PDF တပ်ခွဲမှူးဖြစ်လာသူ စိတ်ကျန်းမာရေးဆိုင်ရာဒေါက်တာ ဆရာတမာ
အာဏာသိမ်းမှုအပြီး ဆန္ဒပြသူတွေကို စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းဖမ်းဆီးမှုတွေ နေ့စဉ်ပြုလုပ်လာပြီး CDM ဆရာဝန်တွေ ကို လိုက်လံဖမ်းဆီးတာ၊ အမှုဖွင့်ထောင်ချတာ၊ ဆ/မ လက်မှတ်တွေရုတ်သိမ်းတာတွေ နိုင်ထက်စီးနင်းဆိုသလို ဆက်တိုက်ပြုလုပ်လာတဲ့ ၂၀၂၁ ခုနှစ် ဧပြီလထဲမှာပဲ ဆရာတမာဟာ တောခိုဖို့ဆုံးဖြတ်ပြီး အဆက်အသွယ်ရရှိဖို့ တလလုံးစောင့်ဆိုင်းနေခဲ့ရတဲ့နောက် မေလလယ်ရောက်မှပဲ တောတွင်းတနေရာက PDF စခန်းငယ်လေးဆီ ကိုရောက်ရှိခဲ့ပါတယ်။