဲ့တဲ့ ဒေသတခုပါ။

မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီအဖွဲ့များ မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး၊ ၂ ဦးပြင်းထန်ဒဏ်ရာရ

ချောင်းဦး၊ စက်တင်ဘာ ၁၀ ၊ ၂၀၂၂ ။

မုံရွာ-ချောင်းဦးလမ်းပေါ် မှာ မိုင်းရှင်းလင်းရှာဖွေဖို့လာတဲ့ Jammer ကားတစီးနဲ့ စစ်ကောင်စီခြေလျှင်တပ်သား ၅ ဦးကို  မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army - BHA ဗိုလ်စနေမောင်မောင်က မြေလတ်အသံကို ပြောပါတယ်။

ယမန့်နေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်က မုံရွာမြို့ကနေကင်းချဖို့ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ဖြစ်ပြီး ရှေ့ထွက်မိုင်း ၂ လုံး မိုင်းကြီး ၁ လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။

မိုးဗြဲမှာ အထိနာခဲ့လို့ စစ်ကောင်စီက လေကြောင်းနဲ့အမြှောက်ပစ်ကူတွေသုံးကာ တိုက်ခိုက်

မိုးဗြဲ၊ စက်တင်ဘာ ၉၊ ၂၀၂၂။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုး‌ဗြဲမြို့နယ်မှာ စစ်ကောင်စီဘက်က အကျဆုံးများကာ အထိနာခဲ့တဲ့အတွက် စက်တင်ဘာ ၉ ရက် ဒီကနေ့မှာ လေကြောင်းပစ်ကူတွေသုံးကာ တိုက်ခိုက်နေတယ်လို့ နယ်ခံတွေဆီကတဆင့် သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းထဲက ပစ်ခတ်မှုတွေစတင်နေကာ မြို့နေပြည်သူတွေကတော့ ဘုန်းကြီးကျောင်းဘက်ပြေးတဲ့သူကပြေး နေအိမ်ထဲမှာပဲ ပုန်းနေတဲ့သူတွေကနေ ဖြစ်နေပြီး၊ မြေပြင်ရဲဘော်တွေနဲ့လည်း အဆက်သွယ်လုပ်လို့မရသေးဘူးလို့ ဆိုပါတယ်။

မီးရှို့ခံရတဲ့ မီးလောင်ကျွန်းရွာက စစ်ရှောင်ပြည်သူ ၅၀၀ ကျော် အရေးပေါ်အကူအညီ လိုအပ်နေ ( ရုပ်/သံ)

ရေစကြို၊ စက်တင်ဘာ ၉၊ ၂၀၂၂။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ မီးလောင်ကျွန်းရွာကို စစ်ကောင်စီတပ်က ရွာထဲ၀င် မီးရှို့ခဲ့တာကြောင့် ဒေသခံပြည်သူ ၅၀၀ ကျော်ဟာ စစ်ရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိမှာ အရေးပေါ်အကူညီတွေ လိုအပ်လျှက်ရှိနေပါတယ်။  

အင်အား ၇၅ ဦး၀န်းကျင်ပါတဲ့ အဆိုပါစစ်ကောင်စီစစ်ကြောင်းက စက်တင်ဘာလ ၆ ရက် ညနေပိုင်းမှာ စက်လှေ ၈ စီးနဲ့ မီးလောင်ကျွန်းရွာကို ရောက်ရှိလာပြီး ရွာကိုမီးရှို့ဖျက်ဆီးခဲ့ကြတာပါ။  

မုံရွာ စစ်ကိုင်း ဖြတ်သွားတဲ့ စစ်ကောင်စီယာဥ်တန်း ၅ကြိမ်မိုင်းဆွဲခံရလို့ ၁၅ ဦး သေဆုံး

စစ်ကိုင်း၊ စက်တင်ဘာ ၉ ၊ ၂၀၂၂။

စစ်ကိုင်းတိုင်း မုံရွာမြို့က စစ်ကိုင်းမြို့အတွင်း ဖြတ်သွားတဲ့ စစ်ကောင်စီယာဥ်တွေကို တရက်တည်း ၅ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ စုစုပေါင်း ၁၅ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ဆီက သိရပါတယ်။

Subscribe to