Nan Khan

မြောက်ခင်ရန်းရွာ ပျူစောထီးနဲ့စစ်ကောင်စီတပ်တွေက လူစုလိုက်အပြုံလိုက်သတ်ပြီး နေအိမ်တွေကိုပါမီးရှို့ခဲ့

“ဖမ်းဆီးခံရတဲ့ထဲမှာ အမျိူးသမီးတွေလည်းပါတယ်။ အမျိုးသမီးတွေကိုတော့ သူတို့ဖမ်းသွားတယ်။ ကျနော်တို့ကြားတာတော့ အမျိုးသမီး ၁၀ ယောက်လောက်ရှိတယ်။ အမျိုးသားတွေကိုတော့ ဦးခေါင်းကို ပစ်သတ်သွားသလို ဓားတွေနဲ့လည်း ခုတ်သတ်သွားတယ်”

ပေါက်မှာ ပျူစောထီးဂိတ် တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး

"ကျနော်တို့ ဒရုန်းတွေနဲ့လည်း ပစ်တယ်။ သေသွားတဲ့တယောက်က ကျနော်တို့အပြန်အလှန် ပစ်ခတ်နေတဲ့အချိန် သူ့ပေါင်ကိုထိသွားပြီးတော့ ပုန်းနေတာ။ ကျနော်တို့တွေ့သွားပြီး သူ့ကို ဖမ်းသွားတယ်။ မနေ့ညလောက်က စခန်းမှာပဲဆုံးသွားတယ်။ သူ့ဆီကနေ လက်လုပ်သေနတ် တလက်ရသွားတယ်"

တော်လှန်ဘက်ပြောင်းဖို့တရားဟောတဲ့ ဘုန်းကြီးကို မြောက်ခင်ရန်းပျူစောထီးတွေခုတ်သတ်

ဥူးပညာဝရ ဟံသာဝတီကျေးရွာထဲမှာ တရားဟောနေချိန် ဒေသခံတွေက တရွာနဲ့ တရွာသွားလာရ ခက်ခဲကြောင်း၊ ရိက္ခာတွေဝယ်ယူစားသောက်ဖို့ ခက်ခဲနေကြောင်းပြောကြတဲ့အခါ ဆရာတော်က “အခုချိန်မှာ တော်လှန်ရေးဘက်က ပိုမိုအင်အားကောင်းလာပြီ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ အလံဖြူထောင်ပြီး ဘက်ပြောင်းဖို့နည်းလမ်းပဲရှိမယ်” ဆိုပြီး ပြောကြားခဲ့ပြီးနောက်မှာ ခုလိုအသတ်ခံရတာလည်း ဖြစ်ပါတယ်။

မြောက်ခင်ရန်း မီးရှို့သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ သတင်းထွက်နေတဲ့အမျိုးသမီး ဖမ်းဆီးခံရ

“သူအိမ်ထိ ဝင်ဖမ်းတာပါ။ အခုလောလောဆယ်တော့ သူ့ကို တရားဥပဒေနဲ့အညီ တရားစွဲ အရေးယူဖို့လုပ်နေပါတယ်”

ကြိုးကြာကန်ရွာက နေအိမ် ၁၃ လုံးကို စစ်ကောင်စီမီးရှို့

“ရွာထဲမှာ ရွာသားတွေရဲ့ပစ္စည်းတွေကို ဝင်မွှေပြီးမှ မီးရှို့သွားတာ။ အိမ်တွေရော၊ တဲတွေရော ရှို့သွားတယ်။ ရွာသားတွေ ဖမ်းဆီးခံရတာမျိုးတော့ မရှိဘူး။ ဝက် ၁ ကောင်နဲ့ သိုး ၅ ကောင်ကတော့ သေသွားတယ်”

အုန်းတောရွာကို စစ်တပ်က မီးထပ်ရှို့

“စစ်**တွေ ရွာထဲမှာအထိုင်ချထားတာ ၃ လနီးပါးလောက်ရှိပြီ။ ညဘက်တွေဆိုလည်း သေနတ်တွေ ပစ်ဖောက်တာမျိုးတွေ ရှိတယ်။ သူတို့မထင်ရင် မထင်သလို နေအိမ်တွေကို မီးရှို့နေတာ”

နဂါးတွင်းရွာက နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ အမျိုးသမီး ၁ ဦးကို မီးရှို့သတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားသလို ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီး ၁ ဦး ကိုလည်း မီးရှို့သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နဂါးတွင်းရွာက နေအိမ် ၁၀၀ ကျော်ကို စစ်တပ်ကမီးရှို့ဖျက်ဆီး၊ အမျိုးသမီး ၁ ဦးကို မီးရှို့သတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားသလို ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီး ၁ ဦး ကိုလည်း မီးရှို့သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆားလင်းကြီးက စစ်တပ်အထိုင် ရဲစခန်း၊ ထွေအုပ်နဲ့ ဆေးရုံတို့ တိုက်ခိုက်ခံရ

“ထွေအုပ်ရုံးနဲ့ ဆေးရုံမှာ အထိုင်ချထားတာတော့ ၁ နှစ်ကျော်ပြီ။ သူတို့ကို ကျနော်တို့ ၄၅ မိနစ်ကြာတဲ့အထိ လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်။ ကျနော်တို့ ကြားတာတော့ သူတို့တွေ နေတဲ့အဆောင်တွေထဲကို လက်နက်ကြီးတွေ ကျတယ်လို့ကြားတယ်။ သူတို့ဘက်ကလည်း ကျနော်တို့ကို စက်လက်နက်တွေနဲ့ ပြန်ပစ်တာမျိုးတွေရှိတယ်”

အရာတော်ဆိုင်းဘုတ်အထိ သွားရောက်ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ် (photo news)

Danger Force LPDF ပူးပေါင်းအဖွဲ့ဟာ အရာတော်မြို့အထွက်၊ သနပ်ခါးမြို့တော်၊ အရာတော်ဆိုင်းဘုတ် နဲ့ မုံရွာ-အရာတော် လမ်းမပေါ်မှာ စစ်ကောင်စီအာဏာသိမ်းမှု(၃)နှစ်ပြည့် “အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ” အစရှိတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဆောနဲ့ ပခုက္ကူမြို့က ပြည်သူတွေကလည်း အသံတိတ်သပိတ်မှာပါဝင်

မကွေးတိုင်း၊ ဆောမြို့နယ်နဲ့ ပခုက္ကူမြို့နယ်က ပြည်သူတွေကလည်း ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မနက်ကစပြီး အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အသံတိတ်သပိတ်မှာ ပါဝင်နေကြတာဖြစ်ပြီး ဆောမြို့နယ်မှာတော့ ဒေသခံတွေဟာ အလုပ်ကိစ္စနဲ့ မြို့ပေါ်ကိုလာတဲ့အခါမှာ ဆိုင်ကယ်တွေကို ကာကွယ်ရေးဂိတ်တွေမှာသာ ချန်ထားခဲ့ပြီး မြို့ထဲကို ခြေလျင်သာ လာကြတယ်လို့ သိရပါတယ်

တော်လှန်ရေးနဲ့ဆက်နွယ်သူတွေကို ဖမ်းခိုင်းတဲ့ ပျူစောထီးဆိုသူ အသတ်ခံရ

“မြို့မှာရှိနေတဲ့ PDF တွေရဲ့ မိသားစုတွေကို ဖမ်းတယ်။ မဆိုင်တဲ့သူတွေကိုလည်း ရိုက်တယ်။ ကျနော်တို့ မိသားစုဝင်တချို့ဆို စစ်ကြောရေးမှာ သူနှိပ်စက်တယ်။ မြို့နေလူငယ်တွေကိုလည်း မဆီမဆိုင် ခေါ်ခေါ်ရိုက်တယ်။ အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ ပြဿာနာလိုက်ရှာတယ်။ လက်နက်ကိုင်ပြီး ပတ်သောင်းကျန်းနေတာ”

ထန်းပင်လှရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့ပြန်

“သူတို့က တိုက်ပွဲမရှိဘဲ ဒီအတိုင်းရွာထဲကိုဝင်လာပြီး မီးရှို့တာပါ။ ရွာသားတွေ ဖမ်းဆီးခံရတာမျိုးလည်း မရှိပါဘူး။”

ဆိပ်ဖြူဘာမထီတပ်စခန်း မီးရှို့ခံရပြီး ရဲဘော် ၂ ဦးကိုလည်း စစ်တပ်က မီးရှို့သတ်သွား

“ကျနော်တို့ လက်လုပ်ပစ္စတို ၁ လက်တော့ ပါသွားတယ်။ ဆိုင်ကယ် ၂ စီး၊ မိုင်းခဲယမ်း အကုန်မီးထဲပါသွားတယ်။ ရဲဘော်ကလည်း ထင်းခွေသွားရင်း မိတာပါ။ စခန်းရောက်မှ ပစ်သတ်ပြီး မီးရှို့ခဲ့တာ”

မြောက်ခင်ရန်းရွာကနေ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ စစ်ရှောင် ၃ ဦးကျည်ထိ

“တိုက်ပွဲဖြစ်တာမျိုး မရှိပါဘူး။ ဒီအတိုင်း လက်နက်ကြီးနဲ့ကို ပစ်တာပါ။ ထိခိုက်သူ ၃ ဦးနဲ့ နာမည်ကိုတော့ လုံခြုံရေးအရပြောပြလို့မရပါဘူး”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10