ကလေးတောင်ပိုင်းလမ်းကို စစ်တပ်က ပိတ်ဆို့ထားတာ ၁၀ ရက်ကြာနေပြီး ဒေသခံတွေ သွားလာရေး ခက်ခဲနေ
“ဂိတ်တော့မထိုင်ထားဘူး ဒါပေမဲ့ လမ်းကြားတွေမှာ အကုန်ရှိတယ်။ ရွာသားတွေလည်း မသွားရဲကြဘူး။ တချို့သက်ကြီးရွယ်အိုအတွက်တော့ ပိုဆိုးတာပေါ့။ ကျန်းမာရေးမကောင်းတဲ့အခါကျရင် ဆေးခန်းပြဖို့ လမ်းကြောင်းက မရှိတော့ဘူးလေ” လို့ ဆိုပါတယ်။