စစ်ကောင်စီက စစ်သင်တန်းပေးရန် မဲနှိုက်လူစုမှုဆက်တိုက်ပြုလုပ် လူငယ်များရှောင်တိမ်းနေရ
"လောလောဆယ်တော့ နှစ်ရွာကို မဲတွေခွဲတာပေါ့။ စစ်သားတွေလာတာတော့ မဟုတ်ဘူး သူတို့ခန့်ထားတဲ့ ရွာလူကြီးကခွဲတာ။ တချို့ရွာလူကြီးတွေကတော့ သူတို့ခွဲမပေးနိုင်ဘူး ကိုယ်ဘာသာလာခွဲချင်ခွဲလို့ ပြောထားကြတယ်။ မင်းလှနယ်မှာလည်း ရွာအများစုမှာခွဲနေပြီ။" ဟု ဒေသခံတဦး ကပြောသည်။