မုံရွာက ကုန်စုံဆိုင်ဓားပြတိုက်ခံရ ဆိုင်ရှင်အမျိုးသားသေဆုံးပြီး အမျိုးသမီးဒဏ်ရာရ

မုံရွာ၊ ဇန်နဝါရီလ ၂၁၊ ၂၀၂၃။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက် ဗဟိုလမ်းက ကုန်စုံဆိုင် ၁ ဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားဖြစ်သူ သေဆုံးကာ အမျိုးသမီးဖြစ်သူ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
Catagories
စာသင်ကျောင်းမှာတပ်စွဲနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး

ပေါက်၊ ဇန်နဝါရီ ၂၁၊ ၂၀၂၃။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတောကျေးရွာ စာသင်ကျောင်းထဲမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ ဇန်နဝါရီလ ၂၀ ရက်မနေ့မနက် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခံရတာကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်ရရှိသွားခဲ့တယ်လို့ သိရပါတယ်။
Catagories
PDF သင်တန်းဆင်းပြီး စစ်ကောင်စီနဲ့ပူးပေါင်းသွားတဲ့ ဒလန်ဆိုသူ ၂ ဦး ပစ်သတ်ခံရ

မန္တလေး၊ ဇန်နဝါရီလ ၂၁၊ ၂၀၂၃။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၄၈ × ၄၉ လမ်းကြား ရတနာမိုးလက်ဖက်ရည်ဆိုင်မှာ PDF သင်တန်းဆင်း တော်လှန်ရေးသစ္စာဖောက်ဆိုသူ အပါအဝင် ၂ ဦး မနေ့က ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်က ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
Catagories
ရေဦးမှာ စစ်အုပ်စုကစစ်ကြောင်းထိုးလို့ တနေ့တည်း ဒေသခံ ၃ ထောင်ကျော်တိမ်းရှောင်နေရ

ရေဦး၊ ဇန်နဝါရီ ၂၀၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေကဇန်နဝါရီလ ၂၀ ရက်ဒီကနေ့မှာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး တရွာဝင်တရွာထွက်နေအိမ်တွေကိုမီးရှို့နေတာကြောင့် ဒေသခံပြည်သူ ၃ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Catagories
ကပစ ၁၇ ပစ်တဲ့ လက်နက်ကြီးကျည် စစ်ကောင်စီစာသင်ကျောင်းထဲ ပြန်ကျပေါက်ကွဲမှုဖြစ်လို့ ထိတ်လန့်မှုဖြစ်ပွားခဲ့

မြို့သစ်၊ ဇန်နဝါရီ ၂၀၊ ၂၀၂၃။
မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ အိုင်မအုပ်စု၊ လေးအုံကုန်းကျေးရွာ စာသင်ကျောင်းထဲ ကပစ ၁၇ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်လိုက်တဲ့ လက်နက်ကြီးအဆံကျပြီး ပေါက်ကွဲမှုဖြစ်ကာ ကလေးတွေ ဆရာ/ဆရာမနဲ့ ပြည်သူတွေ ထိတ်လန့်ခဲ့တယ်လို့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဒေသခံတွေထံက သိရပါတယ်။
Catagories
မြင်းခြံမှာ မီတာခမပေးလို့ဆိုကာ မီးကြိုးတွေဖြုတ်သွား

မြင်းခြံ၊ ဇန်နဝါရီ ၂၀၊ ၂၀၂၃။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ မီတာခမပေးဆောင်လို့ဆိုကာ ဇန်နဝါရီလ ၂၀ ရက် ဒီနေ့မနက်က စစ်ကောင်စီလက်အောက်ခံ EPC က လျှပ်စစ်ဓါတ်အားကြိုးတွေ လာဖြုတ်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
Catagories
ဆောမှာ စစ်အုပ်စုက ချင်းအမျိုးသား ၃ ဦးအပါ ၄ ဦးကိုဖမ်းပြီး တပ်စွဲထား

မကွေး၊ ဇန်နဝါရီ ၂၀၊ ၂၀၂၃။
မကွေးတိုင်း၊ ဆောမြို့နယ်၊ ပန်းဆန်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက တပ်စွဲထားတဲ့အပြင် အမျိုးသား ၄ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Catagories
ကန့်ဘလူမှာ အထိုင်ချနေတဲ့စစ်အုပ်စု လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ

ကန့်ဘလူ၊ ဇန်နဝါရီ ၂၀၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာမှာ အထိုင်ချထားတဲ့ စစ်သားနဲ့ပျူစောထီးတွေ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Catagories
ရေဦးမှာ ရက်ပေါင်း ၂၀ အတွင်း ကျေးရွာ ၂၄ ရွာ မီးရှို့ဖျက်ဆီးခံရ

ရေဦး၊ ဇန်နဝါရီ ၂၀၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တပ်မ ၃၃ လက်အောက်ခံ ခမရ ၃၆၁ နဲ့ ခမရ ၃၆၉ မှ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်း ၂ ကြောင်းခွဲကာ ရက်ပေါင်း၂၀ အတွင်း ကျေးရွာပေါင်း ၂၄ ရွာကို မီးရှို့ဖျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
Catagories
လက်နက်ကြီးထိမှန်လို့ သံဃာတပါးအပါအဝင် စစ်ရှောင်နေတဲ့ သက်ကြီးရွယ်အို ၄ ဦးထိမှန်

မြောင်၊ ဇန်နဝါရီ ၂၀၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆူးလေကုန်းရွာ ဘုန်းကြီးကျောင်းနဲ့ ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ စစ်ရှောင်ပြည်သူတွေနဲ့ တိရစ္ဆာန်တွေ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။