ပုဏ္ဏားကျွန်းဒေသခံတဦး ဝါးခုတ်ပြီးအပြန် မိုင်းနင်းမိလို့ ခြေတဖက်ဆုံးရှုံး

RK

မြေလတ်အသံ၊ စက်တင်ဘာ ၈၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းအုံစု ကျေးရွာမှ အမျိုးသားတဦး ယနေ့စက်တင်ဘာ ၈ရက် ညနေ ၄နာရီကျော်အချိန်တွင် ဝါးခုတ်ပြီးပြန်လာစဉ် မိုင်းနင်းမိကာ ခြေထောက်တဖက်ပြတ်ထွက်သွားခဲ့သည်ဟု သိရသည်။

စစ်ဆေးရေးဂိတ်မှာ ရပ်မပေးတဲ့ကားကို ပစ်ခတ်တားဆီးခံရ၊ အရာရှိကားဟုဆို 

P

သဲကုန်း၊ စက်တင်ဘာ ၈၊ ၂၀၂၂။

ပဲခူးတိုင်း(အနောက်ခြမ်း)သဲကုန်းမြို့နယ် ရန်ကုန်-ပြည်လမ်း ဝက်ပုတ်တာဆုံအနီးမှာ စက်တင်ဘာ ၇ ရက် မနေ့ညနေက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်လာတဲ့ အိမ်စီးကားတစီး ပစ်ခတ်တားဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Catagories

စစ်ကြောင်းတွေကြားက မြိုင်မြို့နယ် မြောက်ဖျားပိုင်းဇုန်မှာ နိုင်ငံ့ခေါင်းဆောင်များကို ထောက်ခံဆန္ဒထုတ်ဖော် (ရုပ်/သံ)

မြိုင်၊ စက်တင်ဘာ ၇၊ ၂၀၂၂။

မြိုင်မြို့နယ် အနီး၀န်းကျင်မှာ စစ်ကောင်စီ စစ်ကြောင်းတွေ ရှိနေပေမယ့်လည်း မြောက်ဖျားပိုင်းဇုန်မှာ  ရွားသားတွေ ဦးဆောင်ပြီး အင်အား ၇၀ ၀န်းကျင်က နိုင်ငံ့ခေါင်းဆောင်တွေကို ထောက်ခံတဲ့အနေနဲ့ စက်တင်ဘာ ၆ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်လာတဲ့ စစ်ကောင်စီရေယာဥ်တွေ ကြားဖြတ်တိုက်ခိုက်ခံရ ( ရုပ်/သံ )

မုံရွာ၊ စက်တင်ဘာ ၇၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်လာတဲ့ စစ်ကောင်စီရေယာဥ်တွေ စက်တင်ဘာလ ၇ ရက် ဒီကနေ့မနက်ပိုင်းက ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပထမတကြိမ်အနေနဲ့ မနက် ၉ နာရီလောက်မှာ လက်နက်ခဲယမ်းတွေသယ်ဆောင်လာတယ်လို့ ယူဆရတဲ့ စစ်သင်္ဘောတစီးကို တဖက်ဖွင့်မိုင်းတွေနဲ့ ပစ်ခိုက်တိုက်ခိုက်ပြီး နာရီပိုင်းအကြာ ၁၀ နာရီလောက်မှာတော့ နောက်ထပ် ဖြတ်လာတဲ့ စစ်မော်တော် ၂ စီးကို ထပ်မံတိုက်ခိုက်ခဲ့တာလို့ Monywa Peregrine PDF မှ ဗိုလ်လေပေါက ပြောပါတယ်။

ပြည်သူ ၆ ဦးကိုသတ်ခဲ့တဲ့ ကျောက်ရစ်စခန်းက စစ်ကောင်စီတပ်တွေကို PDF က တန်ပြန်တိုက်ခိုက် ( ရုပ်/သံ )

မြောင်၊ စက်တင်ဘာ ၇၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံကာကွယ်ရေးတပ်တွေက စက်တင်ဘာလ ၆ ရက် မနေ့က ညပိုင်းမှာ တိုက်ခိုက်ခဲ့ပါတယ်။

အင်အား ၄၀ နီးပါးရှိနေတဲ့ အဲ့ဒီစခန်းကို မနေ့ည ၉ နာရီလောက်မှာ ၄၀ မမ ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ T.T.A-ပြောက်ကျားတပ် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ် အလောင်းဖျောက်တဲ့ ရုပ်သံများပျံ့နှံ့ထွက်ပေါ်

sna

ဟုမ္မလင်း၊ စက်တင်ဘာ ၇၊ ၂၀၂၂။
(မှတ်ချက်-နှလုံးစိတ်ဝမ်းမချမ်းမြေ့ဖွယ်(အနိဌာရုံ) မြင်ကွင်းဓါတ်ပုံများပါဝင်ပါသည်။)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နန့်နန်းကျေးရွာမှာတပ်စွဲထားတဲ့ SNA တပ်မဟာ-၇၅၃ စိုင်းပြူးဦးဆောင်တဲ့အဖွဲ့ဟာ ဘုံလွန်လမ်းခွဲအနီးမှာ ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းဖျောက်တဲ့ ဗီဒီယိုမှတ်တမ်းတချို့ ပေါက်ကြားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

