မန္တလေးက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသတ်ခံရ 

မန္တလေး

မန္တလေး၊ ဇန်နဝါရီ ၁၆၊ ၂၀၂၃။ 

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗေဓိကုန်းအရှေ့ရပ် ၆၉(ဘီ)လမ်း၊ ၄၀×၄၁ လမ်းကြားနေ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နေအိမ်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

Catagories

ငွေကောက်ခံနေတဲ့ စစ်‌ကောင်စီ Drone နဲ့ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိသလို လက်နက်ခဲယမ်းများ ဆုံးရှုံး

ပခုက္ကူ

ပခုက္ကူ ၊ ဇန်နဝါရီ  ၁၆ ၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာ လမ်းဆုံမှာ ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ Drone နဲ့ တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးတာတွေရှိတဲ့အပြင် လက်နက် တလက်လည်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

Catagories

ဝက်လက်က စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

စစ်ရေးလေ့ကျင့်နေပုံ
ပုံစာ - ရွှေဘိုခရိုင် တပ်ရင်း ၁၅ မှ တပ်ဖွဲ့ဝင်များ။

ဝက်လက်၊ ဇန်နဝါရီ ၁၆၊၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့က စစ်ကောင်စီတပ်စခန်းတခု ဇန်နဝါရီလ ၁၅ ရက်မနေ့ကည ၇ နာရီဝန်းကျင်မှာတိုက်ခိုက်ခံရတာကြောင့် စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Catagories

ရေချိုးပွဲတော်သွားမယ့်ကား မှောက်လို့ ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ကားမှောက်ပုံ

ကျောက်တံခါး၊ ဇန်နဝါရီလ ၁၆၊ ၂၀၂၃။

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ကျောက်တံခါးမြို့အဝင်ဆိုင်းဘုတ်အနီးမှာ ရေချိုးပွဲတော်သွားမယ့် ကားမှောက်လို့ ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Catagories

ပြည်မြို့က မွေ့ယာဆိုင် မီးလောင်

sfe

ပြည်၊ ဇန်နဝါရီ ၁၅၊ ၂၀၂၃။

ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ်ကွက် ရုံးလမ်းနဲ့ စျေးလမ်းထောင့်က OK မွေ့ယာဆိုင်မှာ ဇန်နဝါရီ ၁၅ရက် ဒီနေ့ နေ့လယ် ၃နာရီဝန်းကျင်လောက်က မီးလောင်ခဲ့ပါတယ်။

မီးလောင်မှုကြောင့် မွေ့ယာဆိုင်ဝန်ထမ်းတွေ အထိအခိုက်မရှိပေမယ့် ဆိုင်က မွေ့ယာတွေ အားလုံးနီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

Catagories

သက်တမ်း ၁၂၀ ကျော် ခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ် ၁၀၀ကျော် စစ်တပ်က မီးရှို့

YO

ရေဦး၊ ဇန်နဝါရီ ၁၅၊၂၀၂၃။

စစ်ကိုင်းတိုင်း ရေဦးမြိုနယ်ထဲက ချမ်းသာရွာက ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းနဲ့ အဆောက်အဦတွေအပြင် နေအိမ် ၁၀၀ ကျော်ကို ဇန်နဝါရီလ ၁၅ ရက် ဒီနေ့မနက်အစောပိုင်း စစ်ကောင်စီတပ်က မီးရှို့သွားခဲ့ပါတယ်။

Catagories

ရွှေဘိုက ရဲမှူးနေအိမ် ဗုံးခွဲခံရ

hpl

စစ်ကိုင်း၊ ဇန်နဝါရီ ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၃ ရပ်ကွက်၊ ဘိုကုန်းရပ်က ရဲမှူးအိမ်မှာ ဇန်နဝါရီလ ၁၅ ရက်ဒီမနက်ပိုင်းမှာ ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

Catagories

ပခုက္ကူက သားဖွားဆရာမ ၁ ဦး နေအိမ်မှာ အသတ်ခံရ

dwki

ပခုက္ကူ၊ ဇန်နဝါရီ ၁၅၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မကျီးကိုးပင်ကျေးရွာမှာ အရပ်သားဖွားဆရာမ ၁ ဦး နေအိမ်မှာ အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Catagories

ကြို့ပင်ကောက်မြို့က အုပ်ချုပ်ရေးမှူးရုံးအနီး ဗုံးကွဲ

ကြို့ပင်ကောက်

ကြို့ပင်ကောက်၊ ဇန်နဝါရီ ၁၅၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့က အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဇန်နဝါရီလ ၁၄ ရက်မနေ့ညက ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ကြို့ပင်ကောက်မြို့၊ ပြည်တန်းလမ်းထိပ်မှာရှိတဲ့ ရွာမတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ မနေ့ည ၈ နာရီလောက်က ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

Catagories

Subscribe to