ရွာသာယာမှာ တပ်စွဲဖို့လာတဲ့စစ်ကောင်စီတွေ တိုက်ခိုက်ခံရလို့ ၃ ဦး သေဆုံး

စဉ့်ကူး၊ ဇန်နဝါရီ ၁၆၊ ၂၀၂၃။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာမှာ အထိုင်ချတပ်စွဲဖို့ရောက်ရှိလာခဲ့ကြတဲ့ စစ်ကောင်စီတွေ ၃ ရက်တိုင် တိုက်ခိုက်ခံရတာလို့ စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။
Catagories
နတ်မောက်မှာ စစ်အုပ်စု ဆိုင်ကယ် မိုင်းဆွဲခံရလို့ စစ်သား ၉ ဦးခန့် သေဆုံးနိုင်

နတ်မောက်၊ ဇန်နဝါရီ ၁၆၊ ၂၀၂၃။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးလာတယ်လို့ ယူဆရတဲ့ စစ်ကောင်စီဆိုင်ကယ်တွေကို ဇန်နဝါရီလ ၁၅ ရက် မနေ့ကမနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
Catagories
ဖျက်ဆီးခံရတဲ့ ဆက်သွယ်ရေးကြိုးကို လာစစ်တဲ့စစ်အုပ်စု မိုင်းခွဲတိုက်ခိုက်ခံရ

ကြို့ပင်ကောက်၊ ဇန်နဝါရီ ၁၆၊ ၂၀၂၃။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဖျက်ဆီးခံရတဲ့ စစ်ဘက်ဆိုင်ရာ မြေအောက်ဆက်သွယ်ရေးကြိုးကို လာစစ်တဲ့စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ အုပ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။
Catagories
ထိတွေ့ပစ်ခတ်မှုမှာ အကျအရှုံးများနေတဲ့ စစ်ကောင်စီက လေကြောင်းပစ်ကူပေးနေရ

စစ်ကိုင်း၊ ဇန်နဝါရီ ၁၆၊ ၂၀၂၃။
Catagories
ရွာတကာလှည့်ပတ်ပြီး တောင်းရမ်းနေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

ယင်းမာပင်၊ ဇန်နဝါရီ ၁၆၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမမှာ တပ်စွဲထားတဲ့စစ်အုပ်စုတွေ တခြားကျေးရွာတွေဆီကို ရိက္ခာတောင်းဖို့သွားချိန် ဇန်နဝါရီ ၁၆ ရက်မနက် ၉ နာရီကျော်မှာ မိုင်းဆွဲခံရတာကြောင့် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Catagories
ဆင်မြီးဆွဲလျှပ်စစ်ရုံး မိုင်းထောင်ဖောက်ခွဲခံရလို့ ပျက်စီးတာတွေရှိဟုဆို

သဲကုန်း၊ ဇန်နဝါရီလ ၁၆၊ ၂၀၂၃။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့ လျှပ်စစ်မီတာရုံး မိုင်းထောင်ဖောက်ခွဲခံရလို့ ထိခိုက်ပျက်စီးသွားတာတွေရှိတယ်လို့ သိရပါတယ်။
Catagories
ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၄ ဦးခန့်သေဆုံး

ပေါင်းတည်၊ ဇန်နဝါရီ ၁၆၊ ၂၀၂၃။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီလ ၁၆ ရက် ဒီနေ့မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားတယ်လို့ ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ် - PPDF ဆီက သိရပါတယ်။
Catagories
ကံမမြို့အဝင် စစ်ကောင်စီဂိတ်ကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်

ကံမ၊ ဇန်နဝါရီ ၁၆၊ ၂၀၂၃။
မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့အဝင် စစ်ကောင်စီဂိတ်ကို ဇန်နဝါရီလ ၁၅ ရက် မနေ့ညက အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သရက် - ကံမ - မင်းတုန်း ပူးပေါင်း ပကဖ - Eagle Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Catagories
မင်းကင်းမြို့ကလာတဲ့စစ်ကြောင်း မိုင်းဆွဲခံရလို့ ၂ ဦး ဒဏ်ရာပြင်းထန်

မင်းကင်း၊ ဇန်နဝါရီ ၁၆၊ ၂၀၂၃။
Catagories
ခင်ဦးမှာ လမ်းဘေးစွန့်ပစ်ပစ္စည်းကောက်တဲ့ အမျိုးသမီး ၂ ဦး အသတ်ခံရ

ခင်ဦး၊ ဇန်နဝါရီ ၁၆၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ ပုလင်းခွံ၊ သံတို သံစတွေကောက်ပြီး အသက်မွေးနေကြတဲ့ အမျိုးသမီး၂ ဦးမှာ ၃ ရက်ကြာပျောက်ဆုံးနေပြီးနောက် ဇန်နဝါရီ ၁၅ ရက်နေ့မနက်အချိန်မှာ ဓားဒဏ်ရာတွေနဲ့သေဆုံးလျှက်ပြန် တွေ့ခဲ့ရတယ်လို့ သိရပါတယ်။