Catagories

စစ်ကောင်စီက မြောက်ဦးမြို့ဈေးကို မိုင်းရှင်းလင်းနေ၍ ပြည်သူများစိုးရိမ်မှုမြင့်တက် (ရုပ်/သံ)

မြေလတ်အသံ ၊ စက်တင်ဘာ ၆၊၂၀၂၂။

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့မဈေးကြီးတွင် စစ်ကောင်စီနှင့်ရဲများက ယနေ့စက်တင်ဘာ ၆ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မိုင်းရှင်းလင်း‌နေသဖြင့် ဈေးဆိုင်များပိတ်ထားသည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့ပေါ်နေရာအချို့နှင့် ဈေးကြီးတွင် နေရာယူထားသဖြင့် မြို့ခံပြည်သူများမှာ စိုးရိမ်မှုမြင့်တက်လျှက်ရှိနေကြသည်။

ယနေ့မနက် စစ်ကောင်စီက မြောက်ဦးစျေးထဲတွင် မိုင်းရှာနေစဥ် စျေးနှင့်ဝေးသော နန်းတော်ယာကုန်း အနီးရှိ မြောက်ဦးဆေးရုံဟောင်းနားတွင် ပေါက်ကွဲမှု တခုဖြစ်ခဲ့သည်။

စစ်ကောင်စီက မြောက်ဦးဈေးထဲ၌ မိုင်းရှာနေစဉ် နန်းတော်ယာကုန်းအနီးတွင် မိုင်းပေါက်ကွဲ

P

မြေလတ်အသံ၊ စက်တင်ဘာ ၆၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မဈေးထဲ၌ စစ်ကောင်စီနှင့်ရဲများက မိုင်းရှာနေစဉ် ယနေ့စက်တင်ဘာ ၆ရက် နံနက် ၉နာရီကျော်အချိန်ခန့်တွင် နန်းတော်ယာကုန်းအနီးတွင် မိုင်းတလုံး ပေါက်ကွဲခဲ့သည်ဟု သိရသည်။

Catagories

ကနီမှာ စစ်ကောင်စီရေယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်းထိခိုက် (ရုပ်/သံ)

ကနီ၊ စက်တင်ဘာ ၅၊ ၂၀၂၂။

မင်းကင်းနယ်ဘက်ကစုန်ဆင်းလာတဲ့ စစ်ကောင်စီရေယာဉ်တွေကို စစ်ကိုင်းတိုင်း၊ ကနီမြို့နဲ့ ချိုင်ကြားပွတ်လုံးဒေသကြားမှာ နယ်မြေခံအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအင်အား ၁၅၀ ခန့်ပါဝင်တဲ့ စစ်သင်္ဘာတစီးနဲ့ ဖလပ်မော်တော် ၆ စီးဟာ မင်းကင်းမြို့မှာညအိပ်ပြီး ကနီမြို့ကိုထွက်လာစဉ် စက်တင်ဘာ ၄ ရက် မနေ့ကညနေ ၄ နာရီခွဲမှာ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ကရင်နီပြည် ဒီမောဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်း ရိက္ခာအကူအညီ လိုအပ်နေ (ရုပ်/သံ)

မြေလတ်အသံ၊ စက်တင်ဘာ ၅၊ ၂၀၂၂။

ကရင်နီပြည်နယ် ဒီမောဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်ပြည်သူတွေဟာ ကူညီထောက်ပံ့တာတွေ မရတာ လနဲ့ချီပြီး ရှိနေပြီဖြစ်လို့ စစ်ရှောင်တွေမှာ စားနပ်ရိက္ခာ ပြတ်လပ်တာတွေနဲ့ ကြုံတွေ့နေကြပါတယ်။

တချို့စစ်ရှောင်တွေဟာ မိသားစုလိုက် ဒီစခန်းထဲမှာ ရောက်ရှိနေတာ ၁ နစ်ကျော် ကြာနေပြီဖြစ်သလို စစ်ရှောင်တွေ များလာတာနဲ့အမျှအလှူရှင်တွေ မရောက်တဲ့အတွက် စားစရာ ဆန်၊ ဆီကအစ  ပြတ်လပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

Subscribe to