MLAT

ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် မွေးနေ့အခမ်းအနားပြုလုပ် (ရုပ်/သံ)

ဩဂုတ် ၁၅ ရက်မှာ ကျရောက်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၅ နှစ်မြောက် မွေးနေ့အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ အမှတ် ၈၁၅ အနောက်မြောက်စစ်ဒေသတနေရာမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း PLA က သတင်းထုတ်ပြန်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် မွေးနေ့အခမ်းအနားပြုလုပ် (Photo News)

ဩဂုတ် ၁၅ ရက်မှာ ကျရောက်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၅ နှစ်မြောက် မွေးနေ့အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ အမှတ် ၈၁၅ အနောက်မြောက်စစ်ဒေသတနေရာမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း PLA က သတင်းထုတ်ပြန်ပါတယ်။

တန်ပြန်အာဏာသိမ်းတယ်လို့ သတင်းထွက်ပေါ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးအပါ ၃ ဦးကို ဗိုလ်ချုပ်ကြီးအဆင့်တိုးမြှင့်ပေး

စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ စစ်ကောင်စီအကြံပေး ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ကို ဗိုလ်ချုပ်ကြီး အဆင့်တိုးမြှင့်ပေးလိုက်တယ်လို့ စစ်တပ်သတင်းထုတ်ပြန်ရေးတယ်လီဂရမ် News Of Myanmar က ဒီကနေ့ ဩဂုတ်လ ၁၆ ရက်မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

အမြင့်လမ်းမှာ လက်နက်ကြီးထိမှန်သေဆုံးသူ ၁၃ ဦးဟာ PDF တပ်ဖွဲ့ဝင်တွေဆိုတဲ့ သတင်းအမှား (Fact Check)

ဩဂုတ် ၁၃ ရက် မနက် ၁၀ နာရီဝန်းကျင်က မုံရွာမြို့၊ မအူစစ်ဆေးရေးဂိတ်ကနေ စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အဲ့ဒီနေရာနဲ့ ၃ မိုင်ဝန်းကျင်ဝေးတဲ့ ထနောင်းတောတောင်ရွာ ဈေးတန်းအလယ်ကိုကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတွေသေဆုံးခဲ့တဲ့အပေါ်မှာ ဒေသခံတွေမဟုတ်ဘဲ PDF ကျေးရွာမှ PDF တွေသေဆုံးတာသာ ဖြစ်တယ်ဆိုတဲ့ သတင်းမှား ပျံ့နှံ့ခဲ့ပါတယ်။

“ကြွက်သားအားနည်းခြင်းအတွက် သခွါးပင်” (Podcast)

ကြွက်သားအားနည်းတဲ့အခါ သခွါးစေ့ကို ဘယ်လိုအသုံးပြုကုသမလဲ။ သခွါးသီးဟာ အစာခြေလမ်းကြောင်းကို ဘယ်လို အထောက်အကူပြုပါသလဲ။ ဆီးလမ်းကြောင်းရောဂါတွေအတွက် သခွါးပင်ကို ဘယ်လိုအသုံးပြုရမလဲ။ သခွါးပင်မှာရော ဘေးထွက်ဆိုးကျိုးတွေရှိပါသလား စတာတွေကို နားဆင်ရမှာပါ။

မြင်းခြံမှာ ဌာနဆိုင်ရာရုံးတချို့ပိတ်ပြီး ဝန်ထမ်းနဲ့ဒေသခံတွေ မြို့ပေါ်ကတိမ်းရှောင်နေ

"မြို့ပေါ်မှာ လူနည်းနည်းပဲကျန်တော့တယ်။ ညနေရောက်ပြီဆိုတာနဲ့ လူသံတွေကိုတိတ်ဆိတ်နေတာပဲ။”

အာဏာပြန်သိမ်းခံရကြောင်းသတင်းမှာ ကောလာဟလများသာဖြစ်ပြီး စစ်ခေါင်းဆောင်များ တက်ညီလက်ညီတာဝန်ထမ်းဆောင်လျက်ရှိတယ်လို့ စစ်ကောင်စီဖြေရှင်း

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လက်အောက်စစ်ဗိုလ်ချုပ်များမှ ဖမ်းဆီးကာ အာဏာပြန်သိမ်းခံရကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တဲ့အပေါ် ကောလာဟလတွေသာဖြစ်တယ်လို့ စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြန်လည်ပြောဆိုလိုက်ပါတယ်။

မြေလတ်ပေးစာ (Podcast)

