စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်လိုက်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
“လက်နက်ကြီးပစ်တဲ့ အလုံးရေက တော်တော်များတယ်။ အရင်က လက်နက်ကြီးတွေပစ်ရင် ချောင်းဘေးတွေ လောက်ပဲကျတာ။ အခုက ရွာတွေထဲအထိ ကျတယ်။ ဒဏ်ရာရသွားတဲ့ ၂ ယောက်ကတော့ မစိုးရိမ်ရပါဘူး”
“လက်နက်ကြီးပစ်တဲ့ အလုံးရေက တော်တော်များတယ်။ အရင်က လက်နက်ကြီးတွေပစ်ရင် ချောင်းဘေးတွေ လောက်ပဲကျတာ။ အခုက ရွာတွေထဲအထိ ကျတယ်။ ဒဏ်ရာရသွားတဲ့ ၂ ယောက်ကတော့ မစိုးရိမ်ရပါဘူး”
“အခုဆို ရွာသားတွေဟာ မြေပြင်ကိုတောင် ခြေမချရဲကြတော့ဘူး။ အခုထောင်ထားတဲ့ နင်းမိုင်းကလည်း သူတို့ လက်လုပ်ဆင်ထားတဲ့နင်းမိုင်း တော်တော်ကြီးတာ။ ကလေးက ထိထိချင်း ခြေတဖက်ပြတ်သွားတယ်။ အူတွေပါ ထွက်ကုန်တာ”
ဖမ်းဆီးခံရတဲ့ ပြည်သူတွေဟာ ပေါက်ပြင်းရွာက အမျိုးသား ၄ ဦး နဲ့ အမျိုးသမီး ၁ ဦး၊ ဂွေးပင်လယ်ရွာက အမျိုးသား ၁၂ ဦးနဲ့ သံပုရာခြံရွာက အမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦးတို့ဖြစ်ပြီး အသက် ၃၀ ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“ညဘက်လည်းဖြစ်တော့ သူတို့ (စစ်ကောင်စီ)က ပြည်သူ၊ ရန်သူ မခွဲခြားဘူး အကုန်ပစ်တာ။ အဲ့ဦးလေးက ဒဏ်ရာတော်တော်ပြင်းတယ်။ ကျနော်တို့ကြားရသလောက်ဆို သူ့ခြေထောက်က ဖြတ်ရမယ်လို့တော့ကြား တယ်။”လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။
“အဲ့ဒီစစ်ကြောင်းက ပခုက္ကူနယ်ကနေလာတဲ့ စစ်ကြောင်း။ ပျူရွာတွေကို ရိက္ခာလိုက်ပို့နေတာပါ။ ဦးဝင်းဌေးရဲ့ မိသားစုဝင်တွေဆီကိုတော့ ဆက်သွယ်ပေးပြီးပါပြီ။ သူတို့လာဖို့ အဆင်မပြေလို့ ကျနော်တို့ပဲ မနေ့က (စက်တင်ဘာ ၅)ညနေ ၅ နာရီလောက်မှာ အဆင်ပြေတဲ့နေရာတခုမှာ သင်္ဂြိုဟ်ပေးလိုက်တယ်”
“လေးလှရွာကို အရင်က စစ်ကြောင်းတွေထိုးတာမျိုးတော့ရှိတယ်။ မီးရှို့ခံရတာကတော့ အခုမှ ပထမအကြိမ်ပါ။ လေးလှရွာက ရွာသစ်လေးပါ၊ တည်ထောင်ထားတာ ၇ နှစ်ကျော်လောက်ဘဲ ရှိသေး တယ် ” လို့ ကျွန်းလှဒေသခံတဦးက ပြောပါတယ်။
“စကစတွေက ရွာသားတွေကို ဖမ်းဆီးပြီးတော့ ငွေတောင်းတာတွေ၊ ရိုက်နက်တာတွေလုပ်နေတော့ ရွာသားတွေလည်း ကြောက်ပြီးတခြားမြို့နယ်မှာ သွားနေကြတယ်။ သူတို့ကိုထောက်ခံတဲ့သူနဲ့ နေအိမ် တွေကို မစွန့်နိုင်တဲ့ သူတွေလောက်ပဲ ရွာထဲမှာကျန်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ မြင်းမူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သက်ဆိုင်ရာ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေဆီက သိရပါတယ်။
