Nan Khan

လှတောရွာက ပကဖ ရဲဘော်တဦး ပစ်ခတ်ခံရပြီး သေဆုံး

“မနက်က စခန်းကနေ ရဲဘော်တွေက အဲဒီဘက်ကို သေနတ် ၄ ချက်ပစ်ဖောက်လိုက်တယ်။ သူတို့ဘက်က ပြန်လည်ပစ်တာမရှိတော့ အဲဒီနေရာမှာ မရှိတော့ဘူးဆိုပြီးသွားတာ။ ဘုရားဝန်းရှေ့မှာရှိတဲ့ တံတားပေါ်အရောက်မှာတော့ အပစ်ခံလိုက်ရတယ်” လို့ လှတောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ် ၃ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

“သူတို့ကို RPG တလုံး Rocket ၅လုံး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်။ သူတို့ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်။ ပစ်ခတ်ပြီးတော့ သူတို့တွေ ပခုက္ကူဘက်ကို ပြန်ထွက်သွားတယ်”

ဂန့်ဂေါအခြေစိုက် ခလရ ၅၀ က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတဦးသေဆုံး

“နာမည်တွေကိုတော့ ပြောလို့မရဘူး။ ဒဏ်ရာရသွားတဲ့သူတွေက သက်လတ်ပိုင်းတွေပါပဲ။ လက်နက်ကြီးထိပြီး သေဆုံးသွားတဲ့ သူကိုလည်း သင်္ဂြိုဟ်ပေးလိုက်ပါပြီ။ လက်နက်ကြီးတွေနဲ့ ၆ နာရီအထိ ပစ်နေတာ။ လက်နက်ကြီးပစ်တဲ့နေရာနဲ့ ရွာတွေနဲ့က ၅ ဖာလုံလောက်ပဲ ရှိတယ်။”

၀က်လက်မှာ အမျိုးသမီး ၁ ဦးအပါ ၄ဦးကို စစ်တပ်ကသတ်ခဲ့၊ အမျိုးသမီးရုပ်အလောင်းကအဓမ္မပြုကျင့်ခံရတဲ့ပုံစံဖြစ်နေဟုဆို

အသတ်ခံရသူတွေဟာ ကျီးကန်တောင်ရွာက အသက် ၃၅ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ ကိုနိုင်လင်း၊ ကျီးကန်မြောက်ရွာက အသက် ၅၅ နှစ်အရွယ် ဦးတင်ဆန်းနဲ့ သမီးဖြစ်သူ မရွှေမန်းသူ အသက် ၂၀ နှစ်နဲ့ အသက် ၅၆ နှစ်အရွယ် ဦးဟန်ဆွေတို့ဖြစ်ပြီး လည်ပင်းကိုဓားနဲ့လှီး သတ်ခံထားရတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးလာလို့ စခန်းပြောင်းတဲ့ကား ဗွက်နစ်နေတာကြောင့် PDF ပိုင်ပစ္စည်းတွေနဲ့ကားပါ မီးရှို့ခံရ

“ စခန်းရွှေ့နေတုန်း မိုးကလည်းရွာ ဗွက်နစ်နေလို့ ကားကိုဝိုင်းတွန်းနေတုန်း ကြွယ်ပုံဘက်ကလာတဲ့စစ်ကြောင်းနဲ့ တည့်တည့်တိုးတာ။ ဘာမှယူချိန်မရလို့ အကုန်ချန်ထားပြီး ထွက်ပြေးခဲ့ရတာ။ ကျနော်တို့မှာ ဝတ်စရာအဝတ်အစားတောင် မကျန်တော့ဘူး အကုန်မီးရှို့ခံလိုက်ရတယ်”