-မိုးညို၊ ရေကင်းရဲစခန်း၊ စခန်းမှူးဟာ လာဘ်စားတာအနိုင်ကျင့်တာတွေလုပ်ဆောင်နေ။ -ရန်ကုန်မှာ လူငယ်တွေကိုစစ်မှုထမ်းဖို့ပြောပြီး မိဘတွေကိုပါ ဓာတ်ပုံရိုက်ယူတာတွေရှိနေ။ -သဲကုန်းမြို့နယ်၊ ဝက်ပုတ်၊ ကြို့ပင်သာမှာ စစ်မှုထမ်းတဲ့သူတွေ ဆုငွေပေးဖို့အကြောင်းပြချက်နဲ့ ပိုက်ဆံကောက်ခိုင်း။

မစ်ဒယ်ဝိတ်ချန်ပီယံလုပွဲဆီသို့ အောင်လအန်ဆန်းရဲ့ တကျော့ပြန်ခရီး (အားကစားဆောင်းပါး)

အာဒိုဂန်ကို ၃ ချီမှာ ပွဲသိမ်းမယ်လို့ ကြုံးဝါးထားတဲ့ အောင်လအန်ဆန်းက “ဒီပွဲမှာ နပန်းပိုင်းကော ထိုးလုံး သတ်ကွက်ပါ ကျနော့်ဘက်က အကြမ်းစားဖြစ်နေဖို့ လိုတယ်”လို့ ပြောထားပါတယ်။

တောင်သာ တရုတ်ဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီ အမှတ် ၁၀ အထည်ချုပ်စက်ရုံလည်း မီးလောင်နေ

"အခုက မိုးလည်းရွာနေတော့ အသံတော့သိပ်မကြားတော့ဘူး။ မနက်အစောကတော့ တအုံးအုံးပဲ ဆူညံနေတယ်"

နွားထိုးကြီးမြို့ကိုတိုက်ခိုက်မှု အောင်မြင်ခဲ့ပြီး စစ်ကူလမ်းကြောင်းတွေ ဖြတ်တောက်ကာ မြို့ကိုပြင်ပမှ ထိန်းချုပ်ထား

" မြို့ကို စီးနင်းတပ်စွဲထားတာမျိုးတော့ မဟုတ်ဘူး။ မြို့ကိုအထိုင်ချလိုက်ရင် လေကြောင်းလာပြီး ပြည်သူတွေကိုထိခိုက်မှာစိုးတဲ့အတွက် ကျွန်တော်တို့က ဖြတ်တောက်ရေးတွေလုပ်ပြီးပဲ ထိန်းထားတယ် "

Community Shield မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ မန်ချက်စတာစီးတီး အနိုင်ရ (အားကစားသတင်း)

ယနေ့ည ယှဉ်ပြိုင်ခဲ့ကြတဲ့ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ Community Shield ပွဲစဉ်မှာ မိနစ် ၉၀ အတွင်း တဖက် ၁ ဂိုးစီနဲ့ သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ၇ - ၆ ရလဒ်နဲ့ မန်ချက်စတာစီးတီးအသင်း အနိုင်ရရှိခဲ့ပါတယ်။

ပြင်ဦးလွင်က ကားတန်းရှည်ကြီး စက်သုံးဆီတန်းစီနေတယ်ဆိုတဲ့ သတင်းအမှား (Fact Check)

ဩဂုတ်လ ၈ ရက်နေ့မနက်ပိုင်းက လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ ကားနဲ့ဆိုင်ကယ် ယာဉ်တန်းရှည်ကြီးဟာ ပြင်ဦးလွင်ကနေ စစ်ရှောင်ဖို့ မန္တလေးဘက်ကိုဆင်းလာတဲ့ ယာဉ်တန်းမဟုတ်ဘဲ စက်သုံးဆီအတွက် တန်းစီနေတဲ့ ယာဉ်တန်းဖြစ်ကြောင်း သတင်းမှားပျံ့နှံ့ခဲ့ပါတယ်။

သပိတ်ကျင်းနယ်က တပ်စခန်း ၅ ခုကို MDYPDF က သိမ်းထားနိုင်ပြီး ဆက်လက်ထိုးစစ်ဆင်နေ

သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ကွင်းသုံးဆယ်ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာတပ်စခန်း၊ ဖိုကုန်းတပ်စခန်း၊ ဝက်သေရွာတပ်စခန်းနဲ့ ဖက်ရှည်ရွာတပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

မန်ချက်စတာနှစ်သင်း အားပြိုင်မယ့် Community Shield (အားကစားသတင်း)

ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ အက်ဖ်အေဖလား ဗိုလ်စွဲခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ Community Shield ပြိုင်ပွဲကို ယနေ့ ဩဂုတ် ၁၀ ရက် မြန်မာစံတော်ချိန် ည ၈ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်သွားကြမှာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10