“သူတို့က လမ်းကြောတလျှောက်လုံးကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ကျနော်တို့ကတော့ ကျနော်တို့ပွိုင့် ရောက်တဲ့အခါမှ သူတို့ကိုပစ်တာ။ သူတို့ RPG နဲ့ပစ်လိုက်တော့ အစလေးတွေ ကျနော်တို့ရဲဘော်တဦးနဲ့ အခြားအဖွဲ့က ရဲဘော်တဦးကို ထိသွားတယ်”
“သူတို့က လမ်းကြောတလျှောက်လုံးကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ကျနော်တို့ကတော့ ကျနော်တို့ပွိုင့် ရောက်တဲ့အခါမှ သူတို့ကိုပစ်တာ။ သူတို့ RPG နဲ့ပစ်လိုက်တော့ အစလေးတွေ ကျနော်တို့ရဲဘော်တဦးနဲ့ အခြားအဖွဲ့က ရဲဘော်တဦးကို ထိသွားတယ်”
“အရင်ကအများကြီး ထွက်စစ်တယ်။ အခုက ခဏခဏ လာလာပစ်ခံရတော့ ဂိတ်ရှေ့ ကိုနည်းနည်းပဲထွက်တော့တယ်။ ကျနော်တို့ ဒီမနက်သွားပစ်တဲ့အချိန် အဲ့ဒီဂိတ်မှာ အင်အားက ၈ ယောက်လောက်ပဲရှိတယ်။ ၂ ယောက်ကထွက်စစ်နေတာ ၁ ယောက်ကလဲကျသွားတယ်။ ”
“ ကားတွေ၊ ဆိုင်ကယ်တွေ သွားလို့ရတဲ့လမ်းမကြီး ၂ ခုမှာက နင်းမိုင်း ၆ လုံးနဲ့ နွားလှည်းပဲမောင်းလို့ ရတဲ့လမ်းမှာက ၁ လုံး တွေ့တယ်။ ထောင်ထားတဲ့ပုံစံက တလုံးနဲ့တလုံး ၁ ပေလောက်ပဲခွာပြီး ထောင်ထားတာ။ ပြည်သူကိုထိထိ ၊ PDF တွေပဲထိထိ ဆိုပြီးထောင်ထားတဲ့ သဘော”
အဲ့ဒီရွာထဲမှာ ကျန်နေခဲ့တဲ့ ပြည်သူတွေဆီကနေ ရွှေ၊ ငွေတွေ ယူဆောင်သွားသလို ကိုချစ်ဦး ၅၀ နှစ်၊ ကိုဖိုးနီတိုး ၃၀ နှစ်၊ ကိုဖိုးအောင် ၃၀ နှစ်၊ ဇော်မင်းထက် ၃၀ နှစ်နဲ့ ကိုငနက် ၃၀ နှစ် တို့ကို ဓားစားခံအဖြစ် ရေထွက်ရွာထဲကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ကျောက်ထုအမြှာက်တပ်အတွင်းရှိ GE ဂိတ်ကစစ်ကောင်စီတပ်ဖွဲ့တွေကို ဒုတပ်ရင်းမှူးရဲမာန်ဝင်းက ဦးဆောင်ပြီး ဆောနယ်ထဲက မြို့ပေါက်ကျေးရွာ၊ နတ်ရဲကျေးရွာ၊ ပေါက်ခေါင်းကျေးရွာတွေကို လူစုခွဲပြီး လိုက်လံစစ်ဆေးနေတာတွေ ပြုလုပ်နေတဲ့အပြင် သူတို့မယုံကြည်တဲ့ နေအိမ်တွေကိုတော့ ပုံစံတဆယ် ပြခိုင်းတာ လူပိုတွေ ရှိမရှိ စစ်ဆေးတာမျိုးတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
“ရောဂါကတော့ အစုံပဲဗျာ၊ ပြေးလွှားနေကြတော့ ငွေကမရှိ ဆေးကစျေးကြီး၊ ကုသပေးသူမရှိလို့ လိုအပ်ချက်အရ အခမဲ့ ကုသပေးတာပါ။ ယင်းမာပင်နယ်ကနေ လချီပြေးနေတဲ့ စစ်ဘေးရှောင်တွေဆီကို သွားရောက်ကုသပေးတာပါ”လို့ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု အဖွဲ့ဝင်တဦးက ပြောပါတယ်။