Nan Khan

နတ်မောက်က စစ်ကောင်စီဂိတ်ကို ၈ လေးလုံးအထိမ်းအမှတ်အဖြစ် PDF က သွားပစ်

“ပုံမှန်ဆို အဲ့ဒီဂိတ်မှာ လူအင်အား ၂၀ ကျော် ၃၀ ကျော်လောက် ရှိတယ်။ ဂိတ်ထဲမှာ ရဲတွေရော စစ်သားတွေရော ရှိတယ်။ နေ့ရောညရောဖွင့်ထားပြီး လမ်းကြေးတွေကောက်နေတာ အာဏာသိမ်းပြီး ကတည်းက။ ဒီနေ့မနက်လည်း ကျနော်တို့က သူတို့ကို ၈ လေးလုံးအထိမ်းအမှတ်အနေနဲ့ ခြောက်လှန့်တဲ့သဘော သွားပစ်ခဲ့တာပါ ”

မုံရွာ-အမြင့်လမ်းသပိတ်အဖွဲ့က ဦးဆောင်ပြီး ၃၅ နှစ်ပြည့် ရှစ်လေးလုံးအထိမ်းအမှတ်သပိတ်ပြုလုပ်

အဆိုပါသပိတ်ပွဲမှာ ခေတ်အဆက်ဆက်က အမြစ်မပြတ်နိုင်သေးတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို နွေဦးတော်လှန်ရေးမှာ အပြီးတိုင်ဖယ်ရှားပစ်ဖို့ လိုအပ်ကြောင်းနဲ့ အာဏာရှင်တွေဟာ လူပုဂ္ဂိုလ်သာပြောင်းလဲသွားမယ့ ပြည်သူအပေါ်အကြမ်းဖက်မှု၊ ပိတ်ပင်တားဆီးမှုတွေ စတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြုလုပ်တာချင်းကတော့ တူတူပဲဖြစ်တယ်လို့ ဆိုပါတယ်။

ကန်နီရွာက စစ်အုပ်စုကို ၂ ရက်ဆက် တိုက်ခိုက်ရာ သေဆုံးမှုရှိဟုဆို

“၂ ရက်ဆိုတာထက် ညအိပ်ပြီး တိုက်တာလို့ပြောရင် ပိုမှန်ပါတယ်။ လက်နက်ကြီးက ညတုန်းက တမင်မိုးချုပ်မှ ပစ်တာပါ။ မနက်ခင်းကို ဝင်ပစ်ချင်လို့။ သူတို့ဘက်က ထိခိုက်သေဆုံးတာတွေ လည်း ရှိတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာတွေ မရှိပါဘူး ” လို့ MRG တပ်ဖွဲ့ဝင် ကိုပေါင်မုန့်က ပြောပါတယ်။

ကျွန်းလှမြို့နယ်၊ ကြာတကံရွာကို စစ်အုပ်စုက ဒုတိယအကြိမ်မီးရှို့

“ကျနော်တို့ ကြားတာက ပြီးခဲ့တဲ့ ၂ ရက်လောက်က ကျွန်းလှမှာ ပျူအချင်းချင်းပစ်ခတ်မှုဖြစ်တယ်။ အဲ့ဒီထဲမှာ ပျူတယောက်က ကြာတကံရွာဘက်ကိုပြေးလာလို့ သူတို့တွေက ကြာတကံရွာကိုလာပြီး မီးရှို့တယ်လို့တော့ ထင်တာပဲ။ ထွက်ပြေးလာတဲ့ ပျူမှာ ကာဘိုင်တလက်နဲ့ စက်လတ်ကျည် တွေပါလာတယ်တဲ့။ အခုကြာတကံရွာက နေအိမ် ၄၀ ကျော်လောက် မီးထဲပါသွားပြီတဲ့”

ပေါက်နယ်က ပျူစောထီးကင်းတဲ ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံးဟုဆို

“ကင်းတဲမှာ လက်နက်ကိုင်ထားတဲ့သူက ၅ ယောက် လက်နက်မပါတဲ့သူက ၃ ယောက်ပါ။ အဲ့ဒီ ကင်းတဲကို သူတို့ဆောက်လုပ်ထားတာ ၂ လကျော်ကျော်လောက်ရှိပြီ ။ သူတို့ဘက်ကလည်း ကျနော်တို့ကို လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်။ လက်နက်ကြီးတွေတော့ မပါဘူး။ သေဆုံးတာကိုတော့ အတွင်းသတင်းအရင်းအမြစ်က သိရတာပါ ”

ကျောက်ရစ်ရဲစခန်းကို PDFတွေ ဝင်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

“၃ ဦးသေတယ် ၁၀ ယောက်ကျော် ဒဏ်ရာရတာမှာ ၄ ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ ဒီထိခိုက်သေဆုံးမှုကိုတော့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်ကနေ သိရတာပါ။ သူတို့နဲ့ ကျနော်တို့နဲ့က မီတာ ၁၀၀ ကျော်ကျော်လောက်ပဲ ကွာတယ်။ စစ်ကောင်စီဘက်က မင်းတို့ကောင်တွေ သတ္တိရှိရင်တက်ခဲ့ ဆဲဆိုတာတွေကအစ ကြားနေရတယ်။”

မတ္တရာမှာ ဒေသခံတဦးကို စစ်ကားတစီးက ဝင်တိုက်လို့ ဒဏ်ရာပြင်းထန်

“ကိုအောင်စိုးကို ကားနဲ့တိုက်သွားတာတောင် အောက်ကိုဆင်းမကြည့်ဘဲ ကားအရှိန်နဲ့ဆက်မောင်းသွားတယ်။ ရွာသားတွေပဲ ဆေးရုံပို့ပေးလိုက်ရတယ်။ အပြင်းအထန် ဒဏ်ရာရရှိသွားတယ်။ သူတို့ (စစ်ကောင်စီ)ကတော့ ရွာမြောက်ဘက်ကို ဆက်မောင်းသွားတယ်”

ပုလဲမှာ ကျေးရွာပကဖ ခေါင်းဆောင်တဦးကို စစ်အုပ်စုက သတ်ပြီး နေအိမ်တွေပါမီးရှို့

“ဦးမြင့်သိန်းက မနက်စောစော ကင်းစောင့်နေတဲ့ရဲဘော်တွေအတွက် အကြော်သွားပို့တဲ့အချိန်မှာ အဖမ်းခံလိုက်ရတယ်။ သူတို့ဖမ်းပြီး ထိုးနက်ရိုက်နှက်ထားတယ်။ ခေါင်းလည်း နဲနဲကြေမွထားတယ်။ နောက်ဆုံး လည်ပင်းကိုလှီးသွားတယ်။ ကင်းစောင့်နေတဲ့ ကလေးတွေကတော့ လွတ်သွားတယ်” လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက် က မြေလတ်အသံ ကို ပြောပါတယ်။

ရှိမ်းမကားရဲစခန်းရဲ့ ပေ ၁၀၀ ပတ်လည်က နေအိမ်နဲ့ လူတွေကို စစ်တပ်ကဖယ်ရှားခိုင်း

“ကာကွယ်ရေးအဖွဲ့တွေက လာပစ်ဖို့ရှိတယ်ဆိုပြီး ပြည်သူတွေကိုခြောက်လှန့်ပြီး ဖယ်ခိုင်းနေတာ။ စခန်းပတ်လည်က ပြည်သူတချို့က နေအိမ်တွေကနေ ဖယ်ပေးလိုက်ကြရတယ်" လို့ Wetlet Informational Network တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ဒီပဲယင်းနယ်က မရကန်ရွာကို စစ်ကောင်စီမီးရှို့

“အဲဒီစစ်**တွေ မနေ့ညက ပိဋကတ်ကျရွာမှာ အိပ်တယ်။ ဒီနေ့မနက်မှ မရကန်ရွာထဲကို လက်နက်တွေပစ်ဖောက်ပြီး ဝင်လာတယ်။ မရကန်ရွာက အခုလိုမီးရှို့ခံရတာ သုံးလေးကြိမ်လောက်တော့ရှိပြီ။ ၂၀၂၂ ခုနှစ်ကတည်းက။”

ကန်နီရွာမှာတပ်စွဲထားတဲ့ ပျူစောထီးတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၁ ဦးသေ

“သူတို့က ကျနော်တို့ဘက်ကို ကျွံလာတာ။ အင်အား ၃၀ လောက်နဲ့ ထွက်လာတာ။ အဲ့ဒီထဲမှာမှ ရှေ့ပြေးကင်းအနေနဲ့ လေးငါးယောက်လောက်ထွက်လာတော့ ကျနော်တို့ဘက်ကလည်း ကင်းအချင်းချင်းတွေ့တာဆိုတော့ ပစ်ခတ်ကြတာပါ။”

စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာက နေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့

“သူတို့ ရွာထဲကို ရုတ်တရက်ဝင်လာတော့ ရွာသားတွေလည်း ပြေးချိန်မရလိုက်ဘူး။ နောက်ပြီးတော့ ကျော်ဇေယျာရွာကလည်း လမ်းမဘေးမှာရှိတာဆိုတော့ ပြေးလို့လည်း မလွတ်ဘူးလေ။ ရွာထဲက အိမ်တွေမီးရှို့ပြီးတော့ ရွာသားတွေကိုလည်း ဖမ်းခေါ်သွားပြီး မာလဲတောရွာနားရောက်တော့ ပြန်လွှတ်ပေးခဲ့တယ်”

မြိုင်မှာ PDF နဲ့ ပျူစောထီး ထိတွေ့မှုဖြစ်၊ နေအိမ် ၃ လုံးကို ပျူစောထီးတွေမီးရှို့ခဲ့

“အပြန်အလှန်ပစ်ခတ်မှုက ၁၅ မိနစ်လောက်ပဲ ကြာလိုက်တယ်။ ပစ်ခတ်မှုဖြစ်ပြီးတော့ ရွာထဲကိုဝင်ပြီး မီးရှို့တော့တာပဲ။ လက်ထုပ်တောရွာက အခုလို မီးရှို့ခံရတာ ပထမအကြိမ်ပါပဲ၊ ဖမ်းဆီးခံရတဲ့ ပြည်သူတွေတော့ မရှိပါဘူး”

ပခုက္ကူခရိုင်တပ်ရင်း စခန်းတခု မီးရှို့ဖျက်ဆီးခံရ

“ဒီစစ်ကြောင်းက ၂၃ ရက်ကတည်းက အစ်ကိုတို့ PDF ပူးပေါင်းအဖွဲ့တွေကို လိုက်တိုက်နေတာ။ အဲ့ဒီနေ့က စခန်းမှာ စစ်ဆင်ရေးတာဝန်အသီးသီးရှိလို့ စစ်သည်တိုင်း ပြင်ပရောက်နေကြတော့ လက်နက်ခဲယမ်း လူအထိခိုက်ဆုံးရှုံးမှုတော့ မရှိလိုက်ဘူး ”

မြိုင်နယ်၊ အနောက်ပန်းတိုင်းတောရွာသားတဦးကို စစ်အုပ်စုက သတ်ခဲ့

“ပန်းတိုင်းတောရွာက အရှေ့ရွာနဲ့ အနောက်ရွာရယ်လို့ ၂ ရွာရှိတယ်။ မနေ့ကတည်းက အရှေ့ရော အနောက်ကိုပါ ဝင်မွှေနေတာ။ သေဆုံးသွားတဲ့သူက စစ်***တွေနဲ့ ဘယ်လိုတွေ့ပြီး ဘယ်လိုအသတ်ခံလိုက်ရလဲဆိုတာတော့ ကျနော်တို့လည်း သေချာမသိရသေးဘူး”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10