စစ်တပ်ခေါ်ထုတ်သွားတဲ့ ကျိုက်စကောထောင်နိုင်ကျဉ်းတွေထဲက ပဲခူးပကဖစုဆောင်းရေးတာဝန်ခံ သေဆုံး
"ကိုသန့်ဇင်ဝင်း ကျဆုံးသွားတယ်ဆိုတာ အတည်ပြုနိုင်တာက မနေ့ကပါ။ စစ်တပ်ဘက်က သူ့မိသားစုကို အပူရှပ်သေတယ်ဆိုပြီး အကြောင်းကြားတယ်လို့သိရတယ်။ ဒါပေမယ့်ကျနော်တို့ ဖရဲသီးဆီက ပြန်သိရတဲ့သတင်းအရတော့ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာနဲ့သေတယ်လို့ သိရတယ်။ အလောင်းကိုလည်း မိသားစုက ပြန်မရဘူး"