Nan Khan

ညအချိန်မတော် ရဲစခန်းထဲဝင်လာတဲ့ အမျိုးသားတဦးကို စစ်ကောင်စီတပ်က လူမှားပြီးပစ်ခတ်

“လက်နက်တွေထိတာကတော့ ထုတ်ချင်းပေါက်တွေချည်းပဲ၊ သူကအသောက်များနေတာဗျ၊ အရက်ကြောင်ကြောင်ပြီး စခန်းထဲကိုအသွား ပစ်ခံရတာ။ ကျနော်တို့ကြားရတာတော့ သေဖို့များတယ်တဲ့”လို့ ယောမြို့ခံတဦးက ပြောပါတယ်။

မြောင်နယ်က ထွက်လာတဲ့စစ်ကြောင်း ကြားဖြတ်တိုက်ခံရလို့ ၄ ဦးသေဆုံး (ရုပ်/သံ)

အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၁၇ ရက် မနက် ၈ နာရီခွဲ ပေါက်တောအရှေ့ရွာနားအရောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲခဲ့သလိုလက်နက်ကြီး လက်နက်ငယ်တွေနဲ့ပါ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးသွားတယ်လို့ MSPDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံ မလွင်ဂူးက ပြောပါတယ်။

စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသားတဦး ထိခိုက်

“သူတို့ သွားမယ့်နေရာကိုမရောက်မချင်း လက်နက်ကြီးတွေနဲ့ ထုနေတာ။ သူတို့နားကို ကာကွယ်ရေး တပ်တွေ လာမှာစိုးလို့ ပစ်ဖောက်နေတာ။ ဦးဝင်းကတော့ လက်နက်ကြီးစတွေ တကိုယ်လုံးနီးပါး ထိ သွားတယ်။”

စစ်တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၂ ဦးသေပြီး ၇ ဦးဒဏ်ရာရ

“ထိတွေ့ပစ်ခတ်မှုမှာ သူတို့ဘက်က အထိနာထားတော့ မြင်သားရွာဘက်မှာ PDF တွေ ပုန်းခိုနေတယ်ထင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်တော့တာပဲ။ ပထမအကြိမ် သာလင်းရွာဘက်ကို ပစ်တယ်။ ဒုတိယ အကြိမ်ကျတော့ မြင်သားရွာဘက်ကိုပစ်တော့ ပြည်သူတွေထိခိုက်တော့တာပဲ”

မြိုင်မှာ စစ်တပ်စစ်ကြောင်းက အမျိုးသား ၂ ဦးကိုသတ်သွားပြီး ကြားကာလစာသင်ဆောင်တွေကို မီးရှို့

“ကျောင်းက ၁၀ တန်းအထိရှိတာ ။ အဲ့ဒီထဲမှာ စာသင်ဆောင်အကြီး ၂ ဆောင်နဲ့ ရုံးခန်းအဆောင်ကို မီးရှို့သွားတယ်။ မူကြိုဆောင်တဆောင်ပဲ ကျန်ခဲ့တယ်။ ကျန်တဲ့ပစ္စည်းတွေကိုလည်း အကုန် မီးရှို့သွားတယ်” “တယောက်က သရက်ကန်ရွာသား ၊ နောက်တယောက်က ထန်းငယ်ရွာသား။ သူတို့ ၂ ယောက်က ၃ ရက်နေ့က သူတို့ရွာတွေကို စစ်ကြောင်းဝင်တဲ့အချိန် အဖမ်းခံရတာကနေ မနေ့ကမှ သတ်သွားတာ”

ဘုတလင်မြို့အဝင်ဂိတ်ကို PDF အဖွဲ့က ဝင်ရောက်ပစ်ခတ် လက်နက်တချို့သိမ်းဆည်းရရှိ

“ ကျနော်တို့က မနေ့ညကတည်းက တက်လာတာ။ ဒီမနက်မှ ဝင်ပစ်တာ ။ ပစ်ခတ်မှုမှာ ၄ ကောင်သေတာကို မျက်မြင်တွေ့ရတယ်။ နောက်ထပ် ၂ ကောင်ကတော့ ဆေးရုံရောက်ပြီး သေသွားတယ်လို့ ကျနော်တို့ အတွင်းသတင်းက ကြားရတယ်။ ဒဏ်ရာရသွားတဲ့ ၄ ကောင်ကိုလည်း သူတို့လဲကျသွားတာ ကျနော်တို့ တွေ့ရတယ်”

ပေါ်တာဆွဲဖမ်းဆီးသွားတဲ့ ပြည်သူ ၆ ဦးထဲမှ ၄ ဦးကိုသာ စစ်တပ်ကပြန်လွှတ်ပေး

“ကျနော်တို့ကို သူတို့အထုပ်တွေ သယ်ခိုင်းတယ်။ ထမင်းတွေချက်ခိုင်းတယ်။ တခါတလေ ဆဲဆိုတာမျိုးတွေရှိတယ်။ သူတို့ထမ်းခိုင်းတဲ့ အထုပ်တွေက လက်နက်ကြီးကျည်တွေလား ဘာတွေလဲတော့မသိဘူး တော်တော်လေးတယ်။ အဖမ်းခံရတုန်းက သူတို့သိမ်းလိုက်တဲ့ ကျနော်တို့ ဖုန်းတွေကိုတော့ ပြန်မပေးခဲ့ဘူး”

