Nan Khan

ပျူစောထီးသင်တန်း အတင်းအကျပ်တက်ခိုင်းတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

“သူက တယောက်တည်း ဆိုင်ကယ်မောင်းနေတာ ခုခံချိန်မရလိုက်ဘူး။ ကျနော်တို့ သူ့ကို ၂ ချက်ပစ်တယ်။ အပစ်ခံရပြီး ဆိုင်ကယ်ယိုင်ပြီး ရှေ့ကနွားလှည်းကိုဝင်တိုက်တယ်။ ပြီးတော့ နွားကြားထဲရောက်သွားတယ်။ နောက်တချက် ကျနော်တို့ထပ်ပစ်ခဲ့တယ်”

ပခုက္ကူနည်းပညာတက္ကသိုလ်မှာ ရေစက်ဖွင့်ပိတ်လုပ်တဲ့ ရဲတပ်သား ၂ ဦး ပစ်ခတ်ခံရလို့ သေဆုံး

“သူတို့က အမြဲတမ်း ရေတင်တယ်။ ရေပြည့်ပြီးဆိုတာနဲ့ လာပိတ်တယ်။ ကျနော်တို့ ဒီနေ့က အဖွဲ့ ၂ ဖွဲ့ခွဲပြီးပစ်တာ ဒီဘက်မှာ ပစ်တာနဲ့ နောက်ထပ်တဖွဲ့က လေးထပ်ကျောင်းဆောင်ရှိနေတဲ့ စစ်**တွေကို ခေါင်းမဖော်နိုင်အောင်ပစ်တယ်။ သေဆုံးတာကိုတော့ ကျနော်တို့မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့တာ”

ကပစ ၂၂ ကိုလာတဲ့ စစ်တပ်ဖောကား ၂စီး မိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

ဆိပ်ဖြူကနေထွက်လာတဲ အဲ့ဒီကား ၂စီးကို ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီခန့်မှာ ဆော-ဆိပ်ဖြူ လမ်းပိုင်း ကူရှည်ကျေးရွာအနောက်ဘက် သပိတ်တပင်လမ်းခွဲအရောက်မှာ ၅ ဂါလံပုံးဝါ လက်လုပ်မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ၂ စီးမြောက်ကားကို ထိမှန်တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါ ခလရ ၅၀ ဆီလာတဲ့ စစ်ကြောင်းကို PDF က မိုင်းဆွဲလို့ အရာရှိ ၁ဦးအပါ ၇ဦးထက်မနည်းသေ

“သူတို့လာမှာကို ကျနော်တို့သတင်းရထားလို့ မိုင်း ၃ နေရာထောင်ခဲ့တယ်။ ကျနော်တို့မိုင်းဆွဲတဲ့နေ့မှာပဲ ၇ ကောင်သေတယ်။ မနေ့က ထပ်ပြီးကြားသိရတာတော့ ဒဏ်ရာရတဲ့နောက်ထပ် ၂ ဦးထပ်သေတယ်လို့ ကြားတယ် ”လို့ ဂန့်ဂေါကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ထီးလင်းမြို့ပေါ်အထိုင်စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ သားအဖ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

“ရွာထဲမှာ မနေရဲလို့ ရွာပြင်မှာ တဲထိုးပြီးနေတာ။ အဲ့ဒါကို လက်နက်ကြီးထိသွားတာပဲ။ ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ယောက်ကိုလည်း လုံခြုံတဲ့နေရာမှာ ဆေးကုသမှုပေးနေပါတယ်။ သမီးဖြစ်တဲ့သူကတော့ စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်”

ဂန့်ဂေါမှာ လက်နက်ကြီးစထိပြီး ၁၀ နှစ်အရွယ်ကလေးနဲ့ မိခင်ဖြစ်သူသေဆုံး

“ကလေးအမေကတော့ ပွဲချင်းပြီးသေသွားတယ်။ ကလေးကတော့ ဆေးကုဖို့သွားရင်း လမ်းမှာပဲ သေသွားတယ်။ အခုချိန်ထိတော့ သင်္ဂြိုဟ်တာတွေမလုပ်ရသေးဘူး။ ဒဏ်ရာရသွားတဲ့ ၂ ယောက်ကလည်း မစိုးရိမ်ရတော့ပါဘူး”

ကြွေပုဂံရွာနားက ရပ်/ကျေးပကဖစခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ဒေသခံ ၂ ဦးကိုလည်း ဖမ်းဆီးသွား

“ သူတို့(စစ်ကောင်စီ) ရွာထဲကိုဝင်လာချိန် ရဲဘော်တွေက ကာပစ်ရင်းဆုတ်ခွာခဲ့တော့ ဖမ်းဆီးခံရတဲ့ ရဲဘော်တွေတော့ မရှိဘူး။ ဦးပေါဆွေကိုတော့ ရွာထဲဝင်တာနဲ့ တခါတည်းဖမ်းသွားတာ၊ ဦ:သန်းလွင်ကိုတော့ ဖုန်းစစ်ရင်း သူ့ဖုန်းထဲမှာ ရဲဘော်တွေကို သတင်းပို့ထားတာတွေ့လို့ ဖမ်းသွားတာ”

တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုက ဆားထုံးရွာကို မီးဝင်ရှို့

“ကျနော်တို့ကြားတာကတော့ ထိတွေ့ပစ်ခတ်မှုဖြစ်ကြတယ်။ **တွေဘက်က အကျအဆုံးရှိတော့ ရွာထဲဝင်ပြီး နေအိမ်တွေကို မီးရှို့တော့တာပဲ။ ရွာသားတွေက ကြိုရှောင်ထားတော့ ဖမ်းဆီးခံရတာမျိုးတွေ မရှိဘူး”

နတ်တလင်းမှာ အချိန်အခါမဟုတ် မိုးသက်လေပြင်းတိုက်လို့ နေအိမ်အဆောက်အဦတွေပျက်စီးမှုရှိ

“တာပွန်မြို့မှာတော့ လေတိုက်တာအရမ်းမဆိုးဘူး။ မိုးလောက်ပဲရွာတာ။ တာပွန်မြို့နားက ရွာတွေကတော့ တော်တော်ဆိုးတယ်။ အိမ်အမိုးတွေလန် ဓါတ်တိုင်တွေကျိုးပြီး သစ်ပင်တွေပါ လဲကုန်တာ။ လူတော့အန္တရာယ်မရှိဘူး”

မြိုင်က ကန်နီရွာ တိုက်ခိုက်ခံရလို့ ပျူ ၁ ဦးသေပြီး စစ်သား ၁ ဦးဒဏ်ရာရ

“ကျနော်တို့ မနက် ၅ နာရီလောက်ကတည်းက နေရာယူထားကြတယ်။  လောလောဆယ် သေဆုံးမှုကို အတည်ပြုရတာကတော့ တယောက်တော့သေဆုံးတယ်။ တယောက်ကတော့ ခြေပြတ်သွားတယ်။သေသွားတဲ့ သူကိုလည်း ဒီနေ့မှာပဲ တခါတည်း သင်္ဂြိုဟ်ဖို့ပြင်ဆင်နေတယ်”

ကောလင်းမြို့ပေါ်ကို ခမရ ၁၂၀ က လက်နက်ကြီးနဲ့ပစ်လို့ နေအိမ် ၂ လုံးမီးလောင်

ခမရ ၁၂၀ တပ်ရင်းနဲ့ ၁၀ မိုင်အကွာရှိ ကောလင်းမြို့ပေါ် မြောက်အင်းရပ်ကွက်က နေအိမ်တလုံးနဲ့ မြို့နယ်ထွေအုပ်ရုံးအနီးက နေအိမ်တလုံး မီးလောင်ပျက်စီးခဲ့တာပါ။

ကလေးမြို့ပေါ်မှာ သတင်းယူဖို့လာတဲ့ ရဲတပ်သား ၂ ဦးကို PDF က ဖမ်းမိ

“သူတို့က ပြည်သူလိုလို၊ ဘာလိုလိုအရပ်ဝတ်နဲ့ ကျောင်းကနေထွက်လာတာ။ ကျနော်တို့ သတင်းထောက်နေတဲ့အချိန် မသင်္ကာလို့ဖမ်းဆီးလိုက်တော့ ရဲတွေဖြစ်နေတာ ”

ကပစ ၂၄ တပ်က လက်နက်ကြီးနဲ့ပစ်လို့ ၇ နှစ်အရွယ်ကလေးတဦး သေဆုံး

“လက်နက်ကြီးက သူတို့အိမ်ပေါ်ကိုကျသွားတာ။ အိမ်လည်း ပျက်စီးသွားတယ်။ ဘာထိတွေ့ပစ်ခတ်မှုမှ မရှိဘဲ ဒီအတိုင်း **တွေက လက်နက်ကြီတွေနဲ့ ပစ်နေတာ”

ငါန်းဇွန်းမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ် (ရုပ်/သံ)

“ သူတို့ကို လက်ဦးမှုယူပြီး ပစ်ခတ်ခဲ့တာ။ သေဆုံးမှုကို နယ်မြေခံတွေဆီကတဆင့် ကြားရတယ်။ ဒီမနက်သတင်းကြားတာကတော့ ငါးမြာရွာမှာ သင်္ဂြိုဟ်ပေးဖို့ လုပ်နေတယ်တဲ့”

ဘန့်ဘွေးရွာက ပျူစောထီးတွေကို အင်အားသုံးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ် (ရုပ်/သံ)

“သူတို့ ထိခိုက်ကျဆုံးမှုတွေတော့ ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ထိခိုက်ကျဆုံးရှိလို့ ကျနော်တို့ဆီ မဲပြီးတော့ စစ်ကြောင်းပုံစံဝိုက်ပြီး ပြန်ထိုးလာတာ။ ဘန့်ဘွေးပျူရွာကို ကျနော်တို့သွားရောက် တိုက်ခိုက် တာ ၁၀ ကြိမ် ၁၅ ကြိမ်လောက်ရှိပြီး။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျနော်တို့ ၄ မြို့နယ်ပေါင်း ပြီးမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကခဲ့ပါတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10