ကြည့်မြင်တိုင်ဖြစ်စဥ် ယုတ်မာမှုမျိုးစကားလုံးရှာပြောဖို့အတော်ခက်ခဲ အပြင်းထန်ရှုံ့ချကြောင်း DPNS ပါတီဥက္ကဌပြော

မနေ့ကဖြစ်ပွားခဲ့တဲ့ ကြည့်မြင်တိုင်ဖြစ်စဥ်က ယုတ်မာမှုမျိုးကို လတ်တလောစကားလုံးရှာပြောဖို့ အတော်ခက်ခဲပြီး ယင်းဖြစ်ရပ်အတွက် စစ်ကောင်စီကို အပြင်းအထန်ရှုံ့ချကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) ဥက္ကဌဦးအောင်မိုးဇော်က မြေလတ်အသံသတင်းဌာနကို ဒီဇင်ဘာ ၆ ရက်နေ့ မနက်က ပြောဆိုပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ၄ နှစ်စီ အမိန့်ချမှတ် လက်ရှိထိန်းသိမ်းထားရာနေရာတွင်ဆက်လက်ထားရှိမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချမှတ်ခဲ့ပြီး လက်ရှိထိန်းသိမ်းထားရာနေရာတွင်ဆက်လက်ထားရှိမည်ဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်တစ်ဦးက မြေလတ်အသံသတင်းဌာန သို့ပြောသည်။

ယနေ့ဒီဇင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီဝန်းအတွင်းရှိအထူးတရားရုံးတွင် အထူးတရားသူကြီးအဖြစ်တာဝန်ယူထားသူ ဇဗ္ဗူသီရိမြို့နယ်တရားသူကြီးဦးမောင်မောင်လွင် က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံကသိရသည်။

Catagories

ကိုယ်တိုင်လုပ် အဝေးပစ်စိန်ပြောင်းကိုစမ်းသပ်တဲ့အနေနဲ့ ရေပြာရဲစခန်းကို ပေါက်PDF ပစ်ခတ်

မကွေးတိုင်း၊ပေါက်မြို့နယ်၊ရေပြာရဲစခန်းကို ဒီဇင်ဘာလ ၅ ရက် မနေ့ကည၁၀နာရီလောက်မှာ အဝေးပစ်စိန်ပြောင်းနဲ့ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ ပေါက် PDFရဲ့တာဝန်ခံတစ်ဦးကပြောပါတယ်။

“မနေ့ည ၁၀ နာရီဝန်းကျင်လောက်က စမ်းသပ်ပစ်ခတ်မှုလုပ်တာပါ၊ကျနော်ကိုယ်တိုင်လုပ်တဲ့ လက်လုပ် လက်နက်ကြီးပါ၊ စိန်ပြောင်းလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ၊ “ လို့သူကပြောပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေမယ့် အဲ့ဒိစခန်းက ရဲမိသားစုဝင်တွေကတော့ မနေ့က ညကတည်းကထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။

Catagories

ကြည့်မြင်တိုင်ပြောက်ကျားသပိတ်ဖြိုခွင်းမှုအပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း အမေရီကန်သံရုံးထုတ်ပြန်

ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ကြည့်မြင်တိုင်မြို့နယ်အတွင်း ငြိမ်းချမ်စွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည့် လူငယ်များအား စစ်ကားဖြင့်တိုက်သတ် ဖြိုးခွင့်ခဲ့သည့်အပေါ် အမေရီကန်သံရုံး(ရန်ကုန်) ထိတ်လန့်တုန်လှုပ်မိကြောင်း နေ့ညပိုင်းတွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

Catagories

မြေလတ်အသံသတင်းဌာန၏ စာဖတ်ပရိတ်သတ် မိဘပြည်သူများထံပန်ကြားချက်

ပြီးခဲ့တဲ့ရက်ပိုင်းအနည်းငယ်က မြေလတ်အသံသတင်းဌာနရဲ့ Facebook စာမျက်နှာကို နည်းပညာပိုင်းဆိုင်ရာ တိုက်ခိုက်မှုခံခဲ့ရပြီး မနေ့ကစတင်ကာ ပုံမှန်သတင်းများကို ဆက်လက်ရေးသား ဖေါ်ပြနေပြီဖြစ်ပါတယ်။

လက်ရှိမှာ စာဖတ်သူတွေဆီကို မြေလတ်အသံရဲ့ နာမည်အစား Binh Pham Media လို့ ပြောင်းလိုက်တယ်ဆိုတဲ့ အသိပေးစာ ဝင်လာနေတာတွေရှိသလို နောက်ထပ်လည်း ဝင်လာနေဦးမှာဖြစ်ပါတယ်။

Catagories

Subscribe to