ဂန့်ဂေါနယ် လုံဟောရွာသားတချို့ကို စစ်ကောင်စီတပ်က ဓားစားခံအဖြစ်ဖမ်းဆီးထား

“ဒီနေ့မနက် ရွာထဲမှာ အသုဘရှိတယ်။ သူတို့ဝင်လာတော့ တချို့ကလည်း ပြေးဖို့အချိန် မမီလိုက်တော့ အဖမ်းခံရတာဖြစ်မယ်။ ဖမ်းခံရတဲ့သူတွေက အသက် ၂၀ ဝန်းကျင် နဲ့ ၃၀ ကျော်အရွယ်တွေပါ။ ဘယ်သူတွေလဲဆိုတာတော့ ကျနော်တို့လည်း တိတိကျကျမသိရသေးဘူး။ စကစတွေကလည်း ရွာထဲမှာ ရှိနေတုန်းမို့ပါ”

ကင်းပုန်းဝပ်ဖို့လာတဲ့ ပြည်သူ့စစ်တွေထဲက တဦးကို PDFက အရှင်ဖမ်းမိ (ရုပ်/သံ)

“ကျနော်တို့ စပစ်ချိန် ၁၅ မိနစ်လောက်ပါပဲ။ အဲ့အချိန်အတွင်းမှာပဲ ရအောင်ဖမ်းယူခဲ့ပါတယ်။ ကျနော်တို့ စပြီးပစ်ခတ်ချိန်မှာ သူတို့အတွက် ပစ်ခတ်ချိန်မရဘူး။ မြင်းချင်းရွာထဲကို အတင်းပြေးဝင်သွားကြတယ်။ ကျနော်တို့ ပြန်ဆုတ်ချိန် သူတို့အင်အားစုပြီး သူတို့လူကယ်ဖို့ ရွာအပြင်ကို အတင်းထွက်ပြီး ပစ်ခတ်ခဲ့ပါတယ်။”

ပဲခူးရိုးမအတွင်း ကင်းထောက်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရလို့ သေဆုံးမှုတွေရှိ

“သေဆုံးသွားတာကတော့ မျက်မြင်ကိုယ်တွေ့ပါ။ ကျနော်တို့ဘက်က ပြောက်ကျားသွားပစ်တယ်။ ပြီးတော့ပြန်ဆုတ်လာတယ်။ ကျနော်တို့ပြန်ဆုတ်လာတဲ့အချိန်မှ စစ်ကူတွေကရောက်လာတော့ ပစ်ခတ်မှုကမဖြစ်လိုက်ပါဘူး။ ပဲခူးရိုးမကိုသူတို့က စစ်ကြောင်းတွေဖြန့်ထားတာ" လို့ ပဲခူးတိုင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဝေယံ က ပြောပါတယ်။

ထန်းကြီးရွာကို စစ်ကောင်စီမီးရှို့

စစ်ကောင်စီတပ်တွေက အင်အား ၁၀၀ ဝန်းကျင်နဲ့ သြဂုတ်လ ၂၃ ရက်မနေ့နေ့လယ် ၁ နာရီလောက်ကတည်းက ရွာထဲကို ဝင်ရောက်နေထိုင်နေတာဖြစ်ပြီး ဒီနေ့လယ်ပိုင်းမှ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

လယ်ယာလုပ်သားရှားပါးလို့ အလုပ်သမားငှားမရတဲ့ တောင်သူတွေကို PDF တွေ ကူညီပေး

“အဓိက ကတော့ တပ်ဖွဲ့ရဲ့မူနဲ့ပဲသွားပါတယ်။ တိုက်စရာရှိရင်တိုက်၊ တိုက်စရာ မရှိရင်လေ့ကျင့်၊ လေ့ကျင့်စရာမရှိရင် ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်ဆိုတဲ့ အတိုင်းပါပဲ။ ပြည်သူအခက်အခဲ ဖြစ်နေရင် ကူညီရမယ့်တာဝန်က ကျနော်တို့တာဝန်ပါပဲ။ တော်လှန်ရေးလုပ်ရတဲ့ ရည်ရွယ်ချက်ကိုက ပြည်သူတွေကို ကူညီဖို့ပါပဲ” လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ယောလေးက ပြော ပါတယ်။

