Nan Khan

ကလေးမြို့နယ်က သာစည်ရွာကို စစ်တပ်က မီးရှို့

“သာစည်ရွာက ဂန့်ဂေါ - ကလေးလမ်းမကြီးဘေးမှာရှိတာဆိုတော့ လမ်းရဲ့အရှေ့ဘက် အနောက်ဘက်မှာရှိတဲ့ အိမ်တွေအကုန်လုံးကို မီးရှို့တယ်။ ညအိပ်လိုက် မီးရှို့လိုက်နဲ့လုပ်နေတာ အိမ်ခြေ ၂၀ ကျော်လောက်တော့ မီးထဲပါသွားပြီ။ ကျနော်ထင်တာကတော့ သူတို့က အဲ့ဒီလမ်းပိုင်းကို နယ်မြေစိုးမိုးမှုရချင်လို့ အဲ့လိုလုပ်တာလို့တော့ထင်တယ်”

စစ်ကိုင်းမြို့နယ် စမွန်းရွာက လူနေအိမ်တွေကို စစ်တပ်က မီးရှို့

“သူတို့(စစ်ကောင်စီတပ်) ခက်ခရွာထဲ ရှိနေတဲ့အချိန် ကာကွယ်ရေးအဖွဲ့တွေက Drone တွေနဲ့ သွားပစ်တယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ အဲလိုအပစ်ခံရတော့ စမွန်းရွာထဲကိုဝင်ပြီး မီးရှို့တော့တာဘဲ။ အခုချိန်ထိ မီးလောင်နေ တုန်းဆိုတော့ ကျနော်တို့လည်း မီးထဲနေအိမ်ဘယ်လောက်ပါသွားလဲ မသိရသေးပါဘူး” လို့ Wetlet Informational Network အဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ မှန်လုံကားနဲ့ ဆိုင်ကယ် တိုက်မိလို့ ဆိုင်ကယ်မောင်းသူ လူငယ်သေဆုံး

“ကျနော်တို့တွေ့တဲ့အချိန်က ဆိုင်ကယ်နဲ့ လူဘဲတွေ့တယ်။ တိုက်သွားတဲ့ကားက မိ၊ မမိဆိုတာတော့ မသိရဘူး။အဲဒီကောင်လေးက မုံရွာမြို့ပေါ်ကဘဲဖြစ်ဖို့များတယ် ။ဘယ်သူဘယ်ဝါလဲဆိုတာတော့ တိတိကျကျမသိရဘူး ။ ယာဉ်တိုက်မှုဖြစ်ပြီးတော့ သူ့ရဲ့မိသားစုဝင်တွေလည်းရောက်လာတယ်”လို့ ဆိုပါတယ်။

ဂန့်ဂေါမှာ ချင်းအမျိုးသားတဦးကို စစ်ကောင်စီဖမ်းဆီး

“မနက်က အနောက်ဂန့်ဂေါကို စဝင်တာ။ သူတို့သွားနေကျ စွယ်တောဘုရားဘက်ကို သွားတဲ့လမ်းမှာ အဲ့ဒီကောင်လေး ၃ ယောက် အဖမ်းခံရတာပဲ။ ၂ ယောက်ကတော့ ဘာအထောက်အထားမှ မတွေ့လို့ ဆိုပြီး လွှတ်လိုက်တယ်။ ကျန်တယောက်ကတော့ အထောက်အထားတွေ့လို့ဆိုပြီး ဖမ်းသွားတယ်။ နာမည်ကိုတော့ မပြောပြတော့ဘူး”

ကလေးမြို့နယ်က ရွာတရွာမှာ စစ်တပ်က ရဟတ်ယာဉ်နဲ့ပစ်လို့ ပြည်သူ၂ဦးထိမှန်

“မနက်က ဒဏ်ရာရသွားတဲ့ ဦးလေးတွေကိုလည်း တော်လှန်ရေးနယ်မြေဘက်က ဆေးခန်းမှာ ဆေးကုပေးနေပါပြီ။ လယ်ထွန်နေရင်းထိသွားတဲ့ ဦးလေးက စိုးရိမ်ရတယ်လို့တော့ ပြောတယ်။”

