Podcast

”မွေးကင်းစကလေး ဗိုက်နာ၊ ဝမ်းလျှောခြင်းကိုသက်သာစေတဲ့ ပိတောက်” (Podcast)

အခုတပတ် လက်တကမ်း ကျန်းမာရေးအစီအစဉ်မှာ ”မွေးကင်းစကလေး ဗိုက်နာ၊ ဝမ်းလျှောခြင်းကိုသက်သာစေတဲ့ ပိတောက်”အကြောင်းကို တင်ဆက်ပေးသွားမှာပါ။

ကိုစိုးဝင်းဆွေပြောပြတဲ့ စစ်ကိုင်းနိုင်ငံရေးနဲ့ စစ်ကိုင်းဖယ်ဒရယ်အရေး (ရုပ်သံအင်တာဗျူး)

"ကျနော်တို့နားလည်တဲ့ စုပေါင်းခေါင်းဆောင်မှု သဘောတရားသည် အိမ်ကြီးကို ကြိုဆောက်ထားပြီးမှ မင်းတို့လည်း နေလို့ရပါတယ်ကွာ၊ တခန်းစီပေးပါမယ်ဆိုတဲ့ ပုံစံက စုပေါင်းခေါင်းဆောင်မှု မဟုတ်ဘူးဗျ။ ဒီလိုလုပ်တာက စစ်တပ်က အမျိုးသားညီလာခံ ခေါ်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေကြိုဆွဲထားသလိုပဲပေါ့ဗျာ။ သူ့စိတ်ကြိုက် ၂၀၀၈ အခြေခံဥပဒေဆွဲထားပြီးတော့မှ ဒါဒီမိုကရေစီပဲ၊ မင်းတို့ဒီမိုကရေစီလိုချင်ရင် ဒီအထဲကို ဝင်လုပ်ကြလေဆိုတဲ့ပုံစံကြီးပေါ့။ ဒီလိုမျိုး ကိုယ်ကအထိုင်ချပြီးမှ ဝင်လာကြဆိုတာ စုပေါင်းခေါင်းဆောင်မှု မဟုတ်ဘူးဗျ။"

လူတစုရဲ့ မိုက်မဲမှုကို လူအများခံနေရတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

စစ်အာဏာသိမ်းပြီးတဲ့နောက် နေရာဒေသအနှံ့အပြားမှာ ခုခံတော်လှန်တိုက်ပွဲတွေဖြစ်နေပြီး တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲတွေကြောင့် လူသန်းချီနေရပ်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း၊ မလွတ်မြောက်ခြင်းအပေါ် လက်နက်ကိုင်တော်လှန်ရေးသမားများ၏ အမြင်သဘောထား

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာမည်ဆိုပါက လက်ရှိ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်နှင့် နိုင်ငံရေးအခင်းအကျင်း မည်သို့ဖြစ်လာနိုင်မည်နည်း၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကြား ပွတ်တိုက်မှုများဖြစ်ပေါ်လာနိုင်မည်လား စသည့်မေးခွန်းတချို့ကို မြေလတ်ဒေသအခြေစိုက်သည့် မင်းလှ ပကဖ၊ သရက်ခရိုင် တပ်ရင်း ၄ ၊ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် DRPA၊ မကွေးခရိုင်တပ်ရင်း ၂၊ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်တပ်ရင်း၊ Bo Tiger-ဗိုလ်ကျားကြီးတပ်ဖွဲ့နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) စသည့်တပ်ဖွဲ့၊ တပ်ရင်းများမှ တပ်ဖွဲ့ဝင်များကို မေးမြန်းခဲ့ပါသည်။

ရှိတာ‌တွေ ရောင်းပြီး  ၃ နှစ်တိုင် ဖြတ်သန်းနေတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်အခြေစိုက် ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ သည် တပ်ဖွဲ့တည်ထောင်ခြင်း ၃ နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။ တော်လှန်ရေး ရေစီးကြောင်းပေါ် အစုန်တလှည့် အဆန်တလှည့် ဖြတ်ကျော်လာခဲ့ပြီး မလျှော့သောဇွဲသတ္တိတို့ဖြင့် စစ်ကောင်စီကို ခုခံတိုက်ပွဲဝင်နေဆဲ ဖြစ်သည်။ တော်လှန်ရေးကာလ ၃ နှစ်အတွင်း ဘာတွေလုပ်ဆောင်နိုင်ခဲ့လဲ၊ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ၊ တပ်ဖွဲ့ ၃ နှစ်တာ ရပ်တည်လာတဲ့အပေါ် မေးမြန်းထားပါတယ်။

“အရှိုချင်းလူမျိုးဖြစ်တယ်ဆိုတာကိုတောင် မဖော်ပြရဲလောက်အောင် သိမ်ငယ်ခဲ့ရ၊ ခွဲခြားဆက်ဆံခံခဲ့ရတယ်။” (အင်တာဗျူး)

မြေပြန့်က အရှိုချင်းတွေကရော နွေဦးတော်လှန်ရေးမှာ ဘယ်လိုပါဝင်လှုပ်ရှားနေသလဲဆိုတာ Chin Defence Force – Asho တပ်ဖွဲ့ဝင် ဆလိုင်းရိုးရှင်းကို မြေလတ်အသံက မေးမြန်းထားပါတယ်။

“၂ ရက်အတွင်းကတော့ လာရောက်လျှောက်တဲ့သူ ၂၀၀ ကျော်လောက်ရှိပါတယ်” (အင်တာဗျူး)

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြဌာန်းပြီးတဲ့နောက် BLDF မှ တပ်သားသစ်တွေခေါ်ယူနေတာနဲ့ပတ်သက်လို့ BLDFရဲ့ စစ်ဒေသ (၁) စစ်ရေးတာဝန်ခံ ရဲဘော်ဂျွန်ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။

တရုတ်လျက်မင်း မင်းကြောင်‌ချေး (သရော်စာ)

ဆောင်းပါးရှင် မြေလတ်အမတ်ကြီးရဲ့ သရော်စာအစီအစဉ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ "တရုတ်လျက်မင်း မင်းကြောင်‌ချေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ နားဆင်နိုင်ပါပြီ။

မင်းကြောင်‌ချေးရဲ့ ဖွတ်ရဲမက်ရှာပုံတော် (သရော်စာ)

ဆောင်းပါးရှင် မြေလတ်အမတ်ကြီးရဲ့ သရော်စာအစီအစဉ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ "မင်းကြောင်‌ချေးရဲ့ ဖွတ်ရဲမက်ရှာပုံတော်" ဆိုတဲ့ခေါင်းစဉ်နဲ့ နားဆင်နိုင်ပါပြီ။

"ငါက စမိုင်းလင်းလောက်ပဲ ပြောတတ်တာ"

"ငါက စမိုင်းလင်းလောက်ပဲ ပြောတတ်တာ"