မြိုင်မြို့အနီး ထန်းဘုန်းတောရွာက နေအိမ် အလုံး ၃၀ ကျော်ကို စစ်တပ်က မီးရှို့

“ထန်းဘုန်းတောရွာကိုဝင်တဲ့အချိန် ကာကွယ်ရေးအဖွဲ့တွေနဲ့ ပစ်ခတ်ဖြစ်မှုတွေ ဖြစ်သေးတယ်။ သူတို့ဘက်က ထိခိုက်သေဆုံးတာတွေလည်း ရှိတယ်လို့ကြားတယ်။ သူတို့တွေ ထန်းဘုန်းတောရွာ ကိုမီးရှို့ ပြီး ကန်နီထဲကို ပြန်ဝင်တဲ့အချိန် အဲဒီရွာက ရွာသားတွေ သပြေခက်တွေနဲ့ ကြိုဆိုကြတယ်လို့ ကျနော်တို့ သတင်းရတယ်” လို့ မြိုင် - နွေဦးတော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဂန့်ဂေါမှာ ဖမ်းဆီးခံ ဒေသခံတွေကို စစ်တပ်က ငွေနဲ့ပြန်ရွေးခိုင်းတာတွေ လုပ်နေ

“စစ်ကောင်စီက မင်းရွာမှာနေတုန်းက ပြန်ရွေးရမယ့် ငွေကြေးကိုပြောတော့ မိသားစုတွေက သူတို့ပြောတဲ့ ပမာဏအတိုင်း လွှဲပေးလိုက်တယ်။ မင်းရွာကနေ ပြန်ထွက်လာတော့ နောက်ထပ် ငွေကြေးတခု ထပ်ပေးမှ ပြန်လွှတ်ပေးမယ်ပြောလို့ မိသားစုတွေက ထပ်ပြီး ငွေလွှဲပေးလိုက်ရတယ်”

စျေးသည် အမျိုးသားတဦး ရေစကြိုမြို့ပေါ်မှာ ပစ်ခတ်ခံရပြီး သေဆုံး

“မြို့ပေါ်ရဲစခန်းရှေ့မှာ စစ်တာဆေးတာတွေရှိတော့ သူကကြောက်နေတာ။ အဲ့ဒီရှေ့ကို ဆက်မသွား တော့ဘဲနဲ့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာ။ အဲ့ဒါနဲ့ ဟိုကလည်း ရပ်လို့ပြောတာကို မကြားဘဲ ဆိုင်ကယ်ကို ဆက်မောင်းသွားတာ၊ ဟိုဘက်ကပစ်တော့ ဆိုင်ကယ်ရော လူရောလဲသွားတယ်”

အရာတော်ဘက်ကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

“သူတို့(စစ်ကောင်စီ)က မုံရွာ-အရာတော် လမ်းပိုင်းတလျှောက်လုံးကို ကင်းပုန်းချထားတာ။ အဲ့ဒါကို ကျနော်တို့ကရအောင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်တော့ ကျနော်တို့ ဘက်ကလည်း သူတို့နဲ့ ကိုက် ၅၀ အကွာအဝေးကနေ ပြန်ပစ်ခဲ့ပါတယ်”

ဝန်းသိုမှာ PDF စခန်းတခု စီးနင်းမီးရှို့ခံရတဲ့အပြင် ရဲဘော် ၃ ဦးပါ သတ်ခံရ

“အဲ့ဒီနေရာက ဆက်သွယ်ရေးစက်ထောင်ထားတဲ့နေရာပါ။ ဒီနေရာကို သူတို့ အခုမှဝင်တာပါ။ အရင်က အဝေးကနေပဲ လက်နက်ကြီးတွေနဲ့ လှမ်းထုတာမျိုးတွေပဲရှိတယ်။ ဒီတခါတော့ ရုတ်တရက်အပျောက်ဝင်လာတော့ သူ့ဘက်ကနေရော၊ ကိုယ့်ဘက်ကနေရော အပြန်အလှန် ပစ်ခတ်တာမျိုးတော့ဖြစ်တယ်။ ဒဏ်ရာရတဲ့ ရဲဘော်တယောက်ကိုလည်း မီးရှို့သတ်သွားတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10