စစ်ကောင်စီက ၆၀ မမနဲ့ပစ်လို့ အမျိုးသမီး ၂ ဦးထိမှန်ပြီး အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံး

“လက်နက်ကြီး ၃ ချက်နဲ့ပစ်တာမှာ ဒုတိယအချက်မှာ ထိသွားတာ ။အရင်ကဆို ကျနော်တို့ဘက်ကို နေ့တိုင်းညတိုင်းပစ်နေတာ ။ မပစ်ဘဲနားလိုက်တာ ၂ လကျော်ပြီး အခုမှတခါပြန်ပစ်တာ။ မနေ့က ကျနော်တို့ကြားတယ်။ အဲ့ဒီတောင်ပေါ်မှာ သူတို့လူအင်အား ထပ်ဖြည့်မယ်လို့ကြားတယ်။ အဲ့အတွက် ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်တာနေမှာ”

ယခုလ ဒုတိယအပတ်အတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် ဂန့်ဂေါနယ်မှာ ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ သြဂုတ်လ ဒုတိယအပတ်အတွင်း ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။

စစ်အုပ်စုရဲ့ပစ်ခတ်မှုကြောင့် မုံရွာ ဒေသခံ ၂ ဦး ကျည်ထိမှန်သေဆုံး၊ ၄ ဦးဒဏ်ရာရ

“လက်နက်ကြီးနဲ့ သုံးလုံးပစ်တယ်။ ရွာအရှေ့မှာ ၂ လုံးကျတယ်။ ရွာထဲမှာ ၁ လုံးကျတယ်။ လက်နက်ကြီးကြောင့် သေသွားတဲ့သူတွေကို မနေ့ညကတည်းက သင်္ဂြိုဟ်ပေးလိုက်တယ်။”

ကန့်ဘလူနယ်က ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိခဲ့၊ PDF တဦးသေဆုံး

“ဂျက်ဖိုက်တာလေယာဉ် နဲ့ ၁၀ မိနစ် လောက်လာရောက်ပစ်သွားတယ်။ ဖမ်းဆီးရမိထားတဲ့ ပျူ ၅ ယောက်ကို ရပ်ကျေးတွေနဲ့တိုင်ပင်ပြီး တရားဥပဒေအတိုင်းဘဲသွားမှာပါ။ သူတို့ဘက်က ထိခိုက်အသေ အပျောက်ကိုတော့ ကျနော်တို့ အတိအကျမရသေးဘူး လေယာဉ်နဲ့လာပစ်တော့ ကျနော်တို့လည်း ချက်ချင်းဆုတ်ခဲ့ရတာ” လို့ ကန့်ဘလူခရိုင်တပ်ရင်းတခုမှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ထိတွေ့တိုက်ပွဲမှာ အထိနာတဲ့ စစ်ကောင်စီတပ်က ကလေးနယ်၊ စက္ကန့်ရွာရှိ နေအိမ်တွေကိုမီးရှို့

“သူတို့က ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) ထဲကနေထွက်ခဲ့တာ မြို့အတွင်းကို ကင်းပတ်တာလိုလိုနဲ့ ကားတွေနဲ့ထွက်ခဲ့တာမှာ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ခဲ့တာ။ ရန်သူဘက်က ၃ ယောက်သေပြီး ၆ ယောက်ဒဏ်ရာရတယ်။ ပထမရက်မှာ သူတို့ဆီကနေ ကျနော်တို့ AK47 လက်နက် ၂ လက်ရခဲ့တယ်”လို့ Wind Of Kalay အဖွဲ့တာဝန်ခံတဦးက ပြောပါတယ်။

ရွှေကျင် - ညောင်လေးပင်လမ်းပိုင်းမှာ PDF က ရှောင်တခင် စစ်ဆေးမှုများပြုလုပ်( ရုပ်/သံ)

“ကျနော်တို့စိုးမိုးနယ်မြေဖြစ်တဲ့လမ်းပိုင်းမှာ စစ်ကောင်စီကအရပ်သားအသွင်နဲ့ သွားလာလှုပ်ရှားမှုတွေ လက်နက်ခဲယမ်းသယ်ဆောင်မှုတွေ စစ်ရေးလုပ်ရှားမှုတွေရှိနေတဲ့အတွက်ကြောင့်မို့အရပ်သား ပြည်သူတွေနဲ့ရော ပြီးတော့ အဲ့လိုလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက်ကြောင့်မို့ ကျနော်တို့ အဓိကစစ်ဆေးတာပါ ”လို့ Royal Peacock Column အဖွဲ့တာဝန်ခံတဦးက ပြောပါတယ်။

ဂန့်ဂေါမှာ ဓါးစားခံ ရွာသား ၄ ဦးကို သတ်သွားသလို နေအိမ် ၁ လုံးလည်း မီးရှို့ဖျက်ဆီးခံရ

“ သူတို့တွေဘယ်လိုအဖမ်းခံလိုက်ရပြီး သတ်ဖြတ်ခံလိုက်ရလဲဆိုတာတော့ ကျနော်တို့လည်း တိတိကျကျမသိရသေးဘူး။ ဒီနေ့လည်း မီးရှို့ခံရတဲ့ အိမ်က ဘယ်သူ့အိမ်လဲဆိုတာတော့ မသိရှိရသေးပါဘူး။ စစ်ကောင်စီတပ်ဖွဲ့တွေကလည်း ရှုံးရှီးရွာမှာ တညအိပ်စခန်းချမဲ့ပုံပေါ်တယ်။ အခုချိန်ထိရွာထဲကနေ မထွက်ရသေးဘူး ”

ပုလဲမြို့နယ် တနယ်ရွာက ပကဖ ဒုခေါင်းဆောင် ပစ်ခတ်ခံရလို့ သေဆုံး

“ကိုသက်က လူမှုရေးကိစ္စတခုနဲ့ ပန်းရွာကိုလာတယ်။ ပန်းရွာကနေပြန်လာတဲ့အချိန် တနယ်ရွာရဲ့ အရှေ့ဘက် လှည်းလမ်းကြားအကွေ့လေးမှာ သူကိုလုပ်ကြံသွားတာ။ သူ့ကိုလုပ်ကြံတဲ့ သူတွေက ရွာသားတွေပြောကြားချက်အရ အမဲဝတ်စုံတွေဝတ်ထားကြတယ်။ နှစ်ယောက်လုံးက သေနတ်တွေ ကိုင်ထားကြတယ်”

ရေဦးတိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၄ ဦးထိမှန်ဒဏ်ရာရ

“လက်နက်ကြီး ထိမှန်သွားတဲ့လူတွေရဲ့ နာမည်တွေကိုတော့ ပြောပြလို့မရပါဘူး။ အဲ့ဒီထဲမှာ မိသားစု တစုပါတယ်။ သူတို့တွေ ဆေးကုသမှုခံယူနေပါတယ်။ လက်နက်ကြီး ထိမှန်သွားတဲ့အထဲမှာ ၁၀ နှစ်အရွယ် ကောင်လေးတယောက်ကတော့ စိုးရိမ်ရတယ်လို့ ပြောပါတယ်”

စစ်ကြောင်းထိုးလို့ ဒီပဲယင်းမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့က ဒေသခံ ၂ သောင်းကျော် ထွက်ပြေးရပြန်

“သူတို့ ပဲယင်းကိုလာတဲ့လမ်းတလျှောက်လုံးလက်နက်ကြီးတွေရော၊ စက်လက်နက်တွေရောပစ်ဖောက်ပြီး ဝင်လာတာပါ။ ဖမ်းဆီးခံရတဲ့ရွာသားတွေတော့ မကြားမိသေးဘူး။ ရွာတွေထဲဝင်ပြီး ဘာတွေ ယူသွားလဲဆိုတာတော့ ကျနော်တို့လည်း ရွာနားမကပ်ရဲတော့ ဘာမှတိတိကျကျမသိရသေးဘူး။ အခုလက်ရှိ သူတို့တွေ နဘဲလှရွာထဲမှာရောက်နေတယ်”လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးကူညီသူတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10