Nan Khan

စစ်ဆင်ရေးမအောင်မြင်လို့ ပြန်ဆုတ်ခွာချိန် စစ်အုပ်စုဘက်ကပြန်ပစ်လို့ PDF တဦးဒဏ်ရာရ

“မိုင်းသုံးလုံးထောင်ခဲ့တယ်။ ဒါပေမဲ့မအောင်မြင်ခဲ့ဘူး။ မအောင်မြင်တာက မကွဲတာမဟုတ်ဘူး ကွဲတယ်။ ဒါပေမဲ့ထိရောက်မှုမရှိလိုက်ဘူး။ ကားကျော်သွားမှပေါက်ကွဲတော့ စကစတွေကကျနော်တို့ဘက်ကိုလှည့်ပြီး သေနတ်တွေနဲ့ပစ်တယ်။ ကျနော်တို့ဘက်ကရဲဘော်တဦးထိခိုက်သွားတယ်။ ဖောက်ခွဲမှုမအောင်မြင်ခဲ့တော့ စကစဘက်က ထိခိုက်ပျက်ဆီးကျရှုံးမှုမရှိလိုက်ဘူး”

ကော့ကရိတ်မှာတိုက်ပွဲဖြစ်လို့ ရွာချင်းဆက်တံတားတစင်းပျက်ဆီးခဲ့

“တိုက်ပွဲက ကော့နွဲဘက်နဲ့တတန်ကူး နေရာတော်တော်များများဖြစ်တယ်။ ညကလည်း တညလုံးနီးပါး လက်နက်ကြီးတွေပစ်နေတယ်။ ဒီမနက်တော့ တစ်ချက်စ နှစ်ချက်စ အလုံးကြီးသံတော့ကြားနေရတယ်။ မြို့ထဲနေရာတချို့နဲ့ မြို့အဝင်ဂိတ်တွေတော့စစ်သားတွေရှိတယ်။ အခြေနေကတော့ ဘာဆက်ဖြစ်မယ်မှန်းတော့အတိအကျမသိသေးဘူး”

ဒုစစ်ခေါင်းဆောင်စိုးဝင်း ဝမ်ပေါင်ကိုရောက်နေတယ်သတင်းထွက်လို့ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ NRG တားမြစ်ထား

“စိုးဝင်းကမြစ်ကြီးနားကနေ လာတယ်ပြောတယ်။ ဒီကိုဘာကြောင့်လာလဲဆိုတာတော့မသိဘူး။ အရင်ကတခါမှမလာဖူးဘူး။ အခုမှလာတာ။ မနေ့ညနေကတည်းက နမခ မှာရောက်နေတာ။ ဒီမနက်ကားဘယ်နှစ်စီးလဲဆိုတာတော့ အတိအကျမသိရဘူး။ ဘာလို့လည်းဆိုတော့ မနက်ဝေလီဝေလင်း လမ်းတလျှောက်ကားတန်းရှည်ကြီး မီးရောင်တန်းကြီးမြင်ရပေမဲ့ အမှောင်မပြယ်သေးတော့ မသိနိုင်ဘူး”

ညောင်ငုတ်တို တိုက်ပွဲမှာ လေယာဥ်ပစ်ကူခဲ့လို့ PDF တပ်စိတ်မှူးတဦးကျဆုံး

ပစ်ခတ်မှုတွေ ဖြစ်နေချိန် ၈နာရီလောက်မှာ စစ်ကောင်စီတပ်က Mi35 စစ်ရဟတ်ယာဉ် တစီးနဲ့ ပစ်ကူပေးခဲ့လို့ စစ်ကိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၂)တပ်ခွဲ(၁)ကအသက် ၃၀ကျော်တပ်စိပ်မှူး ဗိုလ်ကသာရဲ့ ဦးခေါင်ကျည်ထိပြီး သေဆုံးသွားတယ်လို့ဆိုပါတယ်။

တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ထောက်ရှာပင်ရွာမှ နေအိမ် ၂၀ ကိုမီးရှို့ခဲ့

“အဲစစ်ကြောင်းက မြိုင်ကိုထိုးစစ်စင်နေတဲ့စစ်ကြောင်းပါ။ ပခုက္ကူတပ်ထဲကဖြစ်ဖို့များတယ်။ သေချာတော့မသိဘူး။ အခုစစ်ကြောင်းကနှစ်ကြောင်း တကြောင်းကမြိုင်ဘက်ကိုသွားတယ်။ နောက်တကြောင်းက ပေါက် မီးရှို့ခံရတဲ့ရွာအနီးမှာ ပျုရွာရှိတယ်၊ ပျူတွေနဲ့ ပေါင်းထောက်ရှာပင်ရွာကိုမီးရှို့တာ။ ရွာသားတွေလည်း အကုန်ရှောင်နေရတယ်”

မုံရွာက ပျူစောထီးကျေးရွာ လက်နက်ကြီးနဲ့တိုက်ခိုက်ခံရ

FRF – CHU မုံရွာခရိုင်တပ်ရင်း ၈၊ ၉၊ ၁၀ တပ်ဖွဲ့ဝင်တွေဟာ မဟာမိတ်တွေနဲ့ပူးပေါင်းပြီး မနေ့ကည ည ၉ နာရီ မိနစ် ၂၀ ခန့်မှာ သူတို့ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ ၇၀ မမ (Howitzer)နဲ့ အချက် ၃၀ ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ပြည်မြို့က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ပုဒ်မ ၆ ခုနဲ့ ထောင်ဒဏ်၁၉ နှစ်ချခံရ

“ရေကြည်အိုင်စစ်ကြောရေးမှာ စုတ်ပြတ်သတ်နေအောင်ရိုက်တာ လူရုပ်တောင်မပေါ်ဘူး။ဖမ်းဆီးခံရတဲ့ ၆လလုံး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးပါဘူး။ စာတောင်ပေးလို့မရဘူးအခုလိုအမိန့်ချခံရတာတော့ခံပြင်းတာပေါ့။ မတရားအမိန့်တွေ သူတို့ချချင်သလိုချနေတာ မတရားမှန်းသိပေမဲ့လည်း အခုချိန်တော့ ကိုယ့်လူနေကောင်းကျန်းမာဖို့ဘဲအရေးကြီးတယ်ကိုယ့်ထက်တောင်ပေးဆပ်ထားရသူတွေတပုံကြီးရှိသေးတာပဲ ”

စစ်ဘေးရှောင်ကလေးများ ပညာရေးရှေ့ဆက်ရန် ကျောင်းအသုံးဆောင်ပစ္စည်းများ လိုအပ်နေ

“ကလေးတွေကစာအုပ်တအုပ်ကို လူသုံးယောက်ကြည့်ရတယ်။ အဲဒါတောင်မလောက်ဘူးမိုးကာတဲလေးတွေနဲ့စာသင်ရတယ် မိုးမလုံလေမလုံ နေပူတဲ့အခါလည်းအရမ်းပူလွန်းတယ်။ ဘယ်လိုမှမခံနိုင်ဘူး မိုးရွာတော့မိုးတွေယိုတယ် နေစရာနေရာတောင်မရှိဘူး ဒါပေမဲ့ကျွန်မတို့တွေရအောင်သင်တယ် ကျွန်မတို့တွေလစာမရဘူး ကျွန်မတို့ရည်ရွယ်ချက် တိုင်းရင်းသားစစ်ရှောင်ကလေးတွေကို လည်းသူများတွေနည်းတူပညာသင်စေချင်တယ် ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10