နောင်ကြီးအိုင်ရဲစခန်းမှာ ထိတွေ့တိုက်ပွဲဖြစ်၊ လေကြောင်းပစ်ကူကြောင့် PDF ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

“ညကတည်းက လက်နက်ကြီးတွေ Drone တွေနဲ့ ပစ်နေတာ။ ကာကွယ်ရေးအဖွဲ့တွေ စခန်းထဲကို ဝင်ဖို့လုပ်နေတဲ့အချိန် လေယာဉ်လာတော့ ပြန်ဆုတ်ခဲ့လိုက်ရတယ်။ Mi 35 မှာပါတဲ့ လက်နက်ကြီးတွေ အကုန်ပစ်သွားတာ။ ရွာသားတွေထိခိုက်တာတွေတော့မရှိဘူး” လို့ ဖြစ်စဉ်ကိုကြားသိထားရတဲ့ အရာတော်မြို့နယ် ပကဖ အဖွဲ့ဝင်တဦး က ပြောပါတယ်။

မြိုင်မြို့နယ် ဝါးကြီးတောရွာက အမျိုးသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးသွား

စက်မှု (၂) ကနေ ၃ မိုင်အကွာ မြို့စိုးရွာနဲ့ ဝါးကြီးတောရွာကြားက တောတိုက်မှာနေထိုင်ပြီး တောင်ယာလုပ်ကိုင်နေတဲ့ မိသားစုဟာ ဒီနေ့မနက် ၄ နာရီလောက်က အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး အမျိုးသားဖြစ်သူ အဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရွာသားတွေထဲက ၁ ဦးကို စစ်တပ်ကပစ်သတ်ပြီး ၂ ဦးပြန်လွှတ်

“သူအသတ်ခံရတဲ့သတင်းကို သူတို့နဲ့အတူ အဖမ်းခံလိုက်ရတဲ့ အေးကုန်းရွာသား ၂ ယောက်က ပြန်ပြောလို့သိရတာ။ သူတို့ ၂ ယောက်လည်း အရိုက်ခံထားရတာ ဖူးယောင်နေတာပဲ။ မနေ့က သူတို့ ၂ ယောက်ကိုတော့ စစ်**တွေက ပြန်လွှတ်ပေးလိုက်တယ်”

နံ့သာမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်ကို စစ်တပ်က ပစ်သတ်

“စစ်**တွေလာတဲ့အချိန် သူကကင်းကျနေတယ်။ ရွာသားတွေကိုလည်း ရွာထဲကနေ ခေါ်ထုတ်ပေးနေတာ။ သူသာ ရွာထဲကို သေနတ်တွေနဲ့ ကားတွေပြန်မယူရင် အသတ်ခံရမှာမဟုတ်ပါဘူး ”

စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်လိုက်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

“လက်နက်ကြီးပစ်တဲ့ အလုံးရေက တော်တော်များတယ်။ အရင်က လက်နက်ကြီးတွေပစ်ရင် ချောင်းဘေးတွေ လောက်ပဲကျတာ။ အခုက ရွာတွေထဲအထိ ကျတယ်။ ဒဏ်ရာရသွားတဲ့ ၂ ယောက်ကတော့ မစိုးရိမ်ရပါဘူး”

စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိလို့ အမျိုးသားတဦးသေဆုံး

“အခုဆို ရွာသားတွေဟာ မြေပြင်ကိုတောင် ခြေမချရဲကြတော့ဘူး။ အခုထောင်ထားတဲ့ နင်းမိုင်းကလည်း သူတို့ လက်လုပ်ဆင်ထားတဲ့နင်းမိုင်း တော်တော်ကြီးတာ။ ကလေးက ထိထိချင်း ခြေတဖက်ပြတ်သွားတယ်။ အူတွေပါ ထွက်ကုန်တာ”

မြိုင်နယ်က ဓားစားခံအဖြစ်ဖမ်းဆီးခံရတဲ့ ပြည်သူတွေ နေအိမ်ပြန်မရောက်ကြသေး

ဖမ်းဆီးခံရတဲ့ ပြည်သူတွေဟာ ပေါက်ပြင်းရွာက အမျိုးသား ၄ ဦး နဲ့ အမျိုးသမီး ၁ ဦး၊ ဂွေးပင်လယ်ရွာက အမျိုးသား ၁၂ ဦးနဲ့ သံပုရာခြံရွာက အမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦးတို့ဖြစ်ပြီး အသက် ၃၀ ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆောမြို့ပေါ်မှာ တိုက်ပွဲဖြစ်၊ ပြည်သူ ၁ ဦး ကျည်ထိမှန်

“ညဘက်လည်းဖြစ်တော့ သူတို့ (စစ်ကောင်စီ)က ပြည်သူ၊ ရန်သူ မခွဲခြားဘူး အကုန်ပစ်တာ။ အဲ့ဦးလေးက ဒဏ်ရာတော်တော်ပြင်းတယ်။ ကျနော်တို့ကြားရသလောက်ဆို သူ့ခြေထောက်က ဖြတ်ရမယ်လို့တော့ကြား တယ